ခန္ဓာကိုယ်အတွက် Amino acids ၏ အရေးပါမှု
ဒီနေ့မှာတော့ ဇီဝကဆေးဆိုင်ကနေ အားဆေးတွေမှာ ပါဝင်သည့် Amino acids
အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါသည်။
ခန္ဓာကိုယ်၏ ၇၅ ရာခိုင်နှုန်းခန့်ကို ပရိုတင်းဟုခေါ်သည့် အသားဓာတ်များဖြင့် တည်ဆောက်ထားပါသည်။ ထိုအသားဓာတ်များ ဖြစ်ပေါ်ဖို့အတွက်
Amino acids များက အခြေခံအုတ်မြစ်များအဖြစ် လိုအပ်ပါသည်။
Amino acids များတွင် ခန္ဓာကိုယ်က အလိုအလျောက်ထုတ်နိုင်သည့် Amino acids များရှိသလို မထုတ်နိုင်သည့် Amino acids များလည်း ရှိပါသည်။ ခန္ဓာကိုယ်၏ ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ဖို့အတွက် ခန္ဓာကိုယ်က မထုတ်နိုင်သည့် Amino acids များကို အစားအစာများမှသော်လည်းကောင်း၊ ဖြည့်စွက်စာများမှသော်လည်းကောင်း ပြင်ပကနေ ရရှိဖို့အတွက် လိုအပ်ပါသည်။
Amino acids ကြွယ်ဝသည့် အစားအစာများကတော့ နို့ထွက်ပစ္စည်းများ၊ အမဲသား၊ ဝက်သား၊ ကြက်သား၊ ဆော်လမွန်ငါး၊ တူနာငါး၊ ကြက်ဥ၊ တို့ဖူး၊ ပဲနို့၊ ဟင်းနုနွယ်၊ ကိုက်လန်၊ ပန်းပွင့်စိမ်း၊ ပဲအမျိုးမျိုးနှင့် အာလူးတို့ ဖြစ်ပါသည်။
Amino acids တွေ၏ အကျိုးအာနိသင်များကတော့
ကြွက်သားများကို ကြီးထွားသန်မာစေပြီး အားရှိစေပါသည်။
အနာကျက်မြန်စေပြီး ခန္ဓာကိုယ်၏ ပျက်စီးမှုများကို ပြန်လည် ပြုပြင်ပေးပါသည်။
အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။
စွမ်းအင်ထုတ်ပေးပါသည်။
ဟော်မုန်းထုတ်လုပ်မှုကို ကူညီပေးခြင်းဖြင့် စိတ်အခြေအနေကို ကောင်းမွန်အောင် ထိန်းညှိပေးပါသည်။
အရေပြား၊ ဆံပင်နှင့် ခြေသည်းလက်သည်းများကို ကျန်းမာစေပါသည်။
အလွယ်တကူ မဖျားအောင်၊ ရောဂါပိုးမကူးစက်အောင် ကိုယ်ခံအားကို ကောင်းစေပါသည်။
အသက်ကြီးသူများတွင် ကြွက်သားဆုံးရှုံးမှု နည်းစေပြီး ပြန်လည် သန်မာလာစေပါသည်။
အားကစားသမားများတွင်လည်း စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ သက်လုံကောင်းခြင်း၊ နာကျင်မှုများကို ခံနိုင်ရည်ရှိစေခြင်း၊ ရောင်ရမ်းမှုများကို သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိပါသည်။
Amino acids ချို့တဲ့ပါက ကြွက်သားများ ဆုံးရှုံးခြင်း၊ ဖောရောင်ခြင်း၊ ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အရေပြားတွင် အနာဖြစ်ခြင်း စသည့် လက္ခဏာများကို တွေ့ရပါသည်။
Amino acids ပါဝင်သော ဆေးများကို သောက်သုံးလိုပါက
ဇီဝကဆေးဆိုင်ရှိ ဆေးဝါးပညာရှင်များနှင့် တိုင်ပင်ပြီး ဝယ်ယူနိုင်ပါသည်။
လိုအပ်သည့် ဆေးများရှိပါက ကိုယ်တိုင်ရွေးချယ်ဝယ်ယူနိုင်ဖို့ www.jivakapharmacy.com မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အိမ်အရောက် ဆေးဝါးများ မှာယူလိုပါက Messenger သို့မဟုတ် ၀၉၉၇၇၄၉၈၁၅၇ မှတစ်ဆင့် မှာယူနိုင်သလိုနီးစပ်ရာ Jivaka Pharmacy များမှာလည်း လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။
ဆိုင်လိပ်စာများကတော့
ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့်(၇၇)လမ်းကြား၊မန္တလေးမြို့။
ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။
ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့်(၆၄)လမ်းကြား၊မန္တလေးမြို့။
ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့်(၈၂)လမ်းကြား၊မန္တလေးမြို့တို့ဖြစ်ပါသည်။