ခြေလှမ်းတိုင်း တက်ကြွနေစေဖို့
ကျွန်ုပ်တို့၏ ခြေထောက်များသည် တစ်နေ့တာတွင် လုပ်ငန်းတာဝန်များစွာကို ထမ်းဆောင်နေသော ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်ပါသည်။ အချိန်ကြာမြင့်စွာ လမ်းလျှောက်ရခြင်း၊ မတ်တပ်ရပ်ရခြင်း စသည်တို့ကြောင့် ခြေထောက်နာကျင်ကိုက်ခဲခြင်းများ ဖြစ်တတ်ပါသည်။ အောက်ဖော်ပြပါ အချက်များသည် ခြေထောက်နာကျင်ခြင်းများကို သက်သာစေဖို့ရာ လုပ်ဆောင်နိုင်သည့် အချက်များ ဖြစ်ပါသည်။
-ရေနွေးနွေးထဲကို ဆားခါးအနည်းငယ်ထည့်ပြီး ခြေထောက်ကို မိနစ်၂၀ခန့် စိမ်ပေးခြင်း။
-ရောင်ရမ်းခြင်းကြောင့် ခြေထောက်နာကျင်နေသည့် နေရာများကို ၅မိနစ်မှ ၁၅မိနစ်ခန့် တစ်ရက်လေးကြိမ် ရေခဲဝတ်ကပ်ပေးခြင်း။
-ခြေသလုံးကြွက်သား နာကျင်ကိုက်ခဲခြင်းများ၊ အရိုးအဆစ် နာကျင်ကိုက်ခဲခြင်းများ သက်သာစေသည့် လိမ်းဆေးများကို တစ်ရက်လျှင် ၂ကြိမ်မှ ၃ကြိမ် အသားထဲစိမ့်ဝင်အောင် ဖြည်းဖြည်းချင်း ပွတ်လိမ်းပေးခြင်း။
-သက်တောင့်သက်သာရှိသော ထိုင်ခုံပေါ်တွင်ထိုင်ပြီး နာကျင်မှုများကို သက်သာစေရန်နှင့် သွေးလည်ပတ်မှုကောင်းစေရန် ခြေထောက်ကို နှိပ်နယ်ပေးခြင်း။
-မိမိခြေထောက်နှင့် သက်တောင့်သက်သာဖြစ်သော ဖိနပ်ဆိုဒ်ကို မှန်ကန်စွာ ရွေးချယ်စီးခြင်း။
-ပါရာစီတမောကဲ့သို့ အကိုက်အခဲပျောက်ဆေး၊ ibuprofen ကဲ့သို့ ရောင်ရမ်းနာကျင်မှုများကို သက်သာစေသည့်ဆေးများ သောက်ပေးခြင်း။
-ညအိပ်ခါနီးတွင် ခြေထောက်ကို နံရံမှီ၍ မြှောက်ထားခြင်း။
-ခြေထောက်အကြောလျှော့ပေးခြင်း တို့ဖြစ်ပါသည်။
လိုအပ်သည့် ဆေးများရှိပါက ကိုယ်တိုင်ရွေးချယ်ဝယ်ယူနိုင်ဖို့ www.jivakapharmacy.com မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အိမ်အရောက် ဆေးဝါးများ မှာယူလိုပါက Messenger သို့မဟုတ် ၀၉၉၇၇၄၉၈၁၅၇ မှတစ်ဆင့် မှာယူနိုင်သလိုနီးစပ်ရာ Jivaka Pharmacy များမှာလည်း လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။
ဆိုင်လိပ်စာများကတော့
ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့်(၇၇)လမ်းကြား၊မန္တလေးမြို့။
ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။
ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့်(၆၄)လမ်းကြား၊မန္တလေးမြို့။
ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့်(၈၂)လမ်းကြား၊မန္တလေးမြို့တို့ဖြစ်ပါသည်။










