ကလေး၊ လူကြီးမရွေး သောက်သုံးနိုင်တဲ့ ဝမ်းပျော့၀မ်းမှန်ဆေး lactulose
✳️Lactulose (လက်ကျုလို့စ်) ဆိုသည်မှာ ဝမ်းပျော့ဆေး ဖြစ်ပါတယ်။ Lactulose ကို သောက်သုံးလိုက်တဲ့အခါ အစာအိမ်မှ Lactulose ကို စုပ်ယူမှု အားနည်းပြီး သူ့ကို ချေဖျက်နိုင်တဲ့ အင်ဇိုင်းလည်း မရှိတာကြောင့် အူမကြီးထဲကို ပြောင်းလဲခြင်းမရှိဘဲ ရောက်ရှိသွားပါတော့တယ်။ အူမကြီးထဲကို ရောက်တဲ့အခါ အူမကြီးရှိ ဘက်တီးရီးယားများမှ lactulose ကို lactic acid အဖြစ် ချေဖျက်လိုက်ပါတယ်။ ထိုမှတစ်ဆင့် ဝမ်းထဲရှိ ရေပါဝင်မှုပမာဏကို များစေပြီး ဝမ်းကိုပျော့သွားစေတာ ဖြစ်ပါတယ်။ ဒါကြောင့် lactulose ကို ဝမ်းချုပ်ခြင်းတွင် အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။
✳️Lactulose ကို ချေဖျက်ရာမှ ရရှိလာတဲ့ lactic acid က ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားလေးများ ကြီးထွားပွားများဖို့အတွက် တစ်ဖန်ပြန်ပြီး အထောက်အပံ့ကောင်း ပေးပါတယ်။ နာတာရှည် ပြင်းထန် အသည်းရောဂါရှိသူများတွင် အသည်းက ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို မရှင်းထုတ်နိုင်တော့တဲ့ အခြေအနေကြောင့် ဦးနှောက်၏ ပုံမှန်လုပ်ဆောင်ချက်များကို ထိခိုက်စေပါတယ်။ Lactulose ကို သောက်သုံးခြင်းဖြင့် ထွက်လာသော အကျိုးပြု ဘက်တီးရီးယားလေးများက သွေးထဲရှိ အဆိပ်အတောက်များကို ဖျက်ဆီးပေးနိုင်ခြင်းကြောင့် Hepatic encephalopathy (နာတာရှည် ပြင်းထန် အသည်းရောဂါကြောင့် ဦးနှောက်ထိခိုက်ခြင်းရောဂါ) မှာလည်း lactulose ကို အသုံးပြုကြခြင်း ဖြစ်ပါတယ်။
✳️ဂလတ်တို့စ် သကြားဓာတ်ကို မချေဖျက်နိုင်သူများ၊ အစာအိမ်နှင့် အူလမ်းကြောင်း ပိတ်နေသူများမှလွဲပြီး lactulose ကို မွေးကင်းစ ကလေးငယ်များမှစကာ လူကြီးများအထိ သောက်သုံးနိုင်ပါတယ်။ သို့သော် လိုအပ်သည်ထက်ပိုသောက်မိပါက ရေနှင့် ဓာတ်ဆားများ ဆုံးရှုံးပြီး ဝမ်းလျှောနိုင်တဲ့အတွက် ဆေးဝါးပညာရှင်အား သောက်သုံးသင့်သည့် ပမာဏကို သေချာမေးမြန်းပြီးမှသာ သောက်သုံးရပါမယ်။
✳️Lactulose အဆင့်ကနေ Lactic acid အဖြစ်ပြောင်းသွားမှသာ ဝမ်းပျော့စေသည့် အာနိသင်ကို ပေးစွမ်းနိုင်တာ ဖြစ်လို့ အက်စစ်ဓာတ်ကို လျော့ကျစေနိုင်တဲ့ aluminium hydroxide, magnesium hydroxide, magnesium trisilicate လို nonabsorbable antacid တွေနဲ့ အတူတွဲမသောက်သင့်ပါ။
✳️Lactulose ကို သောက်သုံးနေစဉ်အတွင်း ရေကို တစ်ရက်လျှင် (၂) လီတာ ပြည့်အောင် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ Avolac တွင် ပါ၀င်သော Lactuloseသည် ၀မ်းပျော့၀မ်းမှန် အောင်လုပ်ဆောင်ပေးသောကြောင့် ဗိုက်ရစ်၊ ဗိုက်နာခြင်း မရှိဘဲ ၀မ်းသွားရလွယ်ကူစေပါတယ်။ ထို့ကြောင့် ကလေး၊လူငယ် နှင့် လူကြီး များပါမကျန် အရွယ်သုံးပါးစလုံး သောက်သုံးနိုင်ပါတယ်။
✳️ဝမ်းချုပ်သည့်အခါ ပထမဦးစားပေး ကုသမှုနည်းလမ်းအနေဖြင့် အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များကို များများစားပေးခြင်း၊ ရေများများသောက်ပေးခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို အရင်ကထက် ပိုလုပ်ပေးခြင်းတို့ လုပ်ဆောင်ရမှာ ဖြစ်ပြီး ထိုကဲ့သို့လုပ်သော်လည်း ဝမ်းမသွားဘူးဆိုမှသာ ဝမ်းပျော့ဆေးကို စသောက်ရမှာ ဖြစ်ပါတယ်ရှင်။