Uncategorized
စပျစ်စေ့ အဆီအနှစ် (Grape Seed Extract) ရဲ့ ကျန်းမာရေး ကောင်းကျိုးများ
🍷 နေ့စဉ် ဝိုင်နီတစ်ခွက် (200ml) သောက်ပေးတာက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဘာလိုလည်းဆိုတော့ ဝိုင်နီကို စပျစ်သီးကနေ ထုတ်လုပ်ထားလိုပဲ ဖြစ်ပါတယ်။ မကြာသေးမီ နှစ်များကစပြီး စပျစ်သီးရဲ့ အစေ့ကလည်း ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတာကို အာရုံစိုက်မိလာကြပါတယ်။ ဒါကြောင့် စပျစ်စေ့များကို ထုတ်ယူ အခြောက်ခံ ကြိတ်ချေပြီးနောက် အဆီ ထုတ်ယူပြီး ဖြည့်စွက်စာများတွင် ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ စပျစ်စေ့ အဆီအနှစ်မှာ အစွမ်းထက် antioxidant ဖြစ်တဲ့ proanthocyanidine အပြင် vitamin A,C,E တိုလည်း ပါဝင်ပါတယ်။ 💠 စပျစ်စေ့ အဆီအနှစ်ရဲ့ သတိအပြုမိဆုံး ကောင်းကျိုးတစ်ခုကတော့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ (antioxidants) တွေ ပါဝင်လို အိုမင်းရင့်ရော်မှုကို နှေးကွေးစေတာဖြစ်ပါတယ်။ ရောဂါပိုးမွှားတွေရန်က ကာကွယ်ပေးနိုင်တဲ့ ဓာတ်တွေလည်း အပြည့်အဝပါလို…
Read More❗️ ခွေးရူးပြန်ရောဂါ ❗️
💢 ခွေးရူးပြန်ရောဂါ (Rabies) ဆိုသည်မှာ ထိခိုက်ပွန်းပဲ့နေသော အရေပြားနှင့် ရောဂါပိုးရှိသော တိရစ္ဆာန်ရဲ့ သွားရည် တိုက်ရိုက်ထိတွေ့ရာမှ Rhabdovirus ကူးစက်ပြီး အသက်ဆုံးရှုံးရသည်အထိ ဖြစ်စေနိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်ခံရတဲ့အခါ လည်ပင်းကြွက်သားများ သေပြီး ရေမျိုမချနိုင်တော့ဘဲ ရေသောက်ရမှာကို အလွန်ကြောက်သွားတာကြောင့် Hydrophobia လို့လည်း ခေါ်ပါတယ်။ ⭕️ လူသားများအပါအဝင် သွေးနွေးသတ္တဝါများအားလုံး ခွေးရူးရောဂါပိုး ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရပြီး (၄) ပါတ်နဲ့ (၆) ပါတ်ကြားမှာ လက္ခဏာများ စတင်ပေါ်ပေါက်ပါတယ်။ ခွေးရူးပြန်ရောဂါရဲ့ လက္ခဏာတွေကတော့ စိတ်ဓာတ်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ တက်ခြင်း၊ အကိုက်ခံရတဲ့ နေရာတွင် ယားခြင်းတို့ ဖြစ်ပါတယ်။ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်တာကြောင့် ဂနာမငြိမ်ခြင်း၊ စိတ်တိုဒေါသထွက်ခြင်းနှင့် ကြမ်းတမ်းသော အပြုအမူများလည်း ဖြစ်တတ်ပါတယ်။…
Read More✨ နူးညံ့စိုပြေသော အသားအရေ ပိုင်ရှင်ဖြစ်ဖို့
🙌 ခန္ဓာကိုယ်ရဲ့ (၄)ပုံ ပုံ (၃)ပုံက ရေဓာတ်များဖြင့် ဖွဲ့စည်ထားတာကြောင့် ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ရေဓာတ် လုံလောက်မှု ရှိမှသာ နူးညံ့စိုပြေသော အသားအရေကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ 💁♀️ နောက်ထပ် အသားအရေ ခြောက်သွေ့စေတဲ့ အဓိက အကြောင်းရင်းတွေကတော့ ရေဓာတ် မလုံလောက်ခြင်းအပြင်❗️ အသက်အရွယ်ရလာခြင်း (၄၀ကျော်လာခြင်း)❗️ ကင်ဆာဆေးသွင်း ကုသမှုများ၊ ဓာတ်ကင် ကုသမှုများ ခံယူရခြင်း❗️ ဆီးဆေးများနှင့် ကိုလက်စထရောချပေးသော statins အုပ်စုဆေးများ သောက်သုံးရခြင်း❗️ ရာသီဥတု အေးသော အရပ်ဒေသတွင် နေထိုင်ခြင်း❗️ ကျောက်ကပ်ဆေးရခြင်း❗️ ရေပူဖြင့်သာ ရေချိုးခြင်း❗️ဆပ်ပြာအပြင်းစားများ သုံးခြင်းတို့ကြောင့် ဖြစ်ပါတယ်။❗️ ရိုးရိုး အသားအရေ ခြောက်တာလည်း ဖြစ်နိုင်သလို နှင်းခူ၊ ဂျွတ်ပွေးနာလို အရေပြား ပြဿနာတွေ ရှိတဲ့အခါမှာလည်း အသားခြောက်တတ်ပါတယ်။…
Read More😵 ကားမူးတတ်သူတွေအတွက်
😣 ကားမူးမှာ ကြောက်လို့ ဘယ်ခရီးမှ မသွားရဲတဲ့သူတွေ၊ မဖြစ်မနေ ကားစီးရတော့လည်း မူးတတ်လွန်းလို့ အိမ်ကိုပဲ မြန်မြန်ပြန်ရောက်ချင်နေတဲ့သူတွေအတွက် အသုံးဝင်မယ့် ကားမူးသက်သာစေမယ့် နည်းလမ်းလေးတွေကို မျှဝေပါရစေရှင့်။ 🧠 လူကထိုင်နေပေမယ့် ဘေးပတ်လည်က ရွေ့နေတာကြောင့် ဦးနှောက်ကို သတင်းပို့တဲ့ အာရုံကြောများကြားမှာ ပဋိပက္ခဖြစ်ပြီး ဦးနှောက်ဟာ ရောထွေးနေသော အချက်ပြမှုများကို နားမလည်နိုင်တော့တာကြောင့် မူးဝေခြင်းကို ခံစားရတာ ဖြစ်ပါတယ်။ မည်သူမဆို ကားမူးနိုင်ပေမယ့် ကလေးများနဲ့ ကိုယ်ဝန်ဆောင်သည်တွေမှာ ပိုဖြစ်တတ်ပါတယ်။ 🤢 ကားမူးတာက အချိန်ခဏလေးအတွင်းမှာ ဖြစ်သွားနိုင်ပြီး အရင်ဆုံး ချွေးစေးတွေပြန်ကာ အန်ချင်လာတာ ဖြစ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ မူးဝေခြင်း၊ တံတွေးများထွက်လာခြင်း၊ အစာမစားနိုင်ခြင်း၊ အသားအရေ ဖျော့တော့ခြင်းတို့ ဖြစ်ပါတယ်။ တစ်ချို့မှာ ခေါင်းကိုက်ခြင်း၊ အလွန်ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်းတွေပါ ဖြစ်တတ်ပါတယ်။…
Read More⭕️ လေးဆယ်ကျော် ကျန်းမာရေး
🙏 ကျန်းမာရေး ကောင်းမွန်ခြင်းဟာ လာဘ်ကြီးတစ်ပါးပဲ ဖြစ်ပါတယ်။ ဇီဝကချစ်သူတို့အနေနဲ့ အသက် (၄၀) အထိ ကြီးကြီးမားမား ကျန်းမာရေး ပြဿနာ မကြုံခဲ့ရတာမျိုး ဖြစ်နိုင်ပါတယ်။ အသက် (၄၀) ကျော်လာတဲ့ အခါမှာလည်း အရင်ကလို ဆက်လက်ပြီး ကျန်းမာနုပျိုနေစေဖို့အတွက် မိမိကိုယ်ကို ဂရုစိုက်ရပါမယ်။ အသက် (၄၀) ကျော်တဲ့အခါ သတိပြုပေးသင့်တဲ့ ကျန်းမာရေး ပြဿနာများကို ဇီဝကမှ ချစ်ခြင်းအားဖြင့် မျှဝေပါရစေရှင့် ❗️ ဆီးမထိန်းနိုင်ခြင်းအသက်ရလာတာနဲ့အမျှ ဆီးအိတ်ကို အကူအညီပြုတဲ့ အာရုံကြောတွေက ကောင်းစွာ အလုပ်မလုပ်တော့ပါ။ ပြီးတော့ ဆီးအိတ်မှာရှိတဲ့ ကြွက်သားတွေက အသက်နဲ့အလိုက် ထူလာပြီး စွမ်းရည်လျော့ကျလာပါတယ်။ ဆီးခဏခဏသွားရခြင်း၊ ဆီးမထိန်းနိုင်ခြင်းများ လျော့ကျစေဖို့အတွက် Kegel exercises (တင်ပါးဆုံရိုး အောက်ခြေရှိ ကြွက်သားများကို ပြန်လည်တင်းရင်းစေသည့် လေ့ကျင့်ခန်းများ)…
Read Moreတူသယောင်နဲ့ ကွဲတဲ့ ဆေးရည် အမျိုးမျိုး
🩺 ဆေးဝါးပညာရှင်များက လူနာများအား အမျိုးမျိုးသော အခြေအနေများမှာ ဆေးအာနိသင် အထိရောက်ဆုံး ပေးစွမ်းနိုင်စေဖို့ ဆေးဝါးပုံစံအမျိုးမျိုးကို တီထွင်ဖန်တီးထုတ်လုပ်ကြပါတယ်။ ဆရာဝန်များကလည်း လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး သင့်တော်သောဆေးဝါးပုံစံကို တိကျစွာညွှန်ကြားသုံးစွဲစေပါတယ်။ 🧪 ဆေးဝါးပုံစံ အမျိုးအစားပေါင်း (၁၀၀၀၀) ကျော်မှာမှ ဈေးကွက်ထဲတွင် ဆေးလုံး၊ ဆေးတောင့်၊ ဆေးရည်၊ ဆေးမှုန့်နှင့် ဂျယ်လ်ပုံစံတို့ကိုတော့ အများဆုံးတွေ့ရမှာပါ။ ဆေးရည်တွေကို ကလေးငယ်များနှင့် ဆေးလုံး ဆေးတောင့် သောက်သုံးရန် အခက်အခဲရှိသူများအတွက် အသုံးပြုကြပါတယ်။ သောက်သုံးရာတွင် ပိုမိုအဆင်ပြေမှုရှိစေဖို့ ဆေးရည်များကို အနံ့အရသာများ ထည့်သွင်းလေ့ရှိပါတယ်။ ဆေးရည်အမျိုးအစား (Liquid Dosage Form) မှာ အဓိကအားဖြင့် Solution, Syrup, Suspension, Elixir ဆိုပြီး ထပ်မံခွဲခြားထားပါသေးတယ်။ ဒီနေ့မှာတော့ တစ်မျိုးချင်းစီရဲ့ ခြားနားချက်များနဲ့ အသုံးဝင်ပုံများကို…
Read More💁 ဘာကြောင့် အရိုးအားဆေးတွေမှာ MSM ပါတာကို ရွေးချယ်သောက်သုံးသင့်တာလဲ
✅ MSM ( Methyl-Sulfonyl-Methane ) ကို ခန္ဓာကိုယ်ရှိ ဦးနှောက်နှင့် ကျောရိုးမကြီးအား ဝန်းရံထားတဲ့ Cerebrospinal fluid နှင့် သွေးရည်ကြည်ထဲမှာ တွေ့ရပါတယ်။ လူ့ခန္ဓာကိုယ်အပြင် လတ်ဆတ်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၊ အစေ့အဆံများ၊ နွားနို့တို့မှာလည်း တွေ့ရပါတယ်။ ✳️ MSM မှာပါတဲ့ sulfur ဓာတ်ဟာ အရိုးအဆစ်များရှိ တွယ်ဆက်တစ်သျှူးများကို ပုံမှန်အတိုင်း လှုပ်ရှားနိုင်အောင် ထိန်းညှိပေးပါတယ်။ Sulfur က အဆစ်နေရာရှိ အရိုးနုများ ကြံ့ခိုင်ပြီး မပျက်စီးဖို့ရာအတွက် အရေးပါတဲ့ ပါဝင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် MSM ကို အရိုးနုများ ပျက်စီးပြီး အဆစ်များ ရောင်ရမ်းနာကျင်နေသူများတွင် သောက်သုံးဖို့ လိုအပ်ပါတယ်။ လက်၊ တင်ပါး၊ ဒူးနေရာတွေမှာဆိုရင် အရိုးအဆစ်ရောင်ရမ်းနာကျင်ခြင်းများ ပို၍…
Read More🧐 လျှာအောက်ငုံရတဲ့ ဆေးလေးတွေအကြောင်း
💊 ပုံမှန်သောက်ဆေးတွေလို ရေနဲ့မော့သောက်ရတာမဟုတ်ဘဲ လျှာအောက်မှာ ငုံထားပြီး သောက်ရတဲ့ ဆေးတွေကို sublingual လို့ ခေါ်ဆိုပါတယ်။ လျှာအောက်တွင် တံတွေးထုတ်ပေးသော တံတွင်းဂလင်း (Sublingual gland) ရှိတာကြောင့် sublingual လို့ ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။ 🙌 Sublingual ဆေးတွေက ပုံမှန်သောက်ဆေးတွေနဲ့ ကွာခြားချက်များစွာ ရှိပါတယ်။ ပုံမှန် မျိုချရတဲ့ ဆေးလုံး၊ ဆေးတောင့်တွေက သွေးကြောထဲကို ရောက်ရှိပြီး အာနိသင်ပေးဖို့အတွက် အစာအိမ်နှင့် အူလမ်းကြောင်း၊ အသည်း စတဲ့နေရာတွေကို ဖြတ်သန်းရပါတယ်။ ထိုသို့ ဖြတ်သန်းရတဲ့အခါ လူနာရဲ့ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေ၊ ဆေးမသောက်ခင်က စားထားတဲ့ အစားအသောက်နှင့် သောက်ထားတဲ့ တခြားသော ဆေးဝါးများ၊ အသည်း၏ လုပ်ဆောင်ချက် စတဲ့အချက်တွေက သွေးကြောထဲကိုရောက်ချိန်မှာ ပေးတဲ့…
Read More⭕️ ဂေါက်ရောဂါအကြောင်း တစေ့တစောင်း
🛑 ဂေါက်ရောဂါဆိုသည်မှာ အဆစ်များရဲ့ ဘေးပတ်လည်တွင် ယူရစ်အက်စစ်များ အနည်ထိုင်စုပုံလာခြင်းကြောင့်ဖြစ်လာသော အဆစ်ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ ဂေါက်ရောဂါရှိလျှင် အဆစ်နေရာများတွင် ရုတ်တရတ် ပြင်းထန်သော ရောင်ရမ်းနာကျင်မှုများကို ဖြစ်စေပါတယ်။ 🩸 ပုံမှန်အားဖြင့် ခန္ဓာကိုယ်မှ ထုတ်လိုက်သည့် ယူရစ်အက်စစ်များဟာ သွေးထဲမှတစ်ဆင့် ကျောက်ကပ်ကိုရောက်ကာ ဆီးနှင့်အတူ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ခံရပါတယ်။ အကယ်၍ ခန္ဓာကိုယ်မှ ယူရစ်အက်စစ်အထွက်များခြင်း (သို့) ကျောက်ကပ်မှ ယူရစ်အက်စစ်များကို ကောင်းစွာ စွန့်ထုတ်မပေးနိုင်ခြင်းများ ဖြစ်လာပါက ပိုလျှံလာတဲ့ ယူရစ်အက်စစ်များဟာ သေးငယ်ချွန်ထက်တဲ့ အစိုင်အခဲများအဖြစ် အဆစ်ဘေးပတ်လည်မှာ စုပုံလာပါတော့တယ်။ ထိုအစိုင်အခဲတွေက အဆစ်တွေကို ရောင်ရမ်းနာကျင်စေခြင်း ဖြစ်ပါတယ်။ 🔴 ဂေါက်ရောဂါဟာ အသက် (၃၀) ကျော် အမျိုးသားများ၊ သွေးဆုံးပြီး အမျိုးသမီးများတွင် အဓိက ဖြစ်လေ့ရှိပြီး အမျိုးသားတွေမှာ ပိုဖြစ်တာကို…
Read More⛈ မိုးမိလို့ မဖျားရအောင်
🤧 ယခုလို မိုးရာသီမှာ မိုးလေး နည်းနည်းမိလိုက်ပြီဆိုတာနဲ့ ကိုယ်လက်တွေ ညောင်းကိုက်ပြီး ဖျားချင်ချင် ဖြစ်နေပါသလား???ဒီလိုဆိုရင်တော့ အလုပ်ပျက် အကိုင်ပျက်နဲ့ အင်မတန် စိတ်ညစ်ဖို့ ကောင်းပါတယ်။ ဒါမျိုးတွေ မဖြစ်ရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုတင်ကာကွယ်လို့ရမလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်နော်။ 🦠 မိုးရာသီဆိုတဲ့ ကာလအပိုင်းအခြားဟာ ရောဂါပိုးမွှားများနှင့် ဖျားနာခြင်းတွေရန်ကနေ ကင်းဝေးအောင် ကျန်းမာရေးကို ဂရုစိုက်ပေးရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ အသီးအနှံ၊ အစေ့အဆံနဲ့ ဟင်းသီးဟင်းရွက် များများစားပြီး ခန္ဓာကိုယ်အတွက် ပြည့်စုံမျှတသော အာဟာရဓာတ်များ ဖြည့်တင်းပေးဖို့ လိုလာပါပြီ။ လိမ္မော်သီး၊ ဘယ်ရီသီး၊ ကြက်သွန်ဖြူ၊ ဂျင်းနဲ့ အစိမ်းရောင် ရှိတဲ့ အရွက်တွေကို များများစားဖြစ်ဖို့ လိုပါတယ်။ မိုးရာသီမှာ အလွယ်တကူ မဖျားစေဖို့ အသုံးဝင်မယ့် အကြံပြုချက်များကိုလည်း မျှဝေပေးပါရစေရှင်။ ✅ ရေဓာတ်ပြည့်ဝအောင်…
Read More