ရေဆူဆေးပြားဆိုတာ ဘယ်လိုဆေး အမျိုးအစားလဲ
✨ The Glory ဇာတ်ကားထဲမှာ ဆရာဝန်မင်းသားက ရေဆူဆေးပြားဘူးတွေ အများကြီးဆောင်ထားပြီး ဆေးပြားလေးတွေကို ရေထဲထည့်ဖျော်ပြတဲ့ ဇာတ်ဝင်ခန်းတွေကို ကြည့်ဖူးကြမှာပါ။
အဲ့ဒီလို ရေဆူဆေးပြားလေးတွေကို ဘာအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားကြတာလဲ?
ရေထဲထည့်လိုက်ရင် ဆူပွက်လာအောင်ရော ဘယ်လိုတွေဖော်စပ်ထားတာလဲ?
ဇီဝကချစ်သူတို့အတွက် ဗဟုသုတအနေနဲ့ ရေဆူဆေးပြားအကြောင်းအကျဥ်းချုပ်လေးကို မျှဝေလိုက်ပါတယ်ရှင့် 💁🏻♀️
✔ ရေဆူဆေးပြားတွေကို ၁၈ ရာစုလောက်ကစတင်ပြီး တီထွင်ထုတ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။
🧪 ရေဆူဆေးပြားတွေမှာဆိုရင် ရေနဲ့ထိတွေ့လိုက်တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်ပေးတဲ့ sodium carbonate (သို့) sodium bicarbonate နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထွက်နှုန်းကို တိုးစေတဲ့ adipic acid, malic acid, tartaric acid, fumaric acid, succinic acid (သို့) citric acid တစ်မျိုးမျိုးတို့ကို ထည့်သွင်းဖော်စပ်ထားပါတယ်။
ရေဆူဆေးပြားတွေမှာ ဒီလို Carbonate salt ပမာဏ များများပါတဲ့အတွက် အစာအိမ်ထဲက pH level ကို မြင့်တက်စေပြီး အစာအိမ် အလုပ်လုပ်နှုန်းကို မြန်စေပါတယ်။ ထိုမှတစ်ဆင့် အူထဲမှာ ဆေးစုပ်ယူမှုကို ကောင်းစေတာကြောင့် ပုံမှန်ဆေးပြားတွေထက် ဆေးစွမ်းအာနိသင်ပေးနိုင်စွမ်း (bioavailability) ၄ ဆ ပိုမိုကောင်းမွန်ပြီး ဆေးအာနိသင်ကို မြန်မြန်ရရှိစေမှာပါ။
💊 ရေဆူဆေးပြားတွေက ဆေးပြား၊ ဆေးလုံးတို့ကိုမျိုချပြီးသောက်ရမှာ ကြောက်တဲ့သူတွေနဲ့ ရေသောက်နည်းတဲ့သူတွေအတွက်လည်း ဖျော်ရည်လေးလို သောက်နိုင်တဲ့အတွက် အလွန်အဆင်ပြေစေပါတယ်။
ရေဆူဆေးပြားများ အနေဖြင့်
🔹 ချေဖျက်ရခက်၍ အစာအိမ်နှင့် အစာရေမျိုပြွန်ကို အနှောင့်အယှက်ဖြစ်စေသော ဆေးများ၊
🔹 pH sensitive ဖြစ်သော amino acid နှင့် ပိုးသတ်ဆေးများ၊
🔹 ပမာဏအများကြီး သောက်ဖို့လိုအပ်သော ဆေးများ၊
🔹 အလင်း၊ အောက်စီဂျင်နှင့် အစိုဓာတ်ကြောင့် ပျက်စီးလွယ်သော ဆေးများ၊
🔹 အာနိသင် မြန်မြန်ရချင်သော ဆေးများ၊
🔹 အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ဆေးဝါးများကို ထုတ်လုပ်ကြပါတယ်။
ဈေးကွက်ထဲမှာတော့ ဗီတာမင်နှင့်သတ္တုဓာတ် အစုံပါဝင်သော ရေဆူဆေးပြားများ၊ အရိုးနှင့်ကြွက်သားများကို သန်မာစေသော ရေဆူဆေးပြားများ၊ ကိုယ်ခံအားကောင်းစေသော ရေဆူဆေးပြားများနှင့် ချွဲပျော်စေသော ရေဆူဆေးပြားများကို အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။
ကိုယ်သောက်သုံးမယ့် ဆေးဝါးတိုင်းကို သေချာစွာကြည့်ပြီး effervescent tablets လိုရေးထားရင်တော့ ရေနဲ့ ဖျော်သောက်ဖို့ကို သတိပြုရမှာ ဖြစ်ပါတယ်။
⚠ ရေဆူဆေးပြားတွေကို ရေနှင့် ဖျော်မသောက်မိဘဲ ဆေးပြားလိုက် မျိုချမိရင်တော့ လည်ပင်းမှာကပ်ပြီး အန္တရာယ်ဖြစ်နိုင်တာကြောင့် ဂရုစိုက်ပြီးသတိထားပေးဖို့ မှာကြားလိုက်ချင်ပါတယ်…❗