ကြွက်တက်ဖူးလား

💢 ခြေသလုံး ကြွက်တက်ခြင်းက လူအများစုမှာ ဖြစ်တတ်ပြီး အသက်အန္တရာယ် မရှိပါ။ တစ်ခါ ကြွက်တက်လျှင် စက္ကန့်အနည်းငယ်ကနေ (၁၀) မိနစ်ထိ ကြာနိုင်ပါတယ်။ ကြွက်တက်တဲ့အခါ ခြေသလုံးကြွက်သားများ တောင့်တင်းလာပြီး နာလာကာ လှုပ်ရှားဖို့ခက်သွားစေတာ ဖြစ်ပါတယ်။ ခြေသလုံးအပြင် ခြေဖဝါး၊ ပေါင်ကြွက်သားတို့မှာလည်း ဖြစ်တတ်ပါတယ်။ လူတစ်ယောက်မှာ (၄) ခါ ကြွက်တက်တယ်ဆိုရင် (၃) ခါက ညအိပ်နေတဲ့အချိန်မှာ ဖြစ်တာ ဖြစ်ပါတယ်။

❕ ကြွက်တက်စေတဲ့ အကြောင်းရင်းတွေကတော့…
· အသက်အရွယ် ရလာခြင်း
· ပြင်းထန်တဲ့ လေ့ကျင့်ခန်းများကြောင့် ကြွက်သားများ ဒဏ်ဖြစ်ခြင်း
· ကိုယ်ဝန်ဆောင်ရခြင်း
· Cholesterol ချပေးတဲ့ statin အုပ်စုဝင်ဆေးများ၊ ဆီးဆေးများ သောက်ရခြင်း
· သွေးလည်ပတ်မှု မကောင်းခြင်း
· အရက်သောက်ခြင်းကြောင့် အသည်းပျက်စီးခြင်း
· Calcium, Magnesium နှင့် Potassium ဓာတ်များ ချို့တဲ့ခြင်း တို့ကြောင့် ခြေထောက်ကြွက်တက်ပါတယ်။
⚠️ ရုတ်တရတ် ကြွက်တက်လာလျှင်…
ခြေထောက်ကို ကွေးမထားဘဲ ဆန့်ထားပေးပါ။
ခြေထောက်ကို အနည်းငယ် မြင့်တဲ့နေရာမှာ တင်ထားပါ။
ရေခဲကပ်ပေးပါ။
ညင်သာစွာ နှိပ်နယ်ပေးခြင်းကလည်း သွေးလည်ပတ်မှု ကောင်းစေပြီး ကြွက်တက်တာကို သက်သာစေပါတယ်။
ကြွက်တက်တာ ရပ်သွားသော်လည်း ကြွက်သားနာကျင်တာကို (၂၄) နာရီလောက်ထိ ခံစားရနိုင်ပါတယ်။ ထိုအခါ နာကျင်တာ သက်သာအောင် para (သို့) ibuprofen တစ်မျိုးမျိုး သောက်သုံးနိုင်ပါတယ်။
အကယ်၍ ခဏခဏ ကြွက်တက်တာကြောင့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်လာခြင်း၊ ခြေထောက်ထုံခြင်း၊ ရောင်ခြင်းများ ဖြစ်လာခြင်း၊ (၁၀) မိနစ် ကျော်တဲ့အထိ ကြွက်တက်မရပ်ခြင်းများ ဖြစ်လာပါက ဆရာဝန်နှင့် ပြသဖို့ လိုအပ်ပါတယ်။
⭕️ ကြွက်မတက်အောင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက်…
· လေ့ကျင့်ခန်း မလုပ်ခင်နှင့် လုပ်ပြီးချိန်တွင် အကြောလျှော့ပေးပါ။
· ညမအိပ်ခင်လည်း အကြောလျှော့ လေ့ကျင့်ခန်း လုပ်ပါ။
· ရေများများသောက်ပါ။
· Cal-VID (Summr) ကဲ့သို့ ကယ်လ်စီယမ် ဖြည့်စွက်စာမျိုး သောက်သုံး​ပေးပါ။

🛑 ကိုယ်ဝန် ဒုတိယ (၃) လနဲ့ တတိယ (၃) လမှာ ပိုပြီး ကြွက်တက်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အကြောလျှော့ လေ့ကျင့်ခန်း အနေနဲ့ နံရံကို မျက်နှာမူပြီး ရပ်လိုက်ပါ။ လက်ဖဝါးနှစ်ဖက်ကို နံရံမှာကပ်ပါ။ ညာဖက်ခြေထောက်ကို နောက်ဆုတ်ပြီး ဘက်ဖက်ခြေထောက်ကို အရှေ့သို့ ဖြည်းဖြည်းချင်း ကွေးလိုက်ပါ။ ညာဖက် ခြေထောက်ကိုတော့ အဖြောင့်အတိုင်းထားပါ။ ခါးကိုလည်း မတ်မတ်ထားပါ။ ထိုပုံစံအတိုင်း စက္ကန့် (၃၀) နေပါ။ ပြီးလျှင် ခြေထောက် ဘက်ပြောင်းလုပ်ပါ။

✅ ကိုယ်ဝန်ဆောင်သည်များ အနေနဲ့ အာဟာရဓာတ် ညီညွတ်မျှတအောင် စားသုံးခြင်း၊ “သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများ”က ညွှန်ကြားထားသော ကိုယ်ဝန်ဆောင်အားဆေးကို ပုံမှန်သောက်ပေးခြင်း၊ ရေများများသောက်ခြင်း၊ သက်သောင့်သက်သာရှိတဲ့ ဖိနပ်ကိုသာ စီးခြင်းဖြင့် ကြွက်တက်တာနည်းအောင် လုပ်ဆောင်နိုင်ပါတယ်။

Leave a Comment