💜 ဂရုစိုက်ပါ နှလုံးရောဂါ 💜
🔺 နှလုံးရောဂါ ဆိုတာ အသက်ဆုံးရှုံးနိုင်ခြေ မြင့်မားတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ နှလုံးရောဂါကို ဖြစ်စေသည့် အကြောင်းရင်းများမှာ ကိုလက်စထရောများခြင်း၊ သွေးတိုးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ ဆီးချိုရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။
🫀 နှလုံးက ကောင်းစွာ အလုပ်မလုပ်တော့လျှင် ခန္ဓာကိုယ်အနှံ့သို့ သွေး၊ အောက်စီဂျင်နှင့် အာဟာရဓာတ်များ လုံလောက်စွာ ပို့ဆောင်နိုင်ရန် အခက်အခဲ ဖြစ်လာပါတယ်။ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ ခြေထောက်ဖောရောင်ခြင်း၊ မူးဝေခြင်းတို့သည် နှလုံးရောဂါ၏ အစောပိုင်း လက္ခဏာများဖြစ်လို့ သတိပြုသင့်ပါတယ်။
နှလုံးရောဂါ အမျိုးအစားများတွင်
❗️ နှလုံးသွေးကြောကျဉ်း ရောဂါ
❗️ နှလုံးစည်းချက်မမှန်သည့် ရောဂါ
❗️ နှလုံးအဆို့ရှင်ဆိုင်ရာ ရောဂါ
❗️ နှလုံးကြွက်သားဆိုင်ရာ ရောဂါ
❗️ နှလုံးမညှစ်နိုင်သည့် ပြဿနာ
❗️ မွေးရာပါ နှလုံးရောဂါနှင့်
❗️ နှလုံးဘေးပတ်လည်တွင် ရေအိတ်တည်ခြင်းတို့ ပါ၀င်ပါတယ်။
⚠️ အားလုံးထဲမှာ နှလုံးသွေးကြောကျဉ်းရောဂါကတော့ အဖြစ်အများဆုံး အမျိုးအစား ဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ရှိပါက အဆီနှင့် ဆား လျှော့စားရပါမယ်၊ လေ့ကျင့်ခန်း ပိုလုပ်ရပါမယ်၊ ဆရာဝန် ညွှန်ကြားထားတဲ့ ဆေးဝါးများကို သေချာစွာ လိုက်နာသောက်သုံးရပါမယ်။
☛ နှလုံးရောဂါ၏ နောက်ဆက်တွဲ အနေဖြင့် ရုတ်တရတ် နှလုံးအမောဖောက်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရပ်ခြင်း၊ ကျောက်ကပ် (သို့) အသည်းပျက်စီးခြင်းတို့ ဖြစ်နိုင်ပါတယ်။
နှလုံးရောဂါ မျိုးရိုးရှိပါက ကြိုတင်ကာကွယ်နိုင်ရန်
☑️ ကိုယ်အလေးချိန်ထိန်းပါ။
☑️ တစ်နေ့ကို အနည်းဆုံး မိနစ် (၃၀) ခန့် လေ့ကျင့်ခန်းလုပ်ပါ။
☑️ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာတွေကို စားပါ။
☑️ စိတ်ဖိစီးမှုများကို လျှော့ချပါ။
☑️ ဆေးလိပ်ဖြတ်ပါ။
⭕️ နှလုံးရောဂါသည် စောစီးစွာ တွေ့ရှိပါက ကုသရန် ပိုမိုလွယ်ကူပါတယ်။ ထို့ကြောင့် သင်၏ နှလုံးကျန်းမာရေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မနေရအောင် ကျန်းမာရေး စစ်ဆေးမှုများ ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှသာ ဖြစ်နိုင်ခြေ အလားအလာများ ရှိနေပါက ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပြီး လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ မိသားစုမှာ နှလုံးရောဂါမျိုးရိုးရှိနေလျှင် ပိုပြီး ဂရုစိုက်ဖို့ လိုပါတယ်။