အမျိုးသမီးများနှင့် မိန်းမကိုယ် သန့်ရှင်းရေး
❕ အမျိုးသမီးများ အနေဖြင့် မိန်းမကိုယ်နှင့် ပတ်သက်လာရင် အဖြစ်များတဲ့ ပြဿနာ (၃) ခု ရှိပါတယ်။ ဒါတွေကတော့ မိန်းမကိုယ် အနံ့ဆိုးထွက်ခြင်း၊ ယားခြင်း၊ အဖြူဆင်းခြင်းတို့ပဲ ဖြစ်ပါတယ်။
🛑 အနံ့ဆိုးထွက်ခြင်း
မိန်းမကိုယ်ကို အနံ့ထွက်စေတဲ့ အကြောင်းရင်းများကတော့…
မိန်းမကိုယ်ထဲမှာ ဘက်တီးရီးယားတွေ ပုံမှန်ရှိသင့်တာထက်ပိုပြီး ပေါက်ပွားနေခြင်း၊ လိင်ဆက်ဆံရာမှတဆင့် ရောဂါပိုးမွှားများ ကူးစက်ခံရခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်း တို့ကြောင့် အဖြစ်များပါတယ်။
ဒါ့အပြင် သားအိမ်ခေါင်းကင်ဆာဖြစ်ခြင်း၊ စအိုနှင့် မိန်းမကိုယ်ဆက်သွားပြီး ဂက်စ်နှင့် ဝမ်းများ မိန်းမကိုယ်ထဲ ရောက်သွားခြင်းတို့ကလည်း အဖြစ်နည်းပေမယ့် အနံ့ဆိုးထွက်စေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။
⭕️ မိန်းမကိုယ် အနံ့ဆိုးထွက်နေပါက…
o ရေနွေးနွေးလေးနှင့်သာ ဆေးကြောသန့်စင်ပေးပါ။ အနံ့ပြင်းတဲ့ ဆပ်ပြာတွေနဲ့ မဆေးကြောသင့်ပါ။
o Cotton သား underwear တွေကိုသာ ဝတ်ဆင်ပါ။
o ကိုယ်ခန္ဓာ၀ခြင်းကလည်း အနံ့ဆိုးထွက်စေတဲ့အတွက် ကိုယ်အလေးချိန်ထိန်းပါ။
o အမျိုးသမီး လစဉ်သုံး pads တွေကလည်း အနံ့ဆိုးထွက်စေတဲ့အတွက် pad အစား menstrual cap/tampon တို့ ပြောင်းသုံးကြည့်ပါ။
o သုတ်ရည်ကြည်ကလည်း အနံ့ထွက်စေတဲ့အတွက် sexual activity လုပ်ပြီးတိုင်း ဆီးသွားပေးပါ။
o Probiotics သောက်ပါ။
အကယ်၍ အနံ့ဆိုးထွက်ရုံတင်မက မိန်းမကိုယ်က ယားလာခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ နာခြင်း၊ ပုံမှန်မဟုတ်သည့် သွေးဆင်းခြင်းများပါ ဖြစ်လာပါက ဆရာဝန်နှင့် ပြသဖို့ လိုအပ်ပါတယ်။
🛑 မိန်းမကိုယ်ယားခြင်း
မိန်းမကိုယ်ယားစေသည့် အကြောင်းရင်းများကတော့…
အဝတ်အစား၊ ဆပ်ပြာ၊ shower gel တို့နှင့် ဓာတ်မတည့်ခြင်း၊ အနံ့မွှေးတဲ့ pads, toilet paper တို့ သုံးမိခြင်း၊ နှင်းခူ၊ psoriasis ဖြစ်ခြင်း၊ မှိုပိုးများပေါက်ခြင်း၊ ဘက်တီးရီးယားပိုးများ ပေါက်ပွားခြင်း၊ လိင်ဆက်ဆံရာမှတဆင့် ရောဂါပိုးမွှားများ ကူးစက်ခံရခြင်း၊ သွေးဆုံးပြီးချိန် မိန်းမကိုယ် ခြောက်သွေ့ပြီး ယားယံခြင်းတို့ကြောင့် ဖြစ်ပါတယ်။
⭕️ မိန်းမကိုယ် ယားယံနေပါက…
o ရေနွေးနွေးဖြင့် သန့်စင်ဆေးကြောပေးခြင်း၊ မိန်းမကိုယ် သန့်စင်ဆေးရည် အပျော့စားသုံးပေးခြင်း၊
o ရေကူးပြီးချိန်၊ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ စိုနေသော underwear ကို အမြန်လဲပေးခြင်း၊
o Cotton သား underwear တွေကိုသာ ဝတ်ဆင်ပေးခြင်း၊ underwear ကို နေ့စဉ် ပုံမှန်လဲပေးခြင်း၊
o လိင်ဆက်ဆံသည့်အခါ ဖြစ်နိုင်လျှင် condom သုံးပေးခြင်း၊
o မိန်းမကိုယ် ဆေးကြောတဲ့အခါ စအိုထဲက အညစ်အကြေးများ မိန်းမကိုယ်ထဲ မဝင်ရောက်မိအောင် ဂရုတစိုက် ဆေးကြောခြင်းတို့ လုပ်ဆောင်ပေးပါ။
အကယ်၍ မိန်းမကိုယ်မှာ အဖု (သို့) အနာပေါက်ခြင်း၊ နီရဲရောင်ရမ်းနေခြင်း၊ ဆီးသွားရခက်ခြင်း၊ ပုံမှန်မဟုတ်သည့် သွေးဆင်းခြင်းများ ဖြစ်လာပါက ဆရာဝန်နှင့် ပြသဖို့ လိုအပ်ပါတယ်။
🛑 အဖြူဆင်းခြင်း
အဖြူဆင်းတဲ့အခါ အရောင်က ကြည်ကြည်လင်လင် ရှိတယ်ဆိုပါက စိုးရိမ်စရာ မရှိပါ။
ပုံမှန်မဟုတ်သော အဖြူဆင်းရသည့် အကြောင်းရင်းများကတော့…
o မိန်းမကိုယ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေ မမျှတတဲ့အခါ
o ပိုးသတ်ဆေး၊ စတီးရွိုက်ဆေး၊ ကိုယ်ဝန်တားဆေးတွေ သောက်တဲ့အခါ
o သားအိမ်ခေါင်းကင်ဆာဖြစ်တဲ့အခါ
o လိင်ဆက်ဆံရာမှတဆင့် ရောဂါပိုးမွှားများ ကူးစက်ခံရတဲ့အခါတို့မှာ ဖြစ်တတ်ပါတယ်။
အရောင်က အကြည်မဟုတ်ဘဲ မီးခိုး၊ အစိမ်း၊ အဝါတို့ဖြစ်နေခြင်း၊ အနံ့အလွန်ဆိုးဝါးခြင်း၊ ယားခြင်း၊ နာခြင်း၊ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ သွေးဆုံးပြီးခါမှ သွေးပြန်ဆင်းခြင်း၊ ဆီးသွားသည့်အခါ ပူစပ်ပူလောင်ဖြစ်ခြင်းတို့ ရှိပါက ဆရာဝန်နှင့် ပြသဖို့ လိုအပ်ပါတယ်ရှင်…🔻