❗️ အူမကြီး ကင်ဆာ သတိပြုပါ

🍽 အူမကြီးသည် အစာခြေစနစ်၏ နောက်ဆုံးပိတ် အစိတ်အပိုင်းဖြစ်ပြီး ခန္ဓာကိုယ်အတွက် အသုံးပြုလို့ရတဲ့ စွမ်းအင်တွေ ထွက်လာအောင် အစာတွေကို ချေဖျက်ပေးပါတယ်။ အူမကြီး ကင်ဆာဟာ အသက်အရွယ် မရွေး ဖြစ်ပွားနိုင်သော်လည်း အသက်ကြီးပိုင်းတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ အစပိုင်းမှာ အူမကြီးထဲတွင် polyps လို့ခေါ်တဲ့ သေးငယ်သော ဆဲလ်အစုအဝေးလေး စတင်ဖြစ်ပေါ်လာပါတယ်။ Polyps တိုင်းက ကင်ဆာမဖြစ်စေသော်လည်း တချို့မှာ အချိန်ကြာလာတဲ့အခါ ကင်ဆာဆဲလ်များအဖြစ် ပြောင်းလဲသွားပါတယ်။

🩺 Polyps တွေက လက္ခဏာ မပြတဲ့အတွက် အူမကြီးထဲမှာ Polyps တွေ ရှိနေပြီလားဆိုတာ ပုံမှန်စမ်းသပ် စစ်ဆေးဖို့ ဆရာဝန်များက အကြံပြုလေ့ ရှိပါတယ်။ Polyps တွေကို ရှာဖွေဖယ်ရှားခြင်းဖြင့် အူမကြီး ကင်ဆာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကင်ဆာဖြစ်နေပြီဆိုပါက ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသခြင်း၊ ကင်ဆာဆေးသွင်းခြင်း၊ ကင်ဆာဆဲလ်ကို ဦးတည်တိုက်ခိုက်သည့် ကုထုံးဖြင့် ကုသခြင်းနှင့် ခုခံအားစနစ် ကုထုံးဖြင့် ကုသခြင်းတို့ လုပ်ဆောင်ပြီး ကင်ဆာဆဲလ်များ ထပ်မပွားအောင် ထိန်းချုပ်နိုင်ပါတယ်။

အူမကြီး ကင်ဆာ၏ လက္ခဏာများမှာ…

💢 ယခင်ကထက် ပိုပြီး မကြာခဏ ဝမ်းလျှောခြင်း (သို့) မကြာခဏ ဝမ်းချုပ်ခြင်း
💢 ဝမ်းသွားလျှင် သွေးပါခြင်း
💢 ဗိုက်နာခြင်း၊ လေပွခြင်း
💢 အားအင်ချိနဲ့ခြင်း
💢 ကိုယ်အလေးချိန် ကျဆင်းခြင်းတို့ ဖြစ်ပါတယ်။

အူမကြီးကင်ဆာ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေကတော့…

⚠️ အသက် (၅၀) ကျော်လာခြင်း
⚠️ အူမကြီးတွင် polyps များ ရှိခြင်း
⚠️ အူလမ်းကြောင်း ရောင်ရမ်းသည့် ရောဂါရှိခြင်း
⚠️ အူမကြီး ကင်ဆာ မျိုးရိုးရှိခြင်း
⚠️ အမျှင်ဓာတ် အစားနည်းပြီး အဆီအစားများခြင်း
⚠️ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
⚠️ ဆီးချိုရှိခြင်း
⚠️ အဝလွန်ခြင်း
⚠️ ဆေးလိပ်သောက်ခြင်း နှင့်
⚠️ အရက်သောက်ခြင်း တို့ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ကတော့ အသက် (၄၅) ကျော်ပြီဆိုရင် polyps တွေ ရှိမရှိကို ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ပေးသင့်ပြီး မိမိ၏ လူနေမှု ဘဝပုံစံကိုလည်း ကျန်းမာရေး လိုက်စားတဲ့ဘက်ကို ပြောင်းလဲယူခြင်းဖြင့် အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်…💜

Leave a Comment