🏃🏻အရိုးအဆစ်များအား ကျန်းမာစေသည့် ဖြည့်စွက်စာများအကြောင်း…
💪🏻ခန္ဓာကိုယ်ရှိ ကြွက်သားနှင့် အရိုးအဖွဲ့အစည်းတွင် ကြွက်သား၊ အရိုး၊ အဆစ်၊ အရိုးနုနှင့် အရွတ်များ ပါဝင်ပါတယ်။ ကြွက်သားနှင့် အရိုးအဖွဲ့အစည်းသည် ကိုယ်ခန္ဓာ ပုံပန်းသဏ္ဌာန်ကို ပုံပေါ်အောင် ပေးစွမ်းပြီး သွားလာလှုပ်ရှားနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ထို့ကြောင့် အရိုးအဆစ်များ ကျန်းမာနေဖို့က အရေးကြီးပါတယ်။
🧘🏻♀️အသက်ရှင်နေသည့် ကာလတလျှောက်လုံးတွင် ကျန်းမာသည့် အရိုးများကို တည်ဆောက်ဖို့နှင့် ထိန်းသိမ်းထားဖို့အတွက် ကယ်လ်စီယမ်ဓာတ်က အလွန်အရေးပါပါတယ်။ ခန္ဓာကိုယ်ရှိ ကယ်လ်စီယမ်ဓာတ် (၉၉) ရာခိုင်နှုန်းကို အရိုးထဲမှာ တွေ့ရပါတယ်။
🍳🥛ကယ်လ်စီယမ် ကြွယ်ဝသော အစားအစာများမှာ နို့၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံ၊ အသီးအနှံ၊ ကြက်ဥနှင့် ကြက်သားတို့ ဖြစ်ပါတယ်။
🥗အစားအစာမှ ရရှိသော ကယ်လ်စီယမ်ဓာတ်များကို သွေးကြောများမှ စုပ်ယူပြီး နှလုံး၊ ကြွက်သားနှင့် အာရုံကြောများဆီ ပို့ဆောင်ကာ ကျန်းမာစွာ လုပ်ငန်းဆောင်တာများ လည်ပတ်နိုင်ဖို့အတွက် အသုံးပြုပါတယ်။ အကယ်၍ စားလိုက်တဲ့အထဲမှ ကယ်လ်စီယမ်ဓာတ် လုံလောက်စွာ မရရှိပါက ခန္ဓာကိုယ်၏ ကယ်လ်စီယမ် ဘဏ်တိုက်ဖြစ်သော အရိုးမှ ကယ်လ်စီယမ်ဓာတ်ကို ထုတ်ယူသုံးစွဲ ကြပါတယ်။ ထိုအခါ အရိုးမှာ ကယ်လ်စီယမ် တဖြည်းဖြည်း နည်းလာပြီး အရိုးပွခြင်း၊ အရိုးပါးခြင်းနှင့် အရိုးပျော့ခြင်းများ ဖြစ်လာပါတယ်။
🧫ကယ်လ်စီယမ်ပါသော အစားအစာများကို မှီဝဲသော်လည်း ခန္ဓာကိုယ်မှ အပြည့်အ၀ မစုပ်ယူနိုင်ခြင်း၊ ဗီတာမင် ဒီ ချို့တဲ့နေခြင်း၊ ကဖင်းဓာတ်နှင့် အရက်သေစာများ အသောက်များခြင်း၊ ကျောက်ကပ်ရောဂါ ရှိခြင်းတို့က ကယ်လ်စီယမ် စုပ်ယူမှုကို နည်းစေပါတယ်။
💊ထို့ကြောင့် ကယ်လ်စီယမ် ဖြည့်စွက်စာများ သောက်သုံးပေးဖို့ လိုလာပါတယ်။ ကယ်လ်စီယမ် တစ်မျိုးတည်းပါတဲ့ဆေးထက် ဗီတာမင် ဒီ၊ ဗီတာမင် K27 ပါ ပေါင်းစပ်ပါဝင်သည့် Bone 206 လို ဆေးမျိုးက ပိုပြီးအစွမ်းထက်ပါတယ်။ အူထဲသို့ ရောက်လာသော ကယ်လ်စီယမ်များကို သွေးကြောထဲရောက်အောင် ဗီတာမင် ဒီ က အားပေးပါတယ်။ သွေးကြောထဲရောက်သွားသည့် ကယ်လ်စီယမ်များကို အရိုးမှ စုပ်ယူမှု အားကောင်းစေဖို့ကို ဗီတာမင် K27 က ကူညီပေးသောကြောင့် ဖြစ်ပါတယ်။
🧬နောက်ထပ် အရိုးအဆစ်များကို ကျန်းမာစေမည့် ဖြည့်စွက်စာ တစ်မျိုးမှာ ကော်လဂျင် ဖြစ်ပါတယ်။ ကော်လဂျင်ဆိုသည်မှာ အရေပြားနှင့် အရိုးနုရှိ သဘာ၀ ပါဝင်ပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။ ကော်လဂျင်၏ အကျိုးကျေးဇူးများမှာ အရိုးများကို သန်မာစေခြင်း၊ အရိုးပွ၊ အရိုးပါးခြင်းများကို ကာကွယ်ပေးခြင်း၊ အရိုးများကို ကြီးထွားဖွံ့ဖြိုးစေခြင်း၊ ပျက်စီးမှုများကို ပြုပြင်ပေးခြင်း၊ အဆစ်များကို လှုပ်ရှားရ လွယ်ကူစေခြင်း၊ နာတာရှည် ကျောက်ကပ်ရောဂါကြောင့် အရိုးများ အားလျော့ခြင်းကို ကာကွယ်ပေးခြင်းတို့ ဖြစ်ပါတယ်။ အရိုးအဆစ်များအတွက် ထုတ်လုပ်ထားသော Type II collagen ဖြည့်စွက်စာကို ကြက်သား၏ အရိုးနုမှ ထုတ်လုပ်ကြပါတယ်။ Type II Collagen က Glucosamine နှင့် Chondroitin ပေါင်းတာထက် အနည်းဆုံး (၂) ဆ ပို၍ အစွမ်းထက်ပါတယ်။ Type II collagen တွင် ယေဘူယျအားဖြင့် ဘေးထွက်ဆိုးကျိုး မရှိပါ။ ရှားရှားပါးပါး အနေဖြင့် အစာအိမ်နာတတ်တာမျိုးတော့ ဖြစ်တတ်ပါတယ်။
⛹🏻အရိုးအဆစ်များ ကျန်းမာစေဖို့ ကယ်လ်စီယမ်ကြွယ်ဝသော အစားအစာများ စားသုံးခြင်း၊ ရေများများ သောက်ပေးခြင်း၊ လမ်းသွက်သွက်လျှောက်ခြင်း၊ ခပ်ရွရွပြေးခြင်း၊ ယောဂကျင့်ခြင်း၊ မနက်အစောပိုင်း နေဆာလှုံခြင်း၊ အရက်၊ ဆေးလိပ်မသောက်ခြင်းများ လုပ်ဆောင်သင့်ပြီး ကယ်လ်စီယမ်နှင့် C-II plus ကဲ့သို့ ကော်လဂျင် ဖြည့်စွက်စာများ မှီဝဲခြင်းဖြင့် ထိန်းသိမ်းနိုင်ကြောင်း မျှဝေလိုက်ပါတယ်။