🌀 ကော်လဂျင် ဆိုတာ လှစေတာထက်ကို ပိုပါတယ်။

➰ ကော်လဂျင်လို့ ကြားလိုက်တာနဲ့ အသားအရေ လှဖို့အတွက်လို့ပဲ ထင်တတ်ကြပါတယ်။ တကယ်တော့ ကော်လဂျင်ရဲ့ အကျိုးကျေးဇူးတွေက အသားအရေ လှဖို့ ဆိုတာထက် ပိုပါတယ်။ ခန္ဓာကိုယ်ရှိ ပရိုတင်းဓာတ်များ၏ (၃၀) ရာခိုင်နှုန်းမှာ ကော်လဂျင်တွေ ဖြစ်ပါတယ်။ ထိုကော်လဂျင်တွေကို ခန္ဓာကိုယ်က သဘာ၀အတိုင်း ထုတ်ပေးသော်လည်း အသက် (၂၅) ကျော်တာနဲ့ ကော်လဂျင်ထုတ်နှုန်းက ကျဆင်းလာပါတယ်။ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးထက်လည်း လျော့နည်းလာပါတယ်။ အမျိုးသမီးတွေမှာဆိုရင် သွေးဆုံးပြီးတဲ့အခါ ကော်လဂျင် ထွက်နှုန်းက မရှိသလောက်ကို နည်းပါးသွားပါတယ်။

💠 အသက်ကြီးလာခြင်းအပြင် နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း၊ အိပ်ချိန်မလုံလောက်ခြင်း၊ အထိုင်များခြင်း၊ အချိုနှင့် ဆီကြော်စာတွေ အစားများခြင်းတို့ကလည်း ကော်လဂျင် ထွက်နှုန်းကို ကျဆင်းစေပါတယ်။ ထိုလျော့နည်းသွားတဲ့ ကော်လဂျင်တွေကို ပြင်ပကနေ ဖြည့်စွက်စာအဖြစ် သောက်သုံးပြီး ပြန်လည်ဖြည့်တင်းပေးလို့ ရနေတာကတော့ ဘုရားပေးတဲ့ ဆုလာဒ်ပါပဲ။

❓ ဒီတော့ ဘယ်အချိန်မှာ ကော်လဂျင်စသောက်ဖို့ လိုလာပြီလဲ။
👉 အသက် (၂၅) ကျော်တာနဲ့ ကော်လဂျင် စသောက်ဖို့လိုပါပြီ။

ကော်လဂျင်ပမာဏ ကျဆင်းလာချိန်မှာ ကြုံတွေ့ရတဲ့
🔘 အရေးအကြောင်းများ ပေါ်ခြင်း
🔘 မျက်တွင်းချိုင့်ခြင်း
🔘 ကြွက်သားများ လျော့တွဲကျခြင်း၊ ကြွက်သားများ နာကျင်ခြင်း
🔘 အရိုးနုများ ပျက်စီးခြင်းကြောင့် အဆစ်အမြစ်များ နာကျင်ခြင်း
🔘 လှုပ်ရှားရ ခက်ခဲခြင်း
🔘 သွေးလည်ပတ်မှု မကောင်းခြင်းနှင့်
🔘 အစာခြေလမ်းကြောင်းကို ကာရံပေးသော ကော်လဂျင်များ ပါးလာမှုကြောင့် အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ ဖြစ်ပေါ်ခြင်း

🔺 ဒီလို လက္ခဏာတွေ ပေါ်နေပြီဆိုရင်တော့ ကော်လဂျင်ကို မဖြစ်မနေ သောက်ပေးဖို့ လိုနေပါပြီ။

✴️ ကော်လဂျင်မှာဆိုရင် Type I, Type II, Type III စသဖြင့် မျိုးကွဲတွေလည်း အများကြီးရှိပါသေးတယ်။ ဈေးကွက်ထဲမှာ ဆိုရင်တော့ Type I နဲ့ Type II ကို supplement အနေနဲ့ အများဆုံး တွေ့ရပါတယ်။ Type I က အဓိကအားဖြင့် အရေပြားမှာ အများဆုံးရှိပြီး အသားအရေကို တင်းတင်းရင်းရင်း ဖြစ်စေကာ ငယ်ရွယ်နုပျိုစေပါတယ်။ Type II ကိုတော့ အရိုးနုတွေမှာ တွေ့ရပါတယ်။ ဒါကြောင့် အသားအရေလှဖို့အတွက်ဆိုရင် Type I ပါတဲ့ ထုတ်ကုန်တွေကို ရွေးချယ်သင့်ပြီး အဆစ်အမြစ်နာကျင်ခြင်းများ သက်သာဖို့ဆိုရင် Type II ကို သောက်သုံးရပါမယ်။

ဇီဝက ချစ်သူများအားလုံး ကိုယ်နဲ့ ကိုက်ညီတဲ့ ကော်လဂျင် အမျိုးအစားကို ရွေးချယ်သောက်သုံးရင်း ဇရာကို အံတုကာ ကျန်းမာလှပကြပါစေရှင်…💜

Leave a Comment