🤔ရာသီအကူးအပြောင်းမှာ တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
မြန်မာနိုင်ငံရဲ့ လက်ရှိရာသီဥတုက တကယ်ပဲ ခန့်မှန်းရခက်ပါတယ်။ မနက်ပိုင်းမှာ ပူချင်ပူနေပြီး ညနေပိုင်းမှာ မိုးက ရုတ်တရက်သည်းကြီးမဲကြီး ရွာချတတ်တာမျိုးပါ။ ဒီလို အပူအအေးမမျှတတဲ့ ရာသီအကူးအပြောင်းမှာ ရာသီတုပ်ကွေးဗိုင်းရပ်စ်တွေ အလွယ်တကူ ဝင်ရောက်တတ်ပါတယ်။
🤔 ဘာကြောင့် အခုလိုအချိန်မှာ ပိုဖြစ်ရတာလဲ?
အပူချိန် ရုတ်တရက်ပြောင်းလဲသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းညှိမှုစနစ် (Thermoregulation) က အလုပ်ပိုလုပ်ရလို့ ကိုယ်ခံအား ခဏတာကျဆင်းသွားတတ်ပါတယ်။ လေထုထဲမှာလည်း စိုထိုင်းဆများလာတာကြောင့် ဗိုင်းရပ်စ်တွေပိုမိုပွားများလာတာကြောင့်ဖြစ်ပါတယ်။
🤒 ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ?
ရိုးရိုးအအေးမိတာထက် တုပ်ကွေးက လူကိုပိုပြီးပင်ပန်းစေပါတယ်။
▫️ ကိုယ်အပူချိန် ရုတ်တရက်တက်လာခြင်း
▫️ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း
▫️ နှာစေး၊ နှာပိတ်ခြင်း
▫️ ခြေကုန်လက်ပန်းကျပြီး နုံးချိခြင်း
▫️ ကြွက်သား၊ အဆစ်အမြစ်များ ကိုက်ခဲခြင်း
🛡 ရာသီတုပ်ကွေးကာကွယ်ဖို့ နည်းလမ်းကောင်းများ
တုပ်ကွေးကကူးစက်မြန်တာကြောင့် မိမိအတွက်ရော၊ မိသားစုအတွက်ပါ အောက်ပါအတိုင်း ကာကွယ်နိုင်ပါတယ်။
▫️ မိုးမိတဲ့အခါ အိမ်ရောက်ရင် ခေါင်းလျှော်ရေချိုးပြီး နွေးထွေးစွာနေပါ။
▫️ ရာသီဥတုပူရင် ရေဓာတ်ခမ်းခြောက်မှုမဖြစ်အောင် ရေပုံမှန်သောက်ပေးပါ။
▫️ အစားမစားမီနဲ့ အပြင်ကပြန်လာတိုင်း လက်ကို ဆပ်ပြာနဲ့စက္ကန့် ၂၀ ကြာအောင် ဆေးကြောပါ။
▫️ အာဟာရပြည့်ဝအောင်စားပါ။
▫️ နှာခေါင်းစည်း (Mask) တပ်ပါ။
🩺 ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲ?
(၂) ရက်၊ (၃) ရက်အတွင်း ဖျားနာတာ မသက်သာဘူးဆိုရင် ဒါမှမဟုတ် အသက်ရှူရခက်ခဲတာ၊ ရင်ဘတ်အောင့်တာမျိုး ခံစားရရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ အမြန်ဆုံး ပြသသင့်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေနဲ့ လူကြီးပိုင်းတွေအတွက် ပိုဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
✅ ရာသီတုပ်ကွေးကို အထိရောက်ဆုံးကာကွယ်နိုင်ဖို့အတွက်ဆိုရင် တစ်နှစ်တစ်ကြိမ် တုပ်ကွေးကာကွယ်ဆေး (Flu Vaccine) ထိုးနှံထားခြင်းကလည်း သင့်ရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ ဖြစ်ပါတယ်။ 💉
ချစ်ခင်ရပါသော မိဘပြည်သူများအားလုံး ရုတ်တရက်အပြောင်းအလဲမြန်တဲ့ ရာသီဥတုဒဏ်ကနေ ကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း ဇီဝကဆေးဆိုင်မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 💜
#jivaka #pharmacy #Jivakapharmacy #healthylife #consultant #ဇီဝကဆေးဆိုင် #ရာသီတုပ်ကွေး