Sunscreen နဲ့ ခရမ်းလွန်ရောင်ခြည်တွေကို ဘယ်လို အကောင်းဆုံး ကာကွယ်ကြမလဲ

☀️ မြန်မာပြည်ကြီးဟာ နေပူရှိန်ပြင်းလှတဲ့ကာလမှာ နေရောင်ခြည်အပြည့်အဝရတဲ့ တိုင်းပြည်ဖြစ်တာကြောင့် ခရမ်းလွန်ရောင်ခြည်ရဲ့အန္တရာယ်ကို အလွန်အမင်းရရှိတဲ့နေရာတစ်ခုပါပဲ။

ခရမ်းလွန်ရောင်ခြည်ရဲ့ ဆိုးကျိုးအန္တရာယ်များဖြစ်ကြတဲ့ အရေပြားကင်ဆာဖြစ်နိုင်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ ကိုယ်ခံအားနည်းခြင်းနှင့် မျက်လုံးတိမ်စွဲခြင်းတို့ကို နေ့စဉ် Sunscreen ကိုလိမ်းပေးရင်း ကာကွယ်ကြရပါမယ်။

✅ Sunscreen နဲ့ ပတ်သက်ပြီး လူအများစု လွဲမှားနေတတ်တဲ့ အယူအဆတစ်ခုကတော့ Sunscreen ဘူးပေါ်မှာပါတဲ့ SPF နံပါတ်မြင့်မားရင်၊ နေလောင်ဒဏ်မှ ကာကွယ်မှု ပိုရနိုင်မယ်လို့ ထင်နေတာပါပဲ။ အမှန်တကယ်ကတော့ SPF ပါဝင်မှု နံပါတ်တွေထက် Sunscreen လိမ်းပေးတဲ့ ပမာဏနဲ့ အကြိမ်ရေကသာ ပိုအရေးကြီးတာ ဖြစ်ပါတယ်။ SPF 15+ ပါတဲ့ Sunscreen ကို မကြာခဏ လိမ်းပေးတာက SPF 50+ ကို (၈)နာရီအတွင်းမှာ တစ်ခါပဲလိမ်းတာထက် ပိုမိုထိရောက်စေမှာပါ။

🌞 Sunscreen ဆိုတာက နေလောင်ဒဏ်ကို ဦးဆောင်ကာကွယ်ပေးမယ့် ရှေ့တန်းတိုက်စစ်မှူးတော့ အမြဲမဖြစ်နိုင်ပါဘူး။ ဒါကြောင့် အပြင်ထွက်ရင်နေမလောင်ဖို့အတွက် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ အင်္ကျီလက်ရှည် စတာတွေကို အရင်ဆုံးဝတ်ဆင်ပေးရမှာ ဖြစ်ပါတယ်။ Sunscreen လိမ်းတာကတော့ အဲ့ဒီနောက်မှ အသုံးချရမယ့် ဖြည့်စွက်စာတစ်ခုပေါ့။

⏳ Sunscreen တွေကို ဘယ်လိုအမျိုးအစားပဲသုံးသုံး အသားထဲစိမ့်ဝင်ပြီး အာနိသင်ကောင်းကောင်းပေးနိုင်ဖို့ အပြင်မထွက်မီ အနည်းဆုံး (၁၅) မိနစ်မှ မိနစ်(၂၀)ခန့် ကြိုလိမ်းပေးရပါမယ်။ လိမ်းပြီး နောက် (၁) နာရီ (သို့) (၂) နာရီခြားတစ်ခါ ပြန်လိမ်းပေးဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ရေကူးပြီးတဲ့အခါမျိုး၊ ချွေးထွက်များတဲ့ activity လုပ်ပြီးတဲ့အခါမျိုးတွေမှာလည်း ပြန်လိမ်းပေးရမှာပါ။ Sunscreen ကို ထပ်လိမ်းပေးဖို့ မေ့သွားမှာစိုးရင်တော့ ဖုန်းမှာ timer, alarm လေးပေးထားလိုက်ပေါ့နော်။

💦 Sunscreen ကို လူကြီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးအတွက် လိမ်းရန် လုံလောက်တဲ့ ပမာဏကတော့ ထမင်းစားဇွန်း (၂) ဇွန်းခန့်ပဲဖြစ်ပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်ကို ခွဲခြားလိမ်းခြယ်
တယ်ဆိုရင်တော့ ထမင်းစားဇွန်း တစ်ဝက်ခန့်က မျက်နှာ၊ လည်ပင်းနဲ့ နားအတွက် လုံလောက်မှာပါ။ Swimsuit ဝတ်တဲ့အခါမျိုးမှာတော့ ကျောဘက်ကို ကိုယ်တိုင်လိမ်းတာထက် တခြားသူလိမ်းပေးတာက ပိုပြီးနှံ့နှံ့စပ်စပ်ဖြစ်စေပါတယ်။ Sunscreen လိမ်းဖို့ အများစုမေ့တတ်ကြတဲ့ နေရာတွေကတော့ နားနဲ့ ခြေဖဝါးဖြစ်လို့ ထိုနေရာလေးတွေကိုလည်း မမေ့အောင် လိမ်းပေးကြပါနော်။

👶🏻 ကလေးငယ်လေးတွေကို Sunscreen လိမ်းပေးတဲ့အခါမှာ ငြိမ်ငြိမ်မနေကြတာကြောင့် မိဘတွေအတွက် အနည်းငယ်တော့ အခက်တွေ့တတ်ပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာတော့ (Tube) ညှစ်ဘူးတွေထက် spray ဘူး ပုံစံမျိုးက ပိုပြီးအသုံးပြုရလွယ်စေမှာပါ။ ဒါပေမယ့် spray ဖျန်းတဲ့အခါ ကလေးရဲ့ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ထဲ မဝင်မိအောင် ဂရုစိုက်ရတာမျိုး၊ spray ဖြစ်တဲ့အတွက် ပမာဏ ဘယ်လောက်ဖျန်းလိုက်မိမှန်း မမှန်းတတ်တာမျိုးတော့ ကြုံတွေ့တတ်ပါတယ်။ ဒါကြောင့် Sunscreen တွေကို spray type သုံးမယ်ဆိုရင် လေဝင်လေထွက်ကောင်းပြီး လေမတိုက်နေတဲ့နေရာမှာ spray ဘူးရဲ့ အဝကို အသားနဲ့ကပ်ပြီး (၂)မိနစ်အပြည့် ဖျန်းပေးရမှာဖြစ်ပါတယ်။
Sunscreen spray တွေမှာ ပွတ်လိမ်းဖို့မလိုကြောင်း ရေးထားတဲ့ products တွေဆိုရင်လည်း
spray ဖျန်းပြီးတာနဲ့ အသားထဲစိမ့်ဝင်အောင် ချက်ချင်း သေသေချာချာ ပွတ်လိမ်းပေးရမှာဖြစ်ပါတယ်။

⚠️ ကလေးငယ်တွေ Sunscreen လိမ်းဖို့ မပျင်းအောင် နေလောင်တဲ့အခါ ဘယ်လိုနာကျင်ခံစားရတယ်ဆိုတာမျိုး လူကြီးများအနေနဲ့ ရှင်းပြထားဖို့လိုအပ်ပါတယ်။ အသက်(၅)နှစ်နဲ့ (၁၂)ကြား ကလေးတွေကိုတော့ Sunscreen ကိုယ်တိုင်လိမ်းခိုင်းရင်း လေ့လာကြည့်တဲ့အခါမှာ ညှစ်လိမ်းရတဲ့ Tube ဘူးတွေထက် pump ပါတဲ့ ထုတ်ကုန်တွေကို ပိုသဘောကျကြတာကို တွေ့ရပါတယ်။ Sensitive skin ရှိတဲ့ ကလေးငယ်ငယ်လေးတွေဆိုရင်တော့ မိတ်ကပ်လိမ်းတဲ့ brush လေးတွေ သုံးပြီး လိမ်းပေးသင့်ပါတယ်။

🤗 နေလောင်ခံ လိမ်းဆေး Sunscreenတွေကို ဘယ်လိုစနစ်တကျလိမ်းပေးရမလဲ သိပြီဆိုရင်တော့ နေ့စဉ်မမေ့မလျော့လိမ်းကြဖို့ တိုက်တွန်းလိုပါတယ်နော်။ ဇီဝကချစ်သူများအားလုံးလည်း ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကင်းဝေးကြစေဖို့ ဆုမွန်ကောင်းလေးလည်း ပို့သအပ်ပါတယ်…💜

မိမိခံစားနေရသည့် ရောဂါဝေဒနာများနှင့် ပတ်သက်လို့ဖြစ်စေ၊ သောက်သုံးနေတဲ့ ဆေးဝါးများ လိုအပ်လျှင်ဖြစ်စေ ဇီဝကဆေးခန်းနဲ့ ဆေးဆိုင်ကို ဆက်သွယ်နိုင်ပါတယ်ရှင့်။

🏠ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့် (၇၇)လမ်းကြား၊မန္တလေးမြို့။ 09969664311,09969664312

🏠ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။ 09969664313,09969664314

🏠ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့။ 09977038103,09977038104

🏠ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့် (၈၂)လမ်းကြား၊မန္တလေးမြို့။ 09977038109,09977038110

🏠ဆေးခန်း မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့။ 0989239668888,09892397788

Leave a Comment