💁 “ဦးရေပြား အဆီပြန်လွန်းသူများ အတွက်”
💢 အဆီပြန်နေတဲ့ ဦးရေပြားဟာ သာယာတဲ့ နေရက်တွေကို စိတ်ရှုပ်စရာအဖြစ် ပြောင်းလဲသွားစေပါတယ်။ ရုပ်ထွက်မလှစေတဲ့အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပါ ပျောက်ဆုံးသွားစေပါတယ်။ ဒီတော့ ဘာကြောင့် အဆီ အလွန်ထွက်ရတာလဲ။ အဲ့လို မထွက်အောင်ရော ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို သိထားဖို့ လိုပါပြီ။
❗️ ဦးရေပြားမှာ ပုံမှန် အဆီထွက်တာက ဆံသားကို တောက်တောက်ပြောင်ပြောင်လေး ဖြစ်စေသော်လည်း အဆီထွက် လွန်နေရင်တော့ ဗောက်ထခြင်း၊ ယားယံခြင်း၊ အဖတ်များလန်ခြင်းနှင့် ဆံသား မွှေးညှင်းပေါက်များ ရောင်ခြင်း စတဲ့ ပြဿနာများ ကြုံတွေ့ရပါတယ်။ ပိုပြီး ဆိုးလာရင်တော့ ဘက်တီးရီးယားတွေ ပေါက်ပွားကာ ပိုးဝင်သည်အထိ ဖြစ်နိုင်ပါတယ်။
ဦးရေပြားကို အဆီပြန်လွန်းစေတဲ့ အကြောင်းရင်း (၉) ချက် ရှိပါတယ်။
⭕️ မျိုးရိုးရှိခြင်း
⭕️ ခေါင်းအလျှော်လွန်ခြင်း
⭕️ မသန့်ရှင်းသော လက်ဖြင့် ဆံပင်ကို ကိုင်တွယ်ခြင်း၊ ခေါင်းအုံးစွပ် မလဲခြင်း
⭕️ အဆီနှင့် အချို အစားများခြင်း
⭕️ စိတ်ဖိစီးမှုများခြင်း
⭕️ Shampoo အရွေးမှားခြင်း
⭕️ ဟော်မုန်းပြောင်းလဲခြင်း
⭕️ သန္ဓေတားဆေးများ သောက်ရခြင်းနှင့်
⭕️ ပူနွေးစိုစွတ်တဲ့ ဒေသမှာ နေထိုင်ရခြင်းတို့ကြောင့် ဖြစ်ပါတယ်။
ဖြစ်ရတဲ့ အကြောင်းရင်းတွေကို သိရပြီဆိုတော့ ထိန်းချုပ်ဖို့က လွယ်သွားပါပြီ။
✅ တစ်ဦးနဲ့ တစ်ဦးမှာ ရှိတဲ့ ဆံသားအခြေအနေ မတူညီတာကြောင့် ခေါင်းလျှော်သင့်တဲ့ ကြိမ်ရေလည်း မတူပါဘူး။ ဒါကြောင့် ကိုယ့်ဆံပင် အခြေအနေကို ကြည့်ပြီး စမ်းသပ်ကြည့်ဖို့ လိုပါတယ်။ ကိုယ်က ခေါင်းလျှော်တာ များလို့ အဆီပိုထွက်နေတယ်လို့ ထင်ရရင် ခေါင်းကို အရင်ကထက် လျှော့ လျှော်ပြီး ကျန်ရက်တွေမှာ dry shampoo လောက်ပဲ သုံးပေးလို့ရပါတယ်။ အဲ့လိုမဟုတ်ဘဲ ကိုယ်က ခေါင်းသိပ်မလျှော်ဖြစ်လို့ အဆီပြန်လွန်းနေတာဆိုရင်တော့ တစ်ရက်ခြားတစ်ခါလောက် ပြောင်းလျှော်ပေးရပါမယ်။
🟠 နောက်တစ်ချက်ကတော့ ခေါင်းကို ကိုင်တော့မယ်ဆိုရင် သန့်ရှင်းတဲ့ လက်နဲ့ပဲ ကိုင်ရပါမယ်။ ခေါင်းဘီးကို အနည်းဆုံး တစ်ပါတ်တစ်ခါတော့ ဆေးပေးရပါမယ်။ ခေါင်းအုံးစွပ်ကိုလည်း မကြာခဏ လဲလှယ်ပေးရပါမယ်။
🔻 အဆီများတဲ့ အစားအစာတွေ၊ အချိုများတဲ့ အစားအစာတွေ လျှော့စားပေးရပါမယ်။
☑️ Shampoo ဝယ်တဲ့အခါ niacinamide, zinc salts, capryloyl glycine ပါတာတွေက အဆီထွက်နှုန်းကို လျှော့ချပေးပြီး ဦးရေပြားကို ကျန်းမာစေလို့ ထို products များကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ Conditioner သုံးတဲ့အခါမှာလည်း ဦးရေပြားနဲ့ မထိစေဘဲ ဆံသားအဖျားပိုင်းတွေကိုသာ အဓိက သုံးပေးရပါမယ်။ ခေါင်းလျှော်ပြီးလို့ လေမှုတ်တဲ့အခါ၊ အပူပေးပြီး ပုံသွင်းတဲ့အခါမျိုးမှာ ဆံသားကို ကာကွယ်မှုပေးတဲ့ အပူဒဏ်ခံ hair coat လိမ်းပြီးမှ လုပ်ရပါမယ်။
အခုဆိုရင် ဦးရေပြား အဆီပြန်လွန်းရတဲ့ အကြောင်းရင်းတွေကိုရော၊ ပြန်လည် ထိန်းသိမ်းလို့ရမယ့် နည်းလမ်းတွေကိုရော မျှဝေပြီး ဖြစ်တာကြောင့် အထက်ပါ နည်းလမ်းတွေကိုသာ ပြောင်းလဲကျင့်သုံးကြည့်မယ်ဆိုရင် အဆီထွက်နှုန်းကို လျှော့ချနိုင်ပြီး လိုချင်တဲ့ ဆံသား အခြေအနေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်ရှင်…