Uncategorized
နွေပူပူမှာ သွေးတိုးတိုးနဲ့ မူးမလဲစေဖို့
🌞 သွေးတိုးရှိတဲ့ မိဘပြည်သူတို့အတွက် ဒီနှစ် နွေရာသီပူပူပြင်းပြင်းမှာ ကျန်းမာစွာ နေထိုင်နိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတွေကို ဒီနေ့တော့ ဝေမျှပေးချင်ပါတယ်။ 🔺 ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးပြီး အဝမလွန်အောင် ဂရုစိုက်ပါ။ ကိုယ်အလေးချိန် (၂) ပေါင်တိုးရင် သွေးပေါင်ချိန်ကိုလည်း 1 mmHg တက်စေပါတယ်။ 🔸· ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ပေးပါ။ ရေရှည် လေ့ကျင့်ခန်းလုပ်ခြင်းက သွေးပေါင်ချိန်ကို 5 to 8 mmHg လျှော့ချပေးနိုင်ပါတယ်။ နွေရာသီမှာတော့ လေ့ကျင့်ခန်းလုပ်တဲ့အခါ မနက်ခင်း (သို့) ညနေခင်းကို လုပ်ဆောင်သင့်ပါတယ်။ 🥤· ရေများများသောက်ပါ။ နွေရာသီမှာ သွေးတိုးစေတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုက ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်ပါတယ်။ ချွေးအရမ်းထွက်ပြီးနောက် ဆုံးရှုံးသွားတဲ့ ရေနဲ့ သတ္တုဓာတ်တွေကို ပြန်မဖြည့်ပေးဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာ…
Read More👵 ဘိုးဘိုးဘွားဘွားတို့ အစားအသောက် ပျက်နေပြီလား?
🙌 မိမိချစ်ခင်အလေးထားရတဲ့ ဖေဖေမေမေ၊ ဘိုးဘိုးဘွားဘွားတို့ သက်ရှည်ကျန်းမာဖို့က သားသမီးမြေးမြစ်တို့ရဲ့ ပဓာနကျတဲ့ ဆန္ဒတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလို ကျန်းမာဖို့ဆိုရင် ဘိုးဘိုးဘွားဘွားတို့ရဲ့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေ ပြည့်စုံမျှတစွာ ရရှိနေဖို့ လိုအပ်ပါတယ်။ ✅ အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များ နှေးလာခြင်း၊ လှုပ်ရှားမှု နည်းလာခြင်း၊ အနံ့ခံအာရုံနှင့် အရသာခံအာရုံများ ပြောင်းလဲလာခြင်း၊ သွားမကောင်းတော့ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာရှိခြင်း၊ ကိုယ်တိုင် အစားအစာများ ပြင်ဆင်နိုင်မှု မရှိတော့ခြင်းတို့ကြောင့် ဘိုးဘိုးဘွားဘွားတို့အနေနဲ့ အစာစားချင်စိတ်လျော့နည်းလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ဇီဝကမှ ဘိုးဘိုးဘွားဘွားတို့ ပုံမှန်အစာစားချင်စိတ် ဖြစ်ပေါ်စေဖို့အတွက် နည်းလမ်း (၇) သွယ်ကို မျှဝေလိုက်ပါတယ်။ ⭕️ အစာစားချိန်များကို ပုံမှန်သတ်မှတ်ထားပါ။ဗိုက်ဆာမှ စားတာထက် ပုံမှန်အစာစားချိန်များ သတ်မှတ်ထားကာ စနစ်တကျ…
Read More🩸 သွေးဆုံးကိုင် ဝေဒနာများကို သက်သာစေတဲ့ Oestrogel လိမ်းဆေးအကြောင်း
✅ ဒီနေ့မှာတော့ ဇီဝကဆေးဆိုင်ကနေ တခြားလိမ်းဆေးများနဲ့ မတူဘဲ အသုံးပြုပုံကွဲပြားပြီး လိမ်းပုံလိမ်းနည်း ဆန်းသစ်တဲ့ Oestrogel လိမ်းဆေးအကြောင်းကို ဗဟုသုတ ရရှိစေဖို့အတွက် မျှဝေပေးချင်ပါတယ်ရှင့်။ 💠 Oestrogel မှာဆိုရင် အမျိုးသမီးဟော်မုန်း တစ်မျိုးဖြစ်တဲ့ 17 beta estradiol ပါဝင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ အသုံးပြုရမယ့် POM ဆေး ဖြစ်ပါတယ်။ Oestrogel တစ်ဘူးမှာ ဆေးပမာဏ 80 g ပါဝင်ပြီး ဆေးချိန်တွယ်ဖို့ ပေတံလေး တစ်ချောင်း (Spatula) ပါဝင်ပါတယ်။ ပေတံလေးပေါ်မှာပါတဲ့ အစမှတ်ကနေ အဆုံးမှတ်ထိ ဆေးကို ညီညီညာညာလေး ညှစ်ထည့်လိုက်မယ်ဆိုရင် ဆေးပမာဏ 2.5 g ကိုပေးပါတယ်။ ဆေး 2.5 g ဆိုရင် estradiol ပမာဏ…
Read Moreကြွက်တက်ဖူးလား
💢 ခြေသလုံး ကြွက်တက်ခြင်းက လူအများစုမှာ ဖြစ်တတ်ပြီး အသက်အန္တရာယ် မရှိပါ။ တစ်ခါ ကြွက်တက်လျှင် စက္ကန့်အနည်းငယ်ကနေ (၁၀) မိနစ်ထိ ကြာနိုင်ပါတယ်။ ကြွက်တက်တဲ့အခါ ခြေသလုံးကြွက်သားများ တောင့်တင်းလာပြီး နာလာကာ လှုပ်ရှားဖို့ခက်သွားစေတာ ဖြစ်ပါတယ်။ ခြေသလုံးအပြင် ခြေဖဝါး၊ ပေါင်ကြွက်သားတို့မှာလည်း ဖြစ်တတ်ပါတယ်။ လူတစ်ယောက်မှာ (၄) ခါ ကြွက်တက်တယ်ဆိုရင် (၃) ခါက ညအိပ်နေတဲ့အချိန်မှာ ဖြစ်တာ ဖြစ်ပါတယ်။ ❕ ကြွက်တက်စေတဲ့ အကြောင်းရင်းတွေကတော့…· အသက်အရွယ် ရလာခြင်း· ပြင်းထန်တဲ့ လေ့ကျင့်ခန်းများကြောင့် ကြွက်သားများ ဒဏ်ဖြစ်ခြင်း· ကိုယ်ဝန်ဆောင်ရခြင်း· Cholesterol ချပေးတဲ့ statin အုပ်စုဝင်ဆေးများ၊ ဆီးဆေးများ သောက်ရခြင်း· သွေးလည်ပတ်မှု မကောင်းခြင်း· အရက်သောက်ခြင်းကြောင့် အသည်းပျက်စီးခြင်း· Calcium, Magnesium နှင့်…
Read More⭕️ အချိန်ကြာကြာ အာနိသင်ရစေသော ဆေးပုံစံကွဲများ ⭕️
💁♀️ ဇီဝက ချစ်သူတွေထဲမှာ ဆေးသောက်ပျင်းတဲ့သူ၊ ဆေးသောက်ရမှာ ကြောက်တဲ့သူတွေ ရှိကြလားရှင့်?ဆေးတွေ ခဏခဏ မသောက်ချင်ပေမယ့် ရောဂါ မပျောက်မှာလည်း စိတ်ပူရပြန်ရော၊ဒီပြဿနာတွေအတွက် ဈေးကွက်ထဲမှာ ရရှိနိုင်တဲ့ အချိန်ကြာကြာ အာနိသင်ရစေမယ့် ဆေးလေးတွေ အကြောင်းကို ဗဟုသုတရအောင် ပြောပြပါရစေရှင့် ✔️ အချိန်ကြာကြာ အာနိသင်ပေးတဲ့ ဆေးတွေရဲ့ နာမည်နောက်မှာ များသောအားဖြင့် MR, ER, XR, XL, EC, CR, SR စသဖြင့် အတိုကောက်လေးတွေ ပါတတ်ပါတယ်။တစ်ခုချင်းစီရဲ့ အဓိပ္ပါယ်နဲ့ ကွာခြားချက်တွေကို ရှင်းပြရမယ်ဆိုရင်တော့Modified Release (MR) ဆိုတဲ့အတိုင်း ပြုပြင်မွမ်းမံထားတဲ့ ဆေးပုံစံဖြစ်ပါတယ်။ သောက်ဆေးအများစုဟာဆိုရင် Intermediate Release (IR) လို့ခေါ်တဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားရင် မြန်မြန်ပျော်ဝင်ပြီး အာနိသင်မြန်မြန်ရ၊ မြန်မြန်ကုန်တဲ့ ပုံစံတွေ…
Read Moreအမျိုးသားများနှင့် ဆီးကျိတ်ရောဂါ
⚠️ ဆီးကျိတ်ဆိုတာ အမျိုးသားများ၏ မျိုးပွားအင်္ဂါ အဖွဲ့အစည်းတွင် ပါဝင်သောသုတ်ရည်ကြည် ထုတ်ပေးသည့် သစ်ကြားသီးဆိုဒ်လောက်ရှိတဲ့ gland ဖြစ်ပါတယ်။ ဆီးအိတ်ရဲ့အောက်ခြေ၊ ဆီးပြွန်ရဲ့ ဘေးပတ်လည်တွင် တည်ရှိပါတယ်။ အသက်ကြီးလာတာနှင့်အမျှဆီးကျိတ်ကလည်း တဖြည်းဖြည်း ပုံမှန်ကြီးလာပါတယ်။ ဆီးကျိတ်ကြီးခြင်းကို ဆေးပညာ အခေါ်အဝေါ်အရ Benign Prostatic Hyperplasia/ BenignProstatic Hypertropyhy (BPH) ဟုခေါ်ဆိုပါတယ်။ BPH တွင် ဆီးကျိတ်ကကြီးလာပြီးဆီးပြွန်ကိုကျဉ်းသွားစေရာမှ ဆီးလမ်းကြောင်းနှေးသွားခြင်း၊ ပိတ်သွားခြင်းတို့ ဖြစ်စေပါတယ်။ ⭕️ BPH ကို အမျိုးသားတွေမှာပဲ တွေ့ရတတ်ပါတယ်။ အသက် (၃၁) နှစ်နှင့် (၄၀) ကြားတွင် ၈ရာခိုင်နှုန်း ဖြစ်နိုင်ပြီး အသက် (၈၀) ကျော်သွားလျှင် ၈၀ ရာခိုင်နှုန်းက BPH ဖြစ်တတ်ပါတယ်။မျိုးရိုးလည်း လိုက်တတ်ပါတယ်။ အသက် (၄၅)…
Read More💢 ဆားဝက်ခြံတွေ ဘာကြောင့်ထွက်ရသလဲ?
🛑 ဆားဝက်ခြံဆိုတာ အဖြစ်များတဲ့ ဝက်ခြံအမျိုးအစား ဖြစ်ပါတယ်။ မျက်နှာအလှကို လျော့ပါးစေတဲ့ ဆားဝက်ခြံတွေကို ဖယ်ရှားပစ်နိုင်ဖို့အတွက် ဆားဝက်ခြံ ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ အကြောင်းရင်းကိုလည်း သိထားဖို့ လိုပါတယ်။ ❗️ အရေပြားပေါ်မှာ ရှိတဲ့ ချွေးပေါက်လေးတွေကနေ အသားအရေ စိုပြေကျန်းမာစေဖို့အတွက် အဆီတချို့ကို သဘာဝအတိုင်း ထုတ်ပေးပါတယ်။ဆားဝက်ခြံဆိုတာကတော့ အဆီထုတ်တဲ့ ချွေးပေါက်လေးတွေမှာ အဆီအလွန်ထွက်တဲ့အခါနဲ့ ဆဲလ်အသေတွေ၊ ဘက်တီးရီးယားတွေ၊ မိတ်ကပ်အညစ်အကြေးတွေက ချွေးပေါက်လေးတွေမှာ ပိတ်ရာကနေ ဖြစ်လာတဲ့ ဝက်ခြံတွေပါပဲ။ချွေးပေါက်တွေမှာ ပိတ်နေတဲ့ အညစ်အကြေးတွေက အပြင်က အောက်စီဂျင်နဲ့ ထိတွေ့ရာကနေ မဲသွားတာပဲ ဖြစ်ပါတယ်။ ရိုးရိုးဝက်ခြံနဲ့ ကွာခြားချက်ကတော့ ဆားဝက်ခြံတွေဟာ ရောင်ရမ်းမှု မရှိတဲ့ ဝက်ခြံအမျိုးအစား ဖြစ်ပါတယ်။ အဆီပြန် အသားအရေဖြစ်တဲ့ Oily skin type သမားတွေမှာ ပိုပြီးတော့ ဖြစ်တတ်ပါတယ်။…
Read More⚡️ ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင်စီမှာ ဘယ်လိုကောင်းကျိုးတွေ ထပ်ရှိဦးမလဲ?
🙌 ယနေ့အချိန်မှာ ဗီတာမင်စီ (Ascorbic acid) လို့ ဆိုလိုက်တာနဲ့ ကိုယ်ခံအားကောင်းစေတယ် ဆိုတာကိုတော့ အားလုံးရင်းနှီးနေကြပြီ ဖြစ်ပါတယ်။ အအေးမိတုပ်ကွေး ဖြစ်တဲ့အခါမှာ ဗီတာမင်စီ သောက်ပေးရင် အဆုတ်ရောင်တာ၊ ပိုးဝင်တာတို့ ထပ်ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီမှာ ကိုယ်ခံအား ကောင်းစေတာအပြင် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိသေးလဲဆိုတော့… 🔸 အသားအရေကို တင်းရင်းစေပါတယ်Collagen ဆိုတာ အသားအရေလေး တင်းရင်းကြည်လင်စေပြီး ငယ်ရွယ်နုပျိုမှုကို ထိန်းထားပေးတဲ့ ပရိုတင်း တစ်မျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း ထွက်ပေမယ့် အသက်အရွယ် ရလာတာနဲ့အမျှ ထုတ်နှုန်းက တဖြည်းဖြည်းကျလာပါတယ်။ ဒီလိုအချိန်မှာ ဗီတာမင်စီက ခန္ဓာကိုယ်ကနေ collagen ထုတ်လုပ်မှုနှုန်းကို ထိန်းထားပေးတဲ့အတွက် အသားအရေကို တင်းရင်းကြည်လင်စေတာပဲ ဖြစ်ပါတယ်။ 🔸 သွေးအားနည်းခြင်းကနေ ကာကွယ်ပေးပါတယ်ပုံမှန်အားဖြင့်…
Read Moreအမျိုးသမီးများနှင့် မိန်းမကိုယ် သန့်ရှင်းရေး
❕ အမျိုးသမီးများ အနေဖြင့် မိန်းမကိုယ်နှင့် ပတ်သက်လာရင် အဖြစ်များတဲ့ ပြဿနာ (၃) ခု ရှိပါတယ်။ ဒါတွေကတော့ မိန်းမကိုယ် အနံ့ဆိုးထွက်ခြင်း၊ ယားခြင်း၊ အဖြူဆင်းခြင်းတို့ပဲ ဖြစ်ပါတယ်။ 🛑 အနံ့ဆိုးထွက်ခြင်းမိန်းမကိုယ်ကို အနံ့ထွက်စေတဲ့ အကြောင်းရင်းများကတော့…မိန်းမကိုယ်ထဲမှာ ဘက်တီးရီးယားတွေ ပုံမှန်ရှိသင့်တာထက်ပိုပြီး ပေါက်ပွားနေခြင်း၊ လိင်ဆက်ဆံရာမှတဆင့် ရောဂါပိုးမွှားများ ကူးစက်ခံရခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်း တို့ကြောင့် အဖြစ်များပါတယ်။ဒါ့အပြင် သားအိမ်ခေါင်းကင်ဆာဖြစ်ခြင်း၊ စအိုနှင့် မိန်းမကိုယ်ဆက်သွားပြီး ဂက်စ်နှင့် ဝမ်းများ မိန်းမကိုယ်ထဲ ရောက်သွားခြင်းတို့ကလည်း အဖြစ်နည်းပေမယ့် အနံ့ဆိုးထွက်စေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ⭕️ မိန်းမကိုယ် အနံ့ဆိုးထွက်နေပါက…o ရေနွေးနွေးလေးနှင့်သာ ဆေးကြောသန့်စင်ပေးပါ။ အနံ့ပြင်းတဲ့ ဆပ်ပြာတွေနဲ့ မဆေးကြောသင့်ပါ။o Cotton သား underwear တွေကိုသာ ဝတ်ဆင်ပါ။o…
Read More❗️ သတိပြုစရာ ရေကျောက်ရောဂါ ❗️
🦠 ရေကျောက်ရောဂါ (Chickenpox) ဆိုသည်မှာ Varicella-zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါ ဖြစ်ပါတယ်။ ယားယံပြီး သေးငယ်သည့် အဖုပုံစံလေးတွေ ဖြစ်ပါတယ်။ ကလေးတွေမှာ အဖြစ်များပြီး မစိုးရိမ်ရတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ အလွန်ကူးတတ်ပါတယ်။ ⚠️ ရေကျောက် ကာကွယ်ဆေး မထိုးထားသူများ၊ တစ်ခါမှ ရေကျောက် မပေါက်ဖူးသေးသူများ၊ ဆေးလိပ်သောက်သူများ၊ ခုခံအားကျဆင်းမှု ရောဂါ (HIV) ရှိသူများ၊ စတီးရွိုက်ဆေး သောက်နေသူများတွင် ရေကျောက်ပေါက်တတ်ပါတယ်။ 🛑 ဗိုင်းရပ်စ်နဲ့ ထိတွေ့ပြီး ၁၀ ရက်မှ ၁၂ ရက်ခန့်အကြာမှာ အဖုတွေ စထွက်တတ်ပါတယ်။ အဖုထွက်တာက ၅ ရက်မှ ၁၀ ရက်ခန့် ကြာနိုင်ပါတယ်။ အဖုမထွက်ခင် ၁ရက်၊၂ ရက်ခန့်အလိုမှာတော့ ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း၊…
Read More