⭕️ ပလုတ်ကျင်း ဆေးရည်များ အကြောင်း

🙌 ဒီအပတ်မှာတော့ ခံတွင်းအနံ့ဆိုးကို ထွက်စေသော ဘက်တီးရီးယားပိုးတွေကို အချိန်ခဏလေးအတွင်းမှာ ရှင်းထုတ်ပေးနိုင်တဲ့ ပလုတ်ကျင်းဆေးရည်များ အကြောင်းကို ပြောပြချင်ပါတယ်ရှင့်။

❗️ သွားတိုက်တာ တစ်မျိုးတည်းက သွား၊ သွားဖုံးနဲ့ ခံတွင်းထဲတွင် စုပြုံလာသော ပိုးမွှားများ အားလုံးကို ဖယ်ရှင်းမပေးနိုင်ပါဘူး။ သွားတိုက်ပြီးနောက်တောင် သွားကြားထဲမှာ ကျန်နေခဲ့သေးတဲ့ အစာအကြွင်းအကျန်တွေက သွားနှင့် ခံတွင်း ပြဿနာများစွာကို ဖြစ်စေနိုင်ပါတယ်။

🔰 သွားနှင့် သွားဖုံးများကို ထိခိုက်စေသော သွားဖုံးရောင်ခြင်း၊ သွားချေးတက်ခြင်းနှင့် ခံတွင်းနံ့ဆိုးများကို ထွက်စေသော တခြားပြဿနာများကို မဖြစ်စေဘဲ သွားကျန်းမာရေးကို ထိန်းသိမ်းထားနိုင်ရန် အဆင့် (၃) ဆင့် လုပ်ဆောင်ပေးဖို့ လိုပါတယ်။

ထို (၃) ဆင့်ကတော့
✅ သွားတိုက်ခြင်း
✅ သွားပွတ်ကြိုးသုံးပေးခြင်းနဲ့
✅ ပလုတ်ကျင်းဆေးရည် သုံးပေးခြင်းတို့ ဖြစ်ပါတယ်။

🔺 ပလုတ်ကျင်းဆေးရည်တွေမှာဆိုရင် ပါဝင်တဲ့ အစွမ်းထက် ပစ္စည်းများအလိုက် မတူညီတဲ့ အာနိသင်တွေကို ပေးစွမ်းပါတယ်။ ဒီတော့ ဘယ်ပါဝင်ပစ္စည်းက ဘာအာနိသင်ကို ပေးစွမ်းတယ်ဆိုတာကို သိထားခြင်းအားဖြင့် မှန်ကန်စွာ ရွေးချယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်ရှင့်။

🟣 Cetylpyridinium chloride – ခံတွင်းအနံ့ဆိုး ထွက်ခြင်းကို သက်သာစေပါတယ်။
🟣 Chlorhexidine – သွားချေးတက်ခြင်းနှင့် သွားဖုံးရောင်ခြင်းကို လျော့ကျစေပါတယ်။
🟣 Essential oils – သွားချေးတက်ခြင်းနှင့် သွားဖုံးရောင်ခြင်းကို လျော့ကျစေပါတယ်။
🟣 Sodium Fluoride – သွားပိုးစားခြင်းနှင့် သွားကျဉ်ခြင်းကို လျော့နည်းစေပါတယ်။
🟣 Hydrogen Peroxide – သွားကို ဖြူဖွေးစေပါတယ်။
🟣 Eucalyptus – သွားချေးတက်ခြင်းနှင့် သွားဖုံးရောင်ခြင်းကို လျော့ကျစေပါတယ်။

⚠️ ပလုတ်ကျင်းဆေးရည်တွေ သုံးတဲ့အခါမှာ မျိုမချမိဖို့ ဂရုစိုက်ရသလို ထုတ်ကုန်တစ်ခုစီအလိုက် အကြံပြုထားသော အချိန်ပမာဏပြည့်အောင်လည်း ပလုတ်ကျင်းပေးဖို့ လိုပါတယ်။ အရင်က ပါးစပ်အနာဖြစ်ဖူးရင်ပဲဖြစ်ဖြစ်၊ ပါးစပ်ခြောက်တတ်ရင်ပဲဖြစ်ဖြစ် အယ်လ်ကိုဟောပါတဲ့ ပလုတ်ကျင်းဆေးရည်မျိုးကို ရှောင်သင့်ပါတယ်။ အသက် (၆) နှစ်အောက် ကလေးတွေမှာတော့ ဆရာဝန်ညွှန်ကြားမထားဘဲ မသုံးသင့်ပါဘူးနော်။

☑️ နိဂုံးချုပ်အားဖြင့် သွားနှင့်ခံတွင်းကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်စေရန် တစ်နေ့ နှစ်ကြိမ် သွားတိုက်ပါ၊ တစ်နေ့ တစ်ကြိမ် သွားပွတ်ကြိုး ထိုးပါ၊ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ပလုတ်ကျင်းဆေးရည်ကို သုံးပါ၊ သွားဆရာဝန်နှင့် ပုံမှန်ပြသပါလို့ တိုက်တွန်းချင်ပါတယ်ရှင့်။

Leave a Comment