💁🏻♀️မိုးရာသီမှာ အဖြစ်များတဲ့ ရောဂါတွေကနေ ဘယ်လိုကာကွယ်မလဲ?
🌧မိုးရာသီရောက်လာပြီဆိုတော့ အေးမြတဲ့အငွေ့အသက်နဲ့အတူ ရောဂါဘယတွေကလည်း အမြဲကပ်ပါလာတတ်ပါတယ်။
💁🏻♀️အခုလို မိုးရာသီမှာ အအေးမိ၊ နှာစေးရုံတင်မကဘဲ ကိုယ်မသိလိုက်ဘဲ ကပ်ပါလာတတ်တဲ့ ရောဂါပိုးတွေက ပတ်ဝန်းကျင်မှာ အများကြီးရှိနေပါတယ်။
ဒီလိုရာသီမှာ အဓိကသတိထားရမယ့် အချက် (၃) ချက်ရှိပါတယ် …
💌ရေသန့်သန့်သောက်ဖို့နဲ့ အစားအသောက်သတိထားဖို့က ပထမဦးစားပေးအချက်ပါ။
မိုးတွင်းမှာ ဝမ်းပျက်ဝမ်းလျှောတာနဲ့ အစာအဆိပ်သင့်တာတွေက အဖြစ်အများဆုံးမလို့ လမ်းဘေးစာတွေထက် အိမ်မှာချက်တဲ့ ပူပူနွေးနွေးအစားအစာတွေကို ပိုဦးစားပေးစားပေးပါ။
💌ခြင်အန္တရာယ်ကို အထူးသတိပြုပါ။
အိမ်ပတ်ဝန်းကျင်မှာ ရေတင်ကျန်တာမျိုးမရှိအောင် ဂရုစိုက်ပြီး ခြင်မကိုက်အောင် နေထိုင်ဖို့လိုအပ်ပါတယ်။
💌ကိုယ်ခံအားစနစ် မြှင့်တင်ထားပါ။
ရုတ်တရက် ရာသီဥတုအပြောင်းအလဲမှာ ခန္ဓာကိုယ်က လိုက်လျောညီထွေဖြစ်အောင် ဗီတာမင်စီနဲ့ လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်စွက်ပေးသင့်ပါတယ်။ဒါ့အပြင် မိုးရာသီမှာအဖြစ်များတဲ့ ရာသီတုပ်ကွေးဒဏ်ကနေ ကာကွယ်နိုင်ဖို့အတွက်လည်း တုပ်ကွေးကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားဖို့ တိုက်တွန်းပါရစေ။
နေမကောင်းမှ ဆေးဆိုင်ပြေးတာထက် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားတာက အကောင်းဆုံးပါ။
🤗ဇီဝကဆေးဆိုင်မှာဆိုရင် မိုးရာသီအတွက် လိုအပ်တဲ့အိမ်သုံးဆေးဝါးတွေ၊ အားဆေးတွေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေကို တစ်နေရာတည်းမှာ ယုံကြည်စိတ်ချစွာဝယ်ယူရရှိနိုင်ပါတယ်။
✨မိသားစုကျန်းမာရေးအတွက် ဘယ်လိုဆေးဝါးမျိုးတွေ ဆောင်ထားသင့်လဲဆိုတာ သိချင်ရင်တော့ ဇီဝကဆေးဆိုင်ကို အခုပဲ လာရောက်ဆွေးနွေးတိုင်ပင်လိုက်ပါနော်။
🏠ဇီဝကဆေးဆိုင်(၁) လမ်း(၃၀)၊ (၇၆)လမ်းနှင့် (၇၇)လမ်းကြား၊ မန္တလေးမြို့။
🏠ဇီဝကဆေးဆိုင်(၂) လမ်း(၃၀)၊ (၇၄)လမ်းထောင့်၊ မန္တလေးမြို့။
🏠ဇီဝကဆေးဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊ (၆၂)လမ်းနှင့် (၆၄)လမ်းကြား၊ မန္တလေးမြို့။
🏠ဇီဝကဆေးဆိုင်(၄) ၃၈လမ်း၊ (၇၈)လမ်းနှင့် (၇၉)လမ်းကြား၊ မန္တလေးမြို့။
#JivakaPharmacy #Mandalay #HealthCare #RainySeason #Prevention #ဇီဝကဆေးဆိုင်