ရေမလိုဘဲ သောက်ရတဲ့ ဆေးချပ်လေးများရဲ့ အားသာချက်

💊💉ဆေးသောက်ရတာက ဆေးထိုးသလို နာကျင်မှု မရှိခြင်း၊ လွယ်ကူအဆင်ပြေခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်းတို့ကြောင့် လူအများစု သဘောကျတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဆေးနင်မှာကြောက်တဲ့ အသက်အရွယ်ကြီးရင့်သူများ၊ ဆေးမျိုမချတတ်သေးတဲ့ ကလေးများအတွက်ကတော့ ပါးစပ်ကနေ ဆေးသာက်ရတာဟာ အခက်အခဲရှိနေပါသေးတယ်။

💜💜ဒါကြောင့် လူတိုင်းနဲ့ အဆင်ပြေတဲ့ ရေမလို၊ ဝါးစားစရာမလို၊ မျိုချစရာမလိုဘဲ အာနိသင် လျှင်မြန်စွာပေးစွမ်းနိုင်တဲ့ ဆေးဝါးပုံစံအသစ်များကို ထပ်မံတီထွင်ထုတ်လုပ်လာကြပါတယ်။ ထိုအထဲမှာဆိုရင် လျှာပေါ်တင်ထားလိုက်ရုံနဲ့ စက္ကန့်ပိုင်းအတွင်း ပျော်ဝင်သွားနိုင်တဲ့ ဆေးအချပ်ပြား (oral thin flims) လေးတွေလည်း ပါဝင်လာပါတယ်။ ထိုဆေးချပ်လေးတွေဟာ ပတ်ဝန်းကျင်က စိုစွတ်မှုကိုတော့ ခံနိုင်ရည်နည်းတဲ့အတွက် ဖောက်ပြီးပြီးချင်းမှာ ပါးစပ်ထဲထည့်လိုက်ဖို့တော့ လိုအပ်ပါတယ်။ အစမှာတော့ OTF ကို ခံတွင်းနံ့ကောင်းစေတဲ့ ထုတ်ကုန်လေးတွေအဖြစ် ဖန်တီးခဲ့ကြပြီး အခုဆိုရင်တော့ အာနိသင်မြန်မြန်ပေးလိုတဲ့ဆေးများ၊ ဗီတာမင်များကိုလည်း OTF အနေနဲ့ ထုတ်လုပ်လာကြပြီ ဖြစ်ပါတယ်။

OTF ရဲ့ အားသာချက်တွေကတော့…
✅သောက်သုံးရလွယ်ကူခြင်း
✅ဆေးသောက်ဖို့ ရေမလိုခြင်း
✅ဆေးနင်မှာ စိတ်ပူစရာမလိုခြင်း
✅အရသာကောင်းခြင်း
✅ဆေးအာနိသင် အပြည့်အဝရခြင်းနှင့် မြန်မြန်ရခြင်းတို့ ဖြစ်ပါတယ်။

OTF ရဲ့ အားနည်းချက်တွေကတော့…
⛔️30 mg ထက်များတဲ့ ဆေးတွေကို OTF အဖြစ် မထုတ်လုပ်နိုင်ခြင်း
⛔️နည်းပညာပိုင်းဆိုင်ရာ ကန့်သတ်ချက်များ ရှိနေသေးခြင်း
⛔️ထုပ်ပိုးဖို့အတွက် အထူးစက်ကိရိယာများ လိုအပ်ခြင်းတို့ ဖြစ်ပါတယ်။

အချုပ်အားဖြင့် သမာရိုးကျ သောက်သုံးရသော သောက်ဆေးများထက် ဆန်းသစ်ထားသည့် OTF ဆေးများသည် ကလေးများနှင့် အသက်အရွယ်ကြီးရင့်သော လူနာများ၊ ပျို့အန်ခြင်းကို သက်သာစေလိုခြင်းကဲ့သို့ အာနိသင် အမြန်ရလိုသည့်အခြေအနေမျိုးတွင် အားသာချက်ရှိသော ဆေးပညာဖန်တီးမှုတစ်ခုဖြစ်ကြောင်း ယခုလို မျှဝေလိုက်ပါတယ်ရှင့်။

Leave a Comment