“ချိုင်းမည်းနေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ကျဆင်းနေပါသလား?”

😫 ချိုင်းကြားအသားအရေ မည်းညစ်တာဟာ အဖြစ်များတဲ့ အလှအပရေးရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ ပူအိုက်တဲ့ရာသီမှာ ချိုင်းမည်းနေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာကြောင့် အင်္ကျီလက်ပြတ်မဝတ်ရဲသူတွေအတွက် သတိထားရမယ့် အချက်လေးတွေကို မျှဝေလိုက်ပါတယ်ရှင့်

အရင်ဆုံး ချိုင်းမည်းစေတဲ့ အကြောင်းရင်းများကို ဦးစွာရှင်းပြပါရစေ…

🔹 ချွေးနံ့ပျောက် ချိုင်းလိမ်းဆီများတွင် ပါသည့် ဓာတုပစ္စည်းများ

🔹 ချိုင်းမွှေးရိတ်ခြင်းမှ ဖြစ်လာသော ပွတ်တိုက်မှုများနှင့် ယားယံမှုများ

🔹 ရေချိုးချိန်မှာ ချိုင်းကို သေချာမသန့်ရှင်းပေးတာကြောင့် စုပုံလာသော ဆဲလ်အသေများ

🔹 တင်းကြပ်သော အဝတ်အစားများကြောင့် ဖြစ်ရသည့် ပွတ်တိုက်မှုများ နှင့်

🔹 ဆေးလိပ်သောက်ခြင်းတို့က ချိုင်းကိုမည်းညစ်စေတတ်ပါတယ်။

🧪 ချိုင်းမည်းတာ သက်သာစေဖို့အတွက် အရင်ဆုံး မိမိသုံးနေတဲ့ ချိုင်းလိမ်းဆီကို ပြောင်းရပါမယ်။ သဘာ၀ အော်ဂဲနစ် ပစ္စည်းများပါသော ထုတ်ကုန်များကို ဦးစားပေး ရွေးချယ်သုံးပါ။ ချိုင်းမည်းစေတဲ့ Aluminium နဲ့ Alcohol ပါတဲ့ ချိုင်းလိမ်းဆီတွေကို ရှောင်သင့်ပါတယ်။ Sensitive skin သမားတွေ အနေနဲ့ကတော့ အနံ့မပါဘဲ အစိုဓာတ်ထိန်းပေးနိုင်တဲ့ ချိုင်းလိမ်းဆီမျိုးကို သုံးသင့်ပါတယ်။

🚿 Melanin လို့ ခေါ်တဲ့ ရောင်ခြည်ပစ္စည်းတွေ အရေပြားကနေ ထွက်တာများတဲ့အခါ ချိုင်းမည်းစေနိုင်ပါတယ်။ ရေချိုးတဲ့အခါ ချိုင်းကို သေချာ သန့်ရှင်း မပေးတာကြောင့် စုပုံလာတဲ့ ဆဲလ်အသေတွေက melanin ကို ပိုထွက်စေပြီး ချိုင်းပိုမည်းစေပါတယ်။ ဒါကြောင့် တစ်ပါတ်ကို နှစ်ကြိမ်ခန့် ချိုင်းကို body scrub နဲ့ တိုက်ပေးရပါမယ်။ ထို့အတူ မျိုးရိုးဗီဇ၊ အရွယ်ရောက်ချိန် (သို့) ကိုယ်ဝန်ဆောင်ချိန်တွင် ဟော်မုန်းပြောင်းလဲခြင်းနှင့် အရေပြားတွင် ထိခိုက်ဒဏ်ရာ ရခြင်းတို့ကလည်း melanin ထွက်နှုန်းကို များစေပါတယ်။

🪒 ချိုင်းမွှေးရိတ်ခြင်းက အရေပြားကို ထိခိုက်ဒဏ်ရာရစေတဲ့ အကြောင်းရင်းထဲက တစ်ခု ဖြစ်ပါတယ်။ ခဏခဏ ချိုင်းမွှေးရိတ်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်း ရိတ်ခြင်း၊ shaving cream မသုံးဘဲ ရိတ်ခြင်းတွေက အသားကို ခိုင်းမိပြီး ချိုင်းပိုမည်းစေပါတယ်။ ဒါကြောင့် ချိုင်းမွှေးရိတ်မယ်ဆိုရင် shaving cream သုံးပြီးရိတ်ပါ။ ဓားတုံးနေလျှင် အသစ်လဲပါ။ ချိုင်းမွှေးရိတ်တဲ့အခါ ပွတ်တိုက်မှု အနည်းဆုံး ဖြစ်မည့် ပုံစံကို ပြောင်းရိတ်ပါ။ ရိတ်ပြီးသွားချိန်မှာလည်း soothing ဖြစ်စေဖို့အတွက် moisturizer သုံးပေးပါ။

👩🏻‍⚕️ ဖြစ်နိုင်လျှင် ချိုင်းမွှေးရိတ်မည့်အစား Waxing (ဖယောင်းကပ်ခွာ) သုံးခြင်း၊ လေဆာဖြင့် အမွှေးအမျှင် ဖယ်ရှားခြင်းများ လုပ်ဆောင်ပေးခြင်းက ပိုသင့်တော်ပါတယ်။ လေဆာသုံးခြင်းက အချိန်ကြာကြာ ချိုင်းမွှေး ပြန်မပေါက်အောင်လည်း လုပ်ပေးနိုင်ပါတယ်။ သို့သော် လေဆာသုံးပြီး ဖယ်ရှားမယ်ဆိုရင်တော့ စိတ်ချရတဲ့ အလှအပရေးရာ ဆေးခန်းမှာသာ လုပ်ဆောင်သင့်ပါတယ်။

👚 ချိုင်း၊ ပေါင်ခြံ၊ တံတောင်ဆစ်နှင့် ဒူးတွေက နေ့စဉ်နှင့်အမျှ ပွတ်တိုက်မှုတွေ များတဲ့အတွက် ထိုနေရာတွေဟာ တခြားနေရာတွေထက် မည်းနေတတ်ပါတယ်။ ကြပ်လွန်းတဲ့ အဝတ်အစားတွေ ဝတ်တဲ့အခါမှာ ပွတ်တိုက်မှု ပိုများစေတဲ့အတွက် တင်းကြပ်သော အဝတ်အစားများထက် လေဝင်လေထွက်ကောင်းသော အဝတ်အစားများကို ဝတ်သင့်ပါတယ်။

တကယ်တော့ ချိုင်းမည်းတယ်ဆိုတာ ရှက်စရာ မဟုတ်ပါဘူး။ အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေကိုသာ ပြောင်းလဲကျင့်သုံးလိုက်မယ်ဆိုရင် ချိုင်းကြားအသားအရေ ပြန်လည်ဖြူဝင်းလာမှာပဲ ဖြစ်ပါတယ်ရှင့်။ ယခုဝေမျှပေးလိုက်တဲ့ ဗဟုသုတအချက်လေးတွေကြောင့် ချိုင်းမည်းညစ်ခြင်းကို ရှောင်ရှားကာကွယ်ပြီး ယုံကြည်မှုအပြည့်နှင် လှပနိုင်ကြဖို့ မျှော်လင့်လိုက်ပါတယ်…💜

Leave a Comment