✨ အပူဒဏ်ကြောင့် အသက်အန္တရာယ် မထိခိုက်စေဖို့ Heatstroke ကာကွယ်ရေးလမ်းညွှန်
🌡 မြန်မာနိုင်ငံတစ်ဝှမ်း အပူချိန်က တစ်နေ့ထက်တစ်နေ့ စံချိန်တင် မြင့်တက်နေတာကြောင့် အပြင်ထွက်သွားလာသူတွေအနေနဲ့ အပူလျှပ်ခြင်း (Heatstroke) အန္တရာယ်ကို အထူးသတိထားဖို့ လိုအပ်လာပါတယ်။
✨ အပူဒဏ်ကြောင့် အသက်အန္တရာယ် မထိခိုက်စေဖို့အတွက် Jivaka Pharmacy မှ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် လမ်းညွှန်ချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။
✅ လုပ်ဆောင်သင့်သည့် အချက်များ
🟧 ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ တစ်နေ့တာလုံး ရေကို ခပ်စိပ်စိပ် သောက်ပေးပါ။ လိုအပ်ပါက ဓာတ်ဆားရည် သောက်သုံးပေးနိုင်ပါတယ်။
🟧 ချည်သားကဲ့သို့ လေဝင်လေထွက်ကောင်းပြီး အရောင်ဖျော့တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။
🟧 အပြင်ထွက်ရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်များ အသုံးပြုပြီး Sunscreen ကိုလည်း မမေ့မလျော့ လိမ်းပေးပါ။
🟧 အပူချိန်ပြင်းချိန်တွင် လတ်ဆတ်သန့်ရှင်းတဲ့ အစားအစာများကိုသာ ရွေးချယ်စားသုံးပါ။
❌ ရှောင်ကြဉ်သင့်သည့် အချက်များ
🟧 မွန်းတည့် (၁၂) နာရီမှ ညနေ (၄) နာရီအတွင်း နေပူထဲ တိုက်ရိုက်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။
🟧 နေပူထဲက ပြန်လာလာချင်း ချွေးမတိတ်ခင် ရေချက်ချင်းချိုးခြင်းကို ရှောင်ကြဉ်ပါ။
🟧 အရက်၊ ဘီယာ၊ ကဖင်းဓာတ်ပါတာနဲ့ အချိုလွန်ကဲတဲ့ သောက်စရာတွေဟာ ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ပိုကုန်ခမ်းစေပါတယ်။
🟧 နေပူထဲမှာ ပြင်းထန်တဲ့အားကစားလုပ်ခြင်းနဲ့ ခွန်အားသုံးရတဲ့အလုပ်တွေ မလုပ်ပါနဲ့။
❗️ အရေးပေါ်သတိပြုရန်
မိမိ (သို့) ပတ်ဝန်းကျင်ကလူတွေမှာ ကိုယ်အပူချိန် အလွန်တက်လာခြင်း၊ သတိလစ်ခြင်း၊ မူးဝေအော့အန်ခြင်းနဲ့ ချွေး လုံးဝ မထွက်တော့ခြင်းတို့ ဖြစ်လာရင် ဆေးရုံ/ဆေးခန်းသို့ အမြန်ပို့ဆောင်ရင်း အောက်ပါအတိုင်း အမြန်ဆုံး လုပ်ဆောင်ပေးပါ။
👉🏻 အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာကို ချက်ချင်းရွှေ့ပေးပါ။
👉🏻 တင်းကျပ်နေတဲ့ အဝတ်အစားတွေကို ချွတ်ပေးပြီး လေဝင်အောင် လုပ်ပေးပါ။
👉🏻 ခန္ဓာကိုယ်အနှံ့ ရေပတ်တိုက်ပေးပါ။ ချိုင်းကြား၊ ပေါင်ကြားနဲ့ လည်ပင်းဘေးတွေကို ရေခဲထုပ် (သို့) ရေအေးဘူးများ ကပ်ပေးပါ။
👉🏻 လူနာက သတိရှိနေရင် ရေအေး/ဓာတ်ဆားရည် နည်းနည်းချင်း တိုက်ပေးပါ။ (သတိလစ်နေရင် ရေ လုံးဝမတိုက်ပါနဲ့!)
မိမိကိုယ်ကိုရော မိမိချစ်ခင်ရသူတွေကိုပါ အပူဒဏ်အန္တရာယ်ကနေ ကာကွယ်ဖို့ အခုလမ်းညွှန်ချက်လေးတွေကို လိုက်နာဖို့ တိုက်တွန်းပါရစေရှင်။
💊 အပူဒဏ်ကြောင့်ဖြစ်တဲ့ နုံးချိမှုတွေအတွက် လိုအပ်တဲ့ အားဆေးများ၊ ဓာတ်ဆားရည်များနှင့် ဆေးဝါးမျိုးစုံကို Jivaka Pharmacy မှာ ယုံကြည်စိတ်ချစွာ ဝယ်ယူရရှိနိုင်ပါတယ်ရှင်။
🙏✨ အားလုံးပဲ အပူဒဏ်ကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း Jivaka Pharmacy မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
🏠 ဇီဝကဆေးဆိုင် (၁) – လမ်း(၃၀)၊ (၇၆)လမ်းနှင့် (၇၇)လမ်းကြား၊ မန္တလေးမြို့။
🏠 ဇီဝကဆေးဆိုင် (၂) – လမ်း(၃၀)၊ (၇၄)လမ်းထောင့်၊ မန္တလေးမြို့။
🏠 ဇီဝကဆေးဆိုင် (၃) – မနော်ဟရီလမ်း (၁၁၀လမ်း)၊ (၆၂)လမ်းနှင့် (၆၄)လမ်းကြား၊ မန္တလေးမြို့။
🏠 ဇီဝကဆေးဆိုင် (၄) – ၃၈လမ်း၊ (၇၈)လမ်းနှင့် (၇၉)လမ်းကြား၊ မန္တလေးမြို့။
#JivakaPharmacy #Mandalay #HealthCare #HealthSupport #Heatstroke #ဇီဝကဆေးဆိုင်