✨ နူးညံ့စိုပြေသော အသားအရေ ပိုင်ရှင်ဖြစ်ဖို့

🙌 ခန္ဓာကိုယ်ရဲ့ (၄)ပုံ ပုံ (၃)ပုံက ရေဓာတ်များဖြင့် ဖွဲ့စည်ထားတာကြောင့် ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ရေဓာတ် လုံလောက်မှု ရှိမှသာ နူးညံ့စိုပြေသော အသားအရေကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

💁‍♀️ နောက်ထပ် အသားအရေ ခြောက်သွေ့စေတဲ့ အဓိက အကြောင်းရင်းတွေကတော့ ရေဓာတ် မလုံလောက်ခြင်းအပြင်
❗️ အသက်အရွယ်ရလာခြင်း (၄၀ကျော်လာခြင်း)
❗️ ကင်ဆာဆေးသွင်း ကုသမှုများ၊ ဓာတ်ကင် ကုသမှုများ ခံယူရခြင်း
❗️ ဆီးဆေးများနှင့် ကိုလက်စထရောချပေးသော statins အုပ်စုဆေးများ သောက်သုံးရခြင်း
❗️ ရာသီဥတု အေးသော အရပ်ဒေသတွင် နေထိုင်ခြင်း
❗️ ကျောက်ကပ်ဆေးရခြင်း
❗️ ရေပူဖြင့်သာ ရေချိုးခြင်း
❗️ဆပ်ပြာအပြင်းစားများ သုံးခြင်းတို့ကြောင့် ဖြစ်ပါတယ်။
❗️ ရိုးရိုး အသားအရေ ခြောက်တာလည်း ဖြစ်နိုင်သလို နှင်းခူ၊ ဂျွတ်ပွေးနာလို အရေပြား ပြဿနာတွေ ရှိတဲ့အခါမှာလည်း အသားခြောက်တတ်ပါတယ်။

အသားခြောက်တဲ့ လက္ခဏာတွေကတော့
⭕️ အသားများ ကြမ်းခြင်း
⭕️ အသားများ အက်ကွဲပြီး သွေးထွက်ခြင်း
⭕️ ကွဲအက်သော နေရာများတွင် ပိုးဝင်ပြီး အနာဖြစ်ခြင်း
⭕️ အရေပြား ယားယံခြင်း၊ နာခြင်း
⭕️ အရေပြားများ လန်ခြင်း၊ ကွာကျခြင်း
⭕️ အရေပြားများ ပူစပ်ပူလောင်ဖြစ်ခြင်း
⭕️ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းတို့ ဖြစ်ပါတယ်။

💠 အသားခြောက်တဲ့အခါမှာ Moisturizing lotion မျိုး သုံးတာထက် ointment, cream အမျိုးအစားကို သုံးတာက ပိုပြီး ထိရောက်ပါတယ်။ ပစ္စည်းအမျိုးအစား ရွေးချယ်တဲ့အခါမှာ အနည်းဆုံး အောက်ပါ ပါဝင်ပစ္စည်း တစ်မျိုးပါတဲ့ ထုတ်ကုန်ကို ရွေးချယ်သင့်ပါတယ်။

Dimethicone
Glycerin
Hyaluronic acid
Jojoba oil
Lactic acid
Lanolin
Mineral oil
Petrolatum
Shea butter
☑️ အသားအရေ စိုပြည်စေဖို့အတွက် tips လေးတွေကတော့ ရေများများ သောက်ပါ။
☑️ အနံ့မပါတဲ့ fragrance-free skin care တွေကို သုံးပါ။
☑️ ရေချိုးလျှင် ၅ – ၁၀ မိနစ်လောက်ပဲ ချိုးပါ။
☑️ အေးသောဒေသဖြစ်ပါက ရေပူအစား ရေနွေးနွေးလေးနဲ့သာ ချိုးပါ။
☑️ မီးပုံဘေးမှာ အကြာကြီး မထိုင်မိအောင် ဂရုစိုက်ပါ။
☑️ ရေချိုးပြီးလျှင် (သို့) လက်ဆေးပြီးလျှင် moisturizing cream (သို့) ointment ကို ချက်ချင်းလိမ်းပေးပါ။
☑️ စိုထိုင်းဆနည်းသော အဲယားကွန်းခန်းထဲမှာ ကြာကြာနေရပါက humidifier (အစိုဓာတ်ထိန်းစက်) သုံးပေးပါ။
☑️ Omega 3 သောက်ပေးပါ။ Omega 3 က အစိုဓာတ်ကို ဖြည့်တင်းပေးပြီး အရေးအကြောင်းများကို လျော့ပါးစေပါတယ်။ ကော်လဂျင် ထုတ်လုပ်မှုကိုလည်း တိုးစေတာကြောင့် အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။

အထက်ပါ နည်းလမ်းများနှင့် မသက်သာဘဲ အရေပြားများ အဆက်မပြတ် ယားယံပြီး အသားခြောက်နေဆဲ ဖြစ်ပါက အရေပြား အထူးကု ဆရာဝန်ဖြင့် ပြသဖို့ လိုအပ်ပါတယ်ရှင်…💜

Leave a Comment