ကျောရိုးဆစ်ကျိုးခြင်းက ဘာကြောင့် ဖြစ်တာလဲ❓

‼️ အသက် (၆၀) ကျော်အရွယ်မှာ လက္ခဏာမပြဘဲ ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေတတ်တဲ့ ကျောရိုးဆစ်ကျိုးခြင်း (Vertebral Fractures) အကြောင်းကို ဇီဝကဆေးဆိုင်မှ ဗဟုသုတအဖြစ် ဝေမျှလိုက်ပါတယ်ရှင်။

ကျောရိုးဆစ်ကျိုးခြင်းက ဘာကြောင့် ဖြစ်တာလဲ❓
အဓိက အကြောင်းရင်းမှာ အရိုးပွရောဂါ (Osteoporosis) ကြောင့် ဖြစ်ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ အရိုးတွေရဲ့ သိပ်သည်းဆ လျော့နည်းလာပြီး ကျွတ်ဆတ်လာတဲ့အခါ
⭕️ သာမန်လှုပ်ရှားမှုများဖြစ်တဲ့ အလေးအပင် မခြင်း၊ ရုတ်တရက် ခါးကို ကုန်းလိုက်ခြင်း သို့မဟုတ် လှည့်လိုက်ခြင်း။
⭕️ အသေးအမွှား ထိခိုက်မှုဖြစ်တဲ့ လှေကားထစ်ကို အရှိန်နဲ့ ဆင်းမိတာ ဒါမှမဟုတ် ချော်လဲရုံလောက်နဲ့တင် ကျောရိုးဆစ်လေးတွေဟာ ဖိသိပ်ပြီး ကျိုးအက်သွားနိုင်ပါတယ်။
⭕️ အာဟာရ ချို့တဲ့ကာ ကယ်လ်စီယမ်၊ ဗီတာမင် D နဲ့ ပရိုတင်းဓာတ် လုံလောက်စွာ မရရှိခြင်းက အရိုးတွေကို ပိုမိုအားနည်းစေပါတယ်။

မကုသဘဲ ထားရင် ဘာတွေ ဆက်ဖြစ်နိုင်လဲ❓ (နောက်ဆက်တွဲ ပြဿနာများ)
ဒီရောဂါဟာ လက္ခဏာမပြဘဲ စတင်တတ်ပေမယ့် နောက်ပိုင်းမှာ အောက်ပါဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်ရှင်။
1. ခါးကိုင်းခြင်း- ကျောရိုးဆစ်တွေ တစ်ခုနဲ့တစ်ခု ဖိသိပ်ကျိုးသွားတဲ့အတွက် ကျောကုန်းက တဖြည်းဖြည်း မို့တက်လာပြီး အရပ်ပုသွားတတ်ပါတယ်။
2. နာတာရှည် ခါးနာခြင်း- အစပိုင်းမှာ မသိသာပေမယ့် နောက်ပိုင်းမှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရပြီး လှုပ်ရှားသွားလာရ ခက်ခဲလာပါတယ်။
3. အသက်ရှူလမ်းကြောင်းနှင့် အစာခြေစနစ် ပြဿနာ- ခါးအရမ်းကိုင်းသွားတဲ့အခါ ဝမ်းဗိုက်နဲ့ ရင်ဘတ်အတွင်းက အင်္ဂါတွေကို ဖိမိစေပြီး အသက်ရှူရကျပ်တာ၊ အစာမကြေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
4. ထပ်မံ အရိုးကျိုးနိုင်ခြေ မြင့်မားခြင်း- တစ်ကြိမ် ကျိုးဖူးသူဟာ နောက်ထပ် ကျောရိုးဆစ်တွေ ထပ်ကျိုးဖို့ အခွင့်အလမ်း ပိုများသွားပါတယ်။

ပြန်လည်ကောင်းမွန်ဖို့နဲ့ ကာကွယ်ဖို့ ဘာလုပ်ရမလဲ❓
✅ အာဟာရ ပြည့်ဝပါစေ- Calcium, Vitamin D နဲ့ Protein ပါဝင်မှုကို ဂရုစိုက်ပါ။ လိုအပ်ပါက ဆရာဝန်ညွှန်ကြားချက်ဖြင့် ဖြည့်စွက်စာများ သောက်သုံးပါ။
✅ ကိုယ်လက်လှုပ်ရှားမှု မပြတ်ပါစေနဲ့- မိမိလုပ်နိုင်သလောက် လမ်းလျှောက်တာမျိုး ဒါမှမဟုတ် Physical Therapy (ရုပ်ပိုင်းဆိုင်ရာ ကုထုံး) လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးပါ။
✅ နေထိုင်မှုပုံစံ ပြောင်းလဲပါ- အလေးအပင် မ တဲ့အခါ ခါးကို မကုန်းဘဲ ဒူးကိုညွှတ်ပြီး မ တဲ့ အလေ့အကျင့်မျိုး လုပ်ပါ။ ရုတ်တရက် ခါးလှည့်ခြင်းကို ရှောင်ကြဉ်ပါ။

ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြရမလဲ❓
အရိုးကျိုးခြင်းဟာ ပုံမှန်အားဖြင့် ၁၂ ပတ် (၃ လ) ဝန်းကျင်မှာ ပြန်လည်သက်သာလေ့ ရှိပါတယ်။ ဒါပေမယ့် ၁၂ ပတ်ကျော်တဲ့အထိ ပြင်းထန်စွာ နာကျင်နေသေးရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ရပါမယ်။
အကောင်းဆုံးကတော့ “မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်း” ပါပဲ။ အသက် (၆၀) ကျော်လာပြီဆိုရင် မိမိရဲ့ အရိုးကျန်းမာရေး ဘယ်အခြေအနေရှိလဲဆိုတာ သိရအောင် Bone Health Screening (အရိုးစစ်ဆေးမှု) ကို ကြိုတင်လုပ်ဆောင်ထားဖို့ တိုက်တွန်းလိုပါတယ်။ စောစီးစွာ သိရှိရင် ထိရောက်စွာ ကုသနိုင်ပါတယ်ရှင်။

#JivakaPharmacy #Osteoporosis #VertebralFracture #SeniorHealth #BoneHealth #KnowledgeSharing #ကျန်းမာရေးဗဟုသုတ

Leave a Comment