အရိုးနုများ ပျက်စီးခြင်းနှင့် အရိုးအဆစ် နာကျင်ခြင်းများ သက်သာစေဖို့ Glucosamine သောက်ကြစို့

Glucosamine

အရိုးအဆစ် နာကျင်ခြင်းများကို ဖြစ်စေသည့် အဓိက အကြောင်းအရင်းများကတော့ အသက်အရွယ်ရလာခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းနှင့် အဝလွန်ခြင်းတို့ ဖြစ်ပါသည်။

လူ့ခန္ဓာကိုယ်က လှုပ်ရှားမှု ပြုလုပ်သည့်အခါ အရိုးတစ်ခုနှင့် တစ်ခု ပွတ်တိုက်မိပြီး ပျက်စီးမှုများ မဖြစ်အောင် အရိုးတိုင်း၏ အစွန်းများတွင် ကြားခံ ကာကွယ်ပေးထားသည့် အရိုးနုများ ရှိပါသည်။ အရိုးနုများ ရှိနေခြင်းကြောင့်သာ လှုပ်ရှားသည့်အခါ နာကျင်မှုများကို မခံစားရခြင်း ဖြစ်ပါသည်။

ထိုအရိုးနုများ မပျက်စီးဖို့နှင့် အသစ်ပြန်လည် ဖြစ်ပေါ်ဖို့ ခန္ဓာကိုယ်က Glucosamine ကို သဘာဝအတိုင်း ထုတ်ပေးပါသည်။ သို့သော် ခန္ဓာကိုယ်၏ Glucosamine ထုတ်နိုင်စွမ်းက အသက်ကြီးလာတာနှင့်အမျှ တဖြည်းဖြည်း ကျဆင်းလာပါသည်။

အသက်၃၅နှစ်ကျော်လာတာနှင့် အရိုးနုများ စတင်ပျက်စီးလာသည့်အတွက် အရိုးအချင်းချင်း ပွတ်တိုက်မှုဖြစ်ပေါ်ပြီး အရိုးများ နည်းနည်းချင်း စတင်ပျက်စီးလာပါသည်။ ဒါ့ကြောင့် Glucosamine ကို ဖြည့်စွက်စာအနေဖြင့် ပြင်ပကနေ သောက်သုံးပေးဖို့ လိုအပ်လာပါသည်။

Glucosamine ကို တစ်နေ့လျှင် 750 mg မှ 1500 mg ထိ သောက်သုံးနိုင်ပါသည်။ Glucosamine ကို Chondroitin နှင့် တွဲဖက်သောက်သုံးပါက အရိုးနုများ မပျက်စီးအောင်နှင့် အသစ်ပြန်လည်ဖြစ်စေသည့် အကျိုးအာနိသင်ကို ပိုမိုကောင်းမွန်စေပါသည်။

Chondroitin သည် အရိုးနုလေးများကို ရေဓာတ်ဖြည့်ပေးပြီး အရိုးနုများ ကြွပ်ဆတ်ကြမ်းတမ်းမှု မဖြစ်အောင် ကာကွယ်ပေးပါသည်။

ပန်းနာရင်ကြပ် ရောဂါရှိသူများ၊ ဆီးချိုရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်သည်နှင့် နို့တိုက်မိခင်များကတော့ glucosamine ကို ဆရာဝန် ညွှန်ကြားချက်မပါဘဲ မသောက်သင့်ပါ။

အရိုး၊ အကြော၊ အဆစ်ဆိုင်ရာ ရောဂါများနှင့် ပက်သက်ပြီး ပြသလိုပါက ဇီဝကအထူးကုဆေးခန်းတွင် အကြောအဆစ် အထူးကု ဆရာဝန်ကြီးများနှင့်လည်း လာရောက်ပြသနိုင်ပါသည်။

အထူးကုဆေးခန်း၏ လိပ်စာကတော့ မနော်ဟရီလမ်း (၁၁၀လမ်း)၊ (၆၂)လမ်းနှင့်(၆၄)လမ်းကြား၊ မန္တလေးမြို့ ဖြစ်ပါသည်။

ကြိုတင်စာရင်းပေးသွင်းရန် ဖုန်း ၀၉၈၉၂၃၉၆၆၈၈၊ ၀၉၈၉၂၃၉၇၇၈၈ ကို ဆက်သွယ်နိုင်ပါသည်။

လိုအပ်သည့် ဆေးများရှိပါက ကိုယ်တိုင်ရွေးချယ်ဝယ်ယူနိုင်ဖို့ www.jivakapharmacy.com မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အိမ်အရောက် ဆေးဝါးများ မှာယူလိုပါက Messenger သို့မဟုတ် ၀၉၉၇၇၄၉၈၁၅၇ မှတစ်ဆင့် မှာယူနိုင်သလိုနီးစပ်ရာ Jivaka Pharmacy များမှာလည်း လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။

ဆိုင်လိပ်စာများကတော့
ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့်(၇၇)လမ်းကြား၊မန္တလေးမြို့။
ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။
ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့်(၆၄)လမ်းကြား၊မန္တလေးမြို့။
ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့်(၈၂)လမ်းကြား၊မန္တလေးမြို့တို့ဖြစ်ပါသည်။

Leave a Comment