အသည်းကောင်းမှ ပွဲတောင်းလို့ ရမယ်နော်…

ဒီနေ့မှာတော့ ဇီဝကဆေးဆိုင်ကနေ အသည်းအားဆေး အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါသည်။

အသည်းသည် လူ့ခန္ဓာကိုယ်မှာ အရေပြားပြီးလျှင် အကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး ခန္ဓာကိုယ်အတွက် အရေးကြီးသော လုပ်ငန်းစဉ်များကို ထမ်းဆောင်ပေးပါသည်။
အဓိကလုပ်ဆောင်ချက်အနေဖြင့် အသည်းသည် ခန္ဓာကိုယ်တစ်ခုလုံးမှာရှိသည့် အဆိပ်အတောက်များကို သန့်စင်ပေးပြီး အစာခြေစနစ်ကို အထောက်အပံ့ပေးသည့် အင်္ဂါဖြစ်ပါသည်။

အသည်းကို ထိခိုက်ပျက်စီးစေသည့် အကြောင်းအရာများကတော့ အရက်အလွန်အကျွံ သောက်သုံးခြင်း၊ အဝလွန်ခြင်း၊ သကြားဓာတ် ပါဝင်မှုများသော၊ ဆိုးဆေးများပါသော ဖျော်ရည်များ အသောက်များခြင်း၊ ပါရာစီတမော အလွန်အကျွံ သောက်သုံးမိခြင်း၊ အသည်းရောင် အသားဝါ ဘီပိုး စီပိုးရှိခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့ ဖြစ်ပါသည်။

လူတစ်ယောက်သည် အသည်းကျန်းမာနေလေလေ၊ နေလို့ကောင်းလေလေ ဖြစ်ပါသည်။
အသည်းကျန်းမာနေစေမည့် နည်းလမ်းများကတော့ အရက်ကို အလွန်အကျွံ မသောက်သုံးရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော၊ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို စားရန်၊ အဝမလွန်အောင် လေ့ကျင့်ခန်း ပုံမှန်လုပ်ရန်၊ ရေများများ သောက်ပေးရန်တို့ ဖြစ်ပါသည်။

အသည်းသည် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်းမှာ glutathione ဒြပ်ကြောင့် ဖြစ်ပါသည်။ Glutathione ဒြပ်ကို အသည်းမှ သဘာဝအတိုင်း ထုတ်လုပ်ပေးပါသည်။

အရက်သောက်ခြင်းသည် ရေဓာတ်ကို ခမ်းခြောက်စေပြီး glutathione ဖြစ်ပေါ်ခြင်းကို တားဆီးပါသည်။ ထို့ကြောင့် အရက်အလွန်အကျွံသောက်သုံးပါက အသည်းထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ အရက်ကြောင့် glutathione မထွက်ခြင်း၊ အထွက်နည်းလာရခြင်းများ မဖြစ်ရလေအောင် အသည်းမှ glutathione ထုတ်လုပ်ခြင်းကို ကူညီပေးသည့် ဆူးပန်းလုံးပင်က ရသော Milk thistle ( Silymarin ) အား အသည်းကို အားဖြည့်ပေးရန်အတွက် သောက်သုံးပေးသင့်ပါသည်။

Milk thistle ( Silymarin ) တွင် အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း၊ အသည်းဆဲလ်များ အသစ်ပြန်ဖြစ်ခြင်းကို ကူညီအားပေးခြင်း၊ အသည်းဆဲလ်များ ရောင်ရမ်းမှုများ လျော့ကျစေခြင်း၊ သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးခြင်း၊ အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းရောင်ခြင်း စသည့် အသည်းရောဂါများ ကုသရာတွင် ကူညီပေးခြင်း စသည့် အကျိုးအာနိသင်များ ရှိပါသည်။

ထို့ကြောင့် အရက်သောက်သူများနှင့် အသည်းရောဂါရှိသူများက ဆူးပန်းလုံးပင်မှ ရသော Milk thistle ( Silymarin ) ကို ဖြည့်စွက်စာအဖြစ် သောက်သုံးပေးခြင်းဖြင့် အသည်း၏ လုပ်ဆောင်ချက်များကို ကောင်းမွန်စေပါသည်။ Milk thistle ( Silymarin ) သည်
သဘာဝက ရရှိသော ဆေးဖက်ဝင် ပစ္စည်းဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုး အလွန်နည်းပါးပါသည်။ Milk thistle ( Silymarin ) သည် သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေသည့်အတွက် ဆီးချိုကျဆေးသောက်နေသူများကတော့ သတိထား သောက်သုံးဖို့
လိုအပ်ပါသည်။

Milk thistle ( Silymarin ) ဒြပ်ပေါင်းပါဝင်သော ဆေးများကို သောက်သုံးလိုပါက ဇီဝကဆေးဆိုင်ရှိ ဆေးဝါးပညာရှင်များနှင့် တိုင်ပင်ပြီး www.jivakapharmacy.com တွင် ဝယ်ယူနိုင်ပါသည်။

လိုအပ်သည့် ဆေးများရှိပါက ကိုယ်တိုင်ရွေးချယ်ဝယ်ယူနိုင်ဖို့ www.jivakapharmacy.com မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အိမ်အရောက် ဆေးဝါးများ မှာယူလိုပါက Messenger သို့မဟုတ် ၀၉၉၇၇၄၉၈၁၅၇ မှတစ်ဆင့် မှာယူနိုင်သလိုနီးစပ်ရာ Jivaka Pharmacy များမှာလည်း လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။
ဆိုင်လိပ်စာများကတော့
ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့်(၇၇)လမ်းကြား၊မန္တလေးမြို့။
ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။
ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့်(၆၄)လမ်းကြား၊မန္တလေးမြို့။
ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့်(၈၂)လမ်းကြား၊မန္တလေးမြို့တို့ဖြစ်ပါသည်။

Leave a Comment