အူမကြီးအတွင်းက “ပုန်းလျှိးကွယ်လျှိး” အဖုအကျိတ်လေးများ (Colon Polyps) အကြောင်း 🔍
အသက် ၅၀ ကျော်လာပြီဆိုရင် ဒါကို လုံးဝ လျစ်လျူမရှုသင့်ပါဘူး။ ❌
မိမိကိုယ်မိမိ ကျန်းမာတယ်လို့ ထင်နေရပေမယ့် ခန္ဓာကိုယ်ထဲမှာ လက္ခဏာမပြဘဲ တိတ်တဆိတ် ကြီးထွားနေတတ်တဲ့ အရာလေးတွေ ရှိတတ်ပါတယ်။ အဲ့ဒါကတော့ Colon Polyp လို့ခေါ်တဲ့ အူမကြီးအသားပို အဖုအကျိတ်လေးတွေပဲ ဖြစ်ပါတယ်။ 🩺
အထူးသဖြင့် အသက် (၅၀) နဲ့ (၅၉) နှစ်ကြားမှာ ဒီအသားပိုလေးတွေ ဖြစ်ပွားနိုင်ခြေ ပိုများလာတတ်ပါတယ်။
၁။ Colon Polyp ဆိုတာ ဘာလဲ? 🤔
အူမကြီးရဲ့ အတွင်းဘက် နံရံမှာ ဖြစ်ပေါ်လာတဲ့ ဆဲလ်အစုအဝေးလေးတွေ ဖြစ်ပါတယ်။ အများစုကတော့ အန္တရာယ်မရှိတဲ့အဆင့်မှာ ရှိနေတတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အချို့သော အဖုလေးတွေကနေ အူမကြီးကင်ဆာအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ⚠️
၂။ ဘာကြောင့် “ပုန်းလျှိုးကွယ်လျှိုး” လို့ ပြောရတာလဲ? 🕵️♂️
ဒါက ကြောက်စရာအကောင်းဆုံး အချက်ပါပဲ။ Colon Polyps အများစုဟာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ လူက ပုံမှန်အတိုင်း ကျန်းကျန်းမာမာရှိနေပေမယ့် အူမကြီးထဲမှာတော့ ဒီအသားပိုလေးတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ရောဂါအမြစ်မတွယ်ခင် ကြိုတင်စစ်ဆေးဖို့က အလွန်အရေးကြီးတာ ဖြစ်ပါတယ်။ 🔍
၃။ ဘယ်လိုလူတွေမှာ ဖြစ်နိုင်ခြေ ပိုများလဲ? 👥
🎂 အသက် (၅၀) ကျော်သူများ
⚖️ ကိုယ်အလေးချိန် များလွန်းသူများ
🚬 ဆေးလိပ်သောက်တတ်သူများ
🧬 မိသားစုမျိုးရိုးထဲမှာ အူမကြီးကင်ဆာ သို့မဟုတ် အူမကြီးအသားပို ဖြစ်ဖူးသူများ ဖြစ်ပါတယ်။
၄။ သတိထားသင့်တဲ့ လက္ခဏာအချို့ 🚨
အကယ်၍ –
🚽 ဝမ်းချုပ်တာ (သို့) ဝမ်းလျှောတာ တစ်ပတ်ထက်ပိုပြီး ဖြစ်နေရင်၊
🩸 ဝမ်းထဲမှာ သွေးစမျှင်လေးတွေ ပါလာရင်/ ဝမ်းအမည်းသွားနေရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဆွေးနွေးသင့်ပါတယ်။
💥 အသားပိုက ကြီးလာပြီး အူလမ်းကြောင်းကို ပိတ်ဆို့ရင် ဗိုက်ရစ်အောင့်တာမျိုး ဖြစ်နိုင်ပါတယ်။
💤 အသားပိုကနေ တိတ်တဆိတ် သွေးယိုစီးနေရင် သံဓာတ်အားနည်းတဲ့ သွေးအားနည်းရောဂါ ဖြစ်ပြီး အသက်ရှူမဝတာ၊ မောတာတွေ ဖြစ်တတ်ပါတယ်။
၅။ ကာကွယ်လို့ ရပါသလား? 🛡
ရပါတယ်။ အကောင်းဆုံး ကာကွယ်နည်းကတော့ ပုံမှန်စစ်ဆေးခြင်း ပါပဲ။ ✨
အသားပိုလေးတွေကနေ ကင်ဆာအဆင့်ကို ကူးပြောင်းဖို့ နှစ်အတော်ကြာ အချိန်ယူရတတ်ပါတယ်။ ဒါကြောင့် ကင်ဆာမဖြစ်ခင် ကြိုတင်စစ်ဆေးပြီး အသားပိုကို ဖယ်ရှားလိုက်မယ်ဆိုရင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို အထိရောက်ဆုံး လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ 👍
ဒါကြောင့် အသက် (၅၀) ကျော်ပြီဆိုရင် (သို့) မိသားစုမျိုးရိုးရှိရင် လက္ခဏာမပြခင်မှာပဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကြီးများနဲ့ တိုင်ပင်ပြီး အူမကြီး မှန်ပြောင်းကြည့်ခြင်း (Colonoscopy) လို စစ်ဆေးမှုတွေကို ပြုလုပ်ဖို့ တိုက်တွန်းပါရစေ။ 👨⚕️👩⚕️
အခုလို ကျန်းမာရေး ဗခုသုတတွေ အမြဲသိရှိစေဖို့ Jivaka Pharmacy Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။ 💙🔔