နားအူခြင်း

👂🏻 နားအူခြင်း (Tinnitus) ဆိုတာက အပြင်ကအသံ မဟုတ်ဘဲ မိမိတစ်ဦးတည်းရဲ့ နားအတွင်းထဲမှာ အသံကြားနေရတာကို ခေါ်ပါတယ်။ နားအူတဲ့အခါ တဝီဝီမြည်သံ၊ ကြိတ်ခြေသံ၊ ညည်းသံ၊ လေချွန်သံ စတာတွေကို ကြားရလေ့ရှိပါတယ်။ တချို့ကတော့ ဂီတသံလိုလို၊ သီချင်းသံလိုလို ကြားရတတ်ပါတယ်။ မိမိရဲ့ နှလုံးခုန်သံလို စည်းချက်မှန်မှန် လိုက်ကြားရတာမျိုးလည်း ရှိတတ်ပါတယ်။

😵 နားအူတယ်ဆိုတာဟာ ပြင်းထန်တဲ့ အခြေအနေတစ်ခု မဟုတ်ပေမယ့် တစ်ချို့လူတွေမှာတော့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ် သက်ရောက်မှု ရှိစေနိုင်ပါတယ်။ နားအူပြီး အသံများကြားနေရခြင်းကြောင့် စိတ်ပင်ပန်းဆင်းရဲခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ အိပ်မပျော်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့အထိ အကျိုးဆက်များဖြစ်ပေါ်လာနိုင်ပါတယ်။

နားအူခြင်းကိုဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့…

🔹 အသက်ကြီး၍ အကြားအာရုံချို့ယွင်းလာခြင်း

🔹 ဆူညံသံများကို ထပ်ခါထပ်ခါ ကြားနေရခြင်းကြောင့် နားအတွင်းပိုင်းပျက်စီးခြင်း

🔹 နားဖာချေးပိတ်ခြင်း

🔹 နားအလယ်ပိုင်းပိုးဝင်ခြင်း

🔹 Meniere’s Disease (ခေါ်) အကြားအာရုံဆုံးရှုံးပြီး ချာချာလည်အောင် မူးစေသည့်ရောဂါရှိခြင်းနှင့်

🔹 နားအတွင်းရှိအရိုးနု ပျက်စီးခြင်းတို့ ဖြစ်ပါတယ်။

👴🏻 နားအူခြင်းပြဿနာက (၆၅) နှစ်အထက် လူကြီးများမှာ ပိုပြီးအဖြစ်များပါတယ်။ နားအူခြင်းက များသောအားဖြင့် သူ့အလိုလို ပျောက်ကင်းနိုင်သလို ခန္ဓာကိုယ်ကနေ ကြားနေကျ ဖြစ်သွား၍ ယဉ်ပါးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ ဆက်တိုက် နားအူလျက်ရှိနေလျှင်တော့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နှင့် ပြသဖို့လိုအပ်ပါတယ်။ ဆရာဝန်မှ နားမှာပိုးဝင်နေခြင်း၊ နားဖာချေးပိတ်နေခြင်း၊ အကြားအာရုံနှင့် ပတ်သက်သောပြဿနာဖြစ်ခြင်း စသော နားအူစေတဲ့ အကြောင်းရင်းများကို ရှာဖွေပြီးကုသပပေးနိုင်မှာ ဖြစ်ပါတယ်။

💊 နားအူခြင်းကို သက်သာစေဖို့အတွက် ကမ္ဘာဦးပင်ကရတဲ့ Ginkgo Extract ကို သောက်သုံးကုသပေးသင့်ပါတယ်။ နားထဲက အသံကို သတိမမူမိအောင်တော့ သာယာနာပျော်ဖွယ် တေးဂီတသံလေးတွေကို နားဆင်ကြည့်ပါ။ နားအူခြင်းပြဿနာကို ကောင်းစွာရင်ဆိုင်နိုင်အောင် သက်ဆိုင်သည့် အသိပညာပေးခြင်းများကိုလည်း လေ့လာလိုက်နာကြပါ။

🦻🏻 နားလေးရာမှလည်း နားအူခြင်းဖြစ်လာနိုင်တဲ့အတွက် နားလေးနေလျှင် နားကြားကိရိယာ တပ်ဆင်ပေးသင့်ပါတယ်။ နားအူခြင်းက ကလေးများ အပါအဝင် အသက်အရွယ်မရွေးမှာဖြစ်ပေါ်နိုင်တာကြောင့် အာလုံးဂရုတစိုက်သတိထားဖို့ တိုက်တွန်းအကြံပြုလိုက်ပါတယ်…💜

Leave a Comment