🌐World Health Organization (WHO) ဖြစ်ပေါ်လာပုံအကြောင်းသိကောင်းစရာ

🌐 WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မပေါ်ပေါက်ခင်ကတည်းက ကမ္ဘာတစ်ဝန်းမှာ ကာလဝမ်းရောဂါနဲ့ ပလိပ်ရောဂါလိုမျိုး ကူးစက်ရောဂါတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ၁၈၅၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းရေးညီလာခံ (International Sanitary Conferences) ဟာ ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေရဲ့ ကနဦးခြေလှမ်းလို့ ဆိုနိုင်ပါတယ်။👣

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်မှာ ကုလသမဂ္ဂ (United Nations) ကို တည်ထောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လူသားအားလုံး အမြင့်ဆုံးကျန်းမာရေး အဆင့်အတန်းကို ရရှိခံစားနိုင်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတစ်ခု လိုအပ်ကြောင်း ဘရာဇီးနဲ့ တရုတ်နိုင်ငံတို့က အဆိုတင်သွင်းခဲ့ကြပါတယ်။🤝

ဒါကြောင့် ၁၉၄၆ ခုနှစ်၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးညီလာခံမှာ နိုင်ငံပေါင်း (၆၁) နိုင်ငံက WHO ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေက အတည်ပြုပြီးနောက် ၁၉၄၈ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို တရားဝင် စတင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။✍️

WHO ဟာ နိုင်ငံရေးထက် လူသားတွေရဲ့ အသက်အန္တရာယ်ကာကွယ်ရေးနဲ့ ကျန်းမာကြံ့ခိုင်ရေးကိုသာ အဓိကထားတဲ့ အဖွဲ့အစည်းအဖြစ် ယနေ့တိုင် ရပ်တည်နေပါတယ်။ ကျောက်ရောဂါကို ကမ္ဘာပေါ်ကနေ အမြစ်ပြတ်တိုက်ဖျက်နိုင်ခဲ့သလို COVID-19 နဲ့ အီဘိုလာ (Ebola) ကဲ့သို့သော ကမ္ဘာ့ကပ်ရောဂါ အရေးပေါ်အခြေအနေတွေကိုလည်း အောင်မြင်စွာ ဦးဆောင်ကိုင်တွယ်နိုင်ခဲ့ပါတယ်။💪

💬 ဒီလိုထူးခြားတဲ့ သမိုင်းမှတ်တိုင်ရှိခဲ့တဲ့ ဧပြီလ (၇) ရက်နေ့ကိုပဲ နှစ်စဉ် “ကမ္ဘာ့ကျန်းမာရေးနေ့ (World Health Day)” အဖြစ် သတ်မှတ်ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ Content လေးကနေ WHO ရဲ့ နောက်ခံသမိုင်းကြောင်းကို ပိုမိုဗဟုသုတရရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဇီဝကကို ချစ်ခင်အားပေးကြတဲ့ Customer ကြီးများအတွက် ဇီဝကဆေးဆိုင် က အမြဲအသင့်ရှိနေပါတယ်! 💊

#Jivaka #jivakapharmacy #Mandalay #healthylife #deliveryservice #healthsupplements #ဇီဝကဆေးဆိုင် #WorldHealthDay #HealthAwareness #WHO

Leave a Comment