❄️ ဒီနှစ်ဆောင်းမှာ အသားအရေလေး စိုပြေနေဖို့

💢 အသားအရေ ပြဿနာတစ်ခု အနေနဲ့ ဆောင်းရာသီကို ရောက်လာတဲ့အခါ လူ့ခန္ဓာကိုယ်က အဆီနဲ့ ချွေးဂလင်းတွေက အနည်းငယ် ကျုံ့သွားတတ်ပါတယ်။ ထိုအခါ အရေပြား ကျန်းမာအောင်၊ သဘာဝအတိုင်း ဂလိုးနေအောင် ထိန်းထားဖို့ အခက်တွေ့စေပါတယ်။ နဂို dry skin အသားအရေ ရှိသူတွေ အတွက် ပိုအခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် ဒီနှစ်ဆောင်းမှာ အသားအရေလေး ပုံမှန်အတိုင်း စိုပြေလှပနေစေဖို့ ဇီဝက ကနေ အသုံးဝင်မယ့် tips လေးတွေကို မျှဝေလိုက်ပါတယ်ရှင့်။

 🚿 ရေကြာကြာချိုးခြင်း၊ ရေပူနဲ့ချိုးခြင်းတို့က အရေပြားမှာရှိတဲ့ သဘာ၀ အဆီဓာတ်တွေကို ဖယ်ရှားမိစေပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ တစ်ရက်ကို တစ်ကြိမ်သာ ရေချိုးသင့်ပြီး ရေချိုးချိန်ကတော့ ၅ မိနစ်ကနေ ၁၀ မိနစ်အထိသာ ကြာသင့်ပါတယ်။ ရေပူထက် ရေခပ်နွေးနွေးလေးဖြင့်သာ ချိုးသင့်ပါတယ်။ ဆောင်းရာသီမှာ တစ်ပါတ် တစ်ကြိမ်ခန့်သာ body scrub တိုက်ပေးရင် လုံလောက်ပါတယ်။
  🧴 မျက်နှာသစ်ပြီးချိန်ပဲ ဖြစ်ဖြစ်၊ ရေချိုးပြီးချိန်ပဲ ဖြစ်ဖြစ် အစိုဓာတ် မပျယ်သေးတဲ့ အချိန်မှာ လိမ်းစရာရှိတဲ့ skin care တွေကို လိမ်းပေးပါ။
  ❌ နွေရာသီမှာ သုံးနေကျ skin care အားလုံးက ဆောင်းရာသီမှာ အဆင်မပြေနိုင်ပါဘူး။ ဆောင်းရာသီမှာ ဆိုရင် Skin care အပျော့စားလေးတွေ သုံးပါ။ အယ်လ်ကိုဟော ပါတာတွေကို ရှောင်ပါ။ Urea, Glycerin, Shea butter, Cocoa butter လို အစိုဓာတ်ထိန်းပေးနိုင်တဲ့ products တွေကို ရွေးချယ်ပါ။အနံ့မပါတဲ့ fragrance free skin care products များကို ရွေးချယ် အသုံးပြုပါ။

☑️ Cosmetics ဝယ်တဲ့အခါ cream (သို့) oil base ကို ရွေးချယ်ပေးပါ။ Sodium lauryl sulfate ပါတဲ့ products တွေကတော့ အသားခြောက်စေတဲ့အတွက် ရှောင်သင့်ပါတယ်။
☑️ ဝက်ခြံထွက်နေတယ်ဆိုရင် ceramides, hyaluronic acid, hydration serums နဲ့ glycerin ပါတဲ့ products တွေကို သုံးပေးပါ။
☑️ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ခြင်းကို အလွန်ဆုံး တစ်နေ့ (၂)ကြိမ်သာ သစ်ပေးပါ။ Sensitive သမားတွေကတော့ ညနေပိုင်းမှာသာ မျက်နှာသစ်ဆေးသုံးပြီး ကျန်တဲ့ အချိန်တွေမှာက ရေနဲ့သာ သန့်ရှင်းပေးသင့်ပါတယ်။
☑️ ဆောင်းရာသီမှာ Body lotion အစား body serum / body cream တို့ကို ပြောင်းသုံးပေးပါ။ Shaving လုပ်ခြင်းက အသားကို ခြောက်စေပါတယ်။ ဒါကြောင့် မရိတ်ခင် lubricant တစ်မျိုးမျိုး အရင်သုံးပေးပါ။ အမွှေးပေါက်တဲ့ လားရာအတိုင်း ရိတ်ပေးပါ။ ဓားထက်တာကို သုံးပေးပါ။ ရိတ်ပြီးရင် moisturizer လိမ်းပေးပါ။
☑️ ဆောင်းရာသီမှာ အသားကို လေထိမခံဘဲ တတ်နိုင်သလောက် ဖုံးထားပေးပါ။ ဦးထုပ်ဆောင်းပါ။ ခြေအိတ်၊ လက်အိတ်စွပ်ပါ။ ပန်းကန်ဆေးတဲ့အခါမှာလည်း လက်အိတ်သုံးပါ။ လက်ဆေးပြီးတိုင်း စေးကပ်မှု မရှိတဲ့ hand cream ကို အသုံးပြုပေးပါ။
☑️ ၁နှစ်အောက် ကလေးတွေမှာဆိုရင် တစ်ပါတ် ၁ခါ၊ နှစ်ပါတ် ၁ခါလောက်မှ ရေချိုးဆပ်ပြာ သုံးပေးရင် လုံလောက်ပါတယ်။ ကျန်တဲ့အချိန်တွေက ရေနဲ့ပဲ ချိုးပေးနိုင်ပါတယ်။ Diaper area ကိုတော့ diaper လဲတိုင်း သန့်ရှင်းရေး လုပ်ပေးရပါမယ်။ အစိုဓာတ် ရှိနေတဲ့ အချိန်မှာ Petroleum jelly (Vaseline) ကို ပါးပါးလေး လိမ်းပေးနိုင်ပါတယ်။
☑️ အသားအရေ လင်းလက်တောက်ပနေဖို့ Skin care အပြင် အစားအသောက်၊ လေ့ကျင့်ခန်းနဲ့ ရေဓာတ်ဖြည့်တင်းပေးခြင်းတို့က အလွန်အရေးကြီးပါတယ်။ အုန်းသီး၊ ထောပတ်သီး၊ ငါး၊ ကန်စွန်းဥတို့ကို များများစားပေးပါ။ ဆောင်းရာသီမှာ အိပ်ယာထဲ ကွေးနေရာကနေ ထဖို့ ခဲယဉ်းပေမယ့် အသားအရေ လှချင်တယ်ဆိုရင် သွေးလည်ပတ်မှုကောင်းအောင် လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးဖို့လည်း လိုအပ်ပါတယ်နော်။
☑️ အသားခြောက်တာက အန္တရာယ် မရှိသော်လည်း ဂရုမစိုက်ဘဲ ထားမယ်ဆိုရင် နှင်းခူဖြစ်ခြင်း၊ အသားအက်ကွဲတဲ့ နေရာမှ ပိုးဝင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
အပေါ်က နည်းလမ်းတွေကို လိုက်နာပေမယ့် အသားအရေက ခြောက်သွေ့နေတုန်းပဲ ဆိုရင်တော့ အရေပြားအထူးကုနဲ့ ပြသကြည့်သင့်ပါတယ်နော်။ အားလုံးပဲ ကျန်းမာပျော်ရွှင်လှပနိုင်ကြပါစေရှင့်…💜

Leave a Comment