🔴 အမျိုးသမီးများအတွက် အရေးပါတဲ့ သံဓာတ်

🔸 အမျိုးသမီးများရဲ့ ခန္ဓာကိုယ်ဟာ သူတို့ရဲ့ သက်တမ်းတစ်လျှောက်မှာ အထူး အာရုံစိုက်ဖို့နဲ့ ဂရုစိုက်ဖို့ လိုအပ်တဲ့ အကူးအပြောင်းကာလတွေ ကြုံရလေ့ ရှိပါတယ်။ ဒီလိုကာလတွေမှာ သံဓာတ်ဆိုတာ အလုံးစုံသော ကျန်းမာရေးအတွက် အရေးပါသော အာဟာရဓာတ် တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ ခန္ဓာကိုယ်ဟာ သံဓာတ်ကို အလုံအလောက် မထုတ်နိုင်တာကြောင့် လိုအပ်တဲ့ ပမာဏကို ပြန်လည်ဖြည့်တင်းပေးဖို့ လိုလာပါတယ်။ သံဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့အတွက် နည်းလမ်း(၂)သွယ်ကတော့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးခြင်းနဲ့ သံဓာတ်အားဆေးများ မှီဝဲခြင်းတို့ ဖြစ်ပါတယ်။

✔️ ဒီဆောင်းပါးမှာတော့ အမျိုးသမီးတစ်ဦးအနေဖြင့် သံဓာတ်သောက်သုံးပေးခြင်း၏ အရေးပါမှုနဲ့ သံဓာတ်အားဖြည့်ဆေးတွေရဲ့ အသုံးဝင်ပုံကို တင်ပြသွားပါမယ်ရှင်။

🔺 စွမ်းအင် ပမာဏကို မြှင့်တင်ပေးခြင်း

⭕️ အမျိုးသမီးများသည် နေ့စဉ်ဘဝမှာ တာဝန်များစွာကို ယူထားရတဲ့ အလုပ်များသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့တာ ကုန်သွားတဲ့အခါ အားအင်ကုန်ခမ်းမှုကို ပိုမိုခံစားကြရပါတယ်။ ဒီနေရာမှာ သံဓာတ်က ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးတာကြောင့် စွမ်းအင်ထုတ်လုပ်ရာမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်လာပါတယ်။ သံဓာတ်လုံလောက်နေပါက ခန္ဓာကိုယ်ရှိ ဆဲလ်တွေဟာ သူတို့ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့ အောက်ဆီဂျင်အလုံအလောက် ရနေတာကြောင့် စွမ်းအင်မလျော့သွားအောင် ထိန်းသိမ်းထားနိုင်ပြီး လူကို လန်းဆန်းတက်ကြွစေပါတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ အမျိုးသားတွေလောက် သံဓာတ်ကို မသိုလှောင်ထားနိုင်တာကြောင့်လည်း သံဓာတ်ဖြည့်စွက်စာကို မှီဝဲပေးဖို့ ပိုလိုအပ်တာ ဖြစ်ပါတယ်။ ဗီတာမင်စီက သံဓာတ်စုပ်ယူမှုကို အားပေးတဲ့အတွက် သံဓာတ်အားဆေးသောက်တဲ့အခါ ဗီတာမင်စီနဲ့ တွဲဖက်သောက်သုံးသင့်ပါတယ်။

🔺 အားကစား စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း

⭕️ လေ့ကျင့်ခန်း ပုံမှန်လုပ်သူတွေနဲ့ အားကစားသမားတွေအနေဖြင့် လုံလောက်တဲ့ သံဓာတ်ပမာဏ ရှိနေဖို့ အရေးကြီးပါတယ်။ အားကစားသမားမှ မဟုတ်ဘဲ တက်ကြွတဲ့ ဘဝကို ဦးဆောင်လိုသူတိုင်း သံဓာတ်မှီဝဲသင့်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ချွေးကနေတဆင့် သံဓာတ်တွေ ပိုပြီး ဆုံးရှုံးရပါတယ်။ သံဓာတ်မလုံလောက်တော့တဲ့အခါ အောက်ဆီဂျင်ပို့ဆောင်မှု နည်းသွားပြီး ပင်ပန်းနွမ်းနယ်ကာ ခံနိုင်ရည်ကို လျော့ကျစေပါတယ်။

🔺 မျိုးဆက်ပွား ကျန်းမာရေးကို ပံ့ပိုးကူညီခြင်း

⭕️ သံဓာတ်သည် အမျိုးသမီးများ ဓမ္မတာလာချိန်နဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်ပါတယ်။ ဓမ္မတာလာချိန်မှာ သွေးနဲ့အတူ သံဓာတ်တွေလည်း ဆုံးရှုံးရပါတယ်။ သံဓာတ်အားဆေးသောက်သုံးခြင်းဖြင့် ဆုံးရှုံးသွားတဲ့ သံဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးပြီး ကျန်းမာသော ရာသီစက်ဝန်းကို ပိုင်ဆိုင်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ပင်ပန်းနွမ်းနယ်မှုမှ ကာကွယ်ဖို့နဲ့ ကလေးကြီးထွားဖို့အတွက် သံဓာတ်က ပုံမှန်ထက် ၂ဆ၊ ၃ဆလောက် ပိုတိုးလိုအပ်ပါတယ်။

💝 အချုပ်အားဖြင့် အမျိုးသမီးများအတွက် သံဓာတ်ဆိုတာ အရေးပါတာကြောင့် သံဓာတ်ကြွယ်ဝတဲ့ အသားငါး၊ ပဲအမျိုးမျိုးစတာတွေကို စားသုံးပေးလို့ပဲဖြစ်ဖြစ်၊ သံဓာတ်အားဆေး မှီဝဲလို့ပဲ ဖြစ်ဖြစ် ကုန်ဆုံးသွားတဲ့ သံဓာတ်တွေကို ပြန်လည် ဖြည့်တင်းပေးရင်း လန်းဆန်းတက်ကြွတဲ့ ဘဝရဲ့ အကျိုးကျေးဇူးတွေကို ပျော်ရွှင်စွာ ခံစားလိုက်ရအောင်။

Leave a Comment