မိုးရာသီမှာ သွေးလွန်တုပ်ကွေးကို ကာကွယ်ကြမယ်
☔️ မိုးရာသီမှာ မိသားစုဝင်တွေနဲ့ ကလေးငယ်တွေ သွေးလွန်တုပ်ကွေးအန္တရာယ်ကနေ ကင်းဝေးစေဖို့အတွက် ဇီဝကဆေးဆိုင်မှ ကျန်းမာရေးအသိပညာပေး ဆောင်းပါးတစ်ပုဒ်ကို မျှဝေလိုက်ပါတယ်ရှင့်။
မြန်မာနိုင်ငံရဲ့ မိုးရာသီမှာ အဖြစ်များဆုံးနဲ့ အန္တရာယ်အရှိဆုံးကတော့ ခြင်ကတစ်ဆင့်ကူးစက်တဲ့ သွေးလွန်တုပ်ကွေး ရောဂါပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေနဲ့ ကိုယ်ခံအားနည်းသူတွေမှာ ပိုပြီး သတိထားရပါမယ်။ ⚠️⚠️
သွေးလွန်တုပ်ကွေး လက္ခဏာများ
ရောဂါပိုးရှိတဲ့ခြင် ကိုက်ခံရပြီး (၄) ရက်ကနေ (၁၀) ရက်အတွင်း လက္ခဏာပြတတ်ပါတယ်။
⭕️ ၁၀၄ ဒီဂရီဖာရင်ဟိုက် အထိ ကိုယ်ပူပြင်းခြင်း။
⭕️ ခေါင်းအပြင်းအထန်ကိုက်ခြင်းနှင့် မျက်လုံးအိမ်နောက်ဘက်မှ ကိုက်ခဲခြင်း။
⭕️ ကြွက်သားနှင့် အရိုးအဆစ်များ နာကျင်ခြင်း။
⭕️ အော့အန်ခြင်း၊ နုံးချိခြင်းနှင့် ခန္ဓာကိုယ်တွင် အနီစက်များထွက်ခြင်း။
ဒုတိယအကြိမ် သွေးလွန်တုပ်ကွေး ပြန်ဖြစ်သူများတွင် ရောဂါလက္ခဏာ ပိုမိုပြင်းထန်တတ်ပါသဖြင့် အထူးဂရုစိုက်သင့်ပါတယ်။
ဘယ်လိုအချိန်မှာ ဆေးရုံ/ဆေးခန်း အမြန်သွားရမလဲ ⁉️
အဖျားကျသွားပြီးနောက် အောက်ပါလက္ခဏာများပြလာပါက စိုးရိမ်ရသည့် အခြေအနေ ဖြစ်သောကြောင့် ဆရာဝန်နှင့် ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။
🚩 ဗိုက်အပြင်းအထန်နာခြင်းနှင့် ခဏခဏအန်ခြင်း။
🚩 သွားဖုံး သို့မဟုတ် နှာခေါင်းမှ သွေးယိုခြင်း။
🚩 အသက်ရှူမြန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း။
🚩 ခြေဖျားလက်ဖျားများ အေးစက်လာခြင်း။
ကုသနည်း
သွေးလွန်တုပ်ကွေးအတွက် သီးသန့်ကုသဆေး မရှိသေးပါ။
✅Paracetamol ကိုသာ အဖျားကျရန်နှင့် အကိုက်အခဲပျောက်ရန် သုံးစွဲပါ။
❌ Ibuprofen နှင့် Aspirin တို့က သွေးယိုစီးမှုကို ပိုမိုဆိုးရွားစေနိုင်၍ လုံးဝ မသောက်ရပါ။
✅ ကောင်းကောင်း အနားယူပါ၊ ရေနှင့် အရည်များများ သောက်ပေးပါ။
ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများ
✅ နေ့ခင်းဘက်တွင် ခြင်မကိုက်အောင်နေပါ၊ ခြင်ပြေးဆေးများ လိမ်းပါ။
✅ ခြင်ပေါက်ဖွားနိုင်သော နေရာများ၊ အိမ်တွင်း၊ အိမ်ပြင်ရှိ ရေတင်ကျန်နိုင်သော ခွက်များ၊ တာယာဟောင်းများကို ရှင်းလင်းပါ။ ရေစည်၊ ရေအိုးများကို ဖုံးအုပ်ထားပါ။
✅ ဘုရားပန်းအိုးနှင့် ရေတင်ကျန်နိုင်သော ခွက်များကို တစ်ပတ်တစ်ကြိမ် ဆေးကြောလဲလှယ်ပါ။
မိမိနှင့် မိသားစုဝင်များ ကျန်းမာရေးအတွက် သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ဇီဝကဆေးဆိုင်သို့ လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင်။