💊 မသောက်ရဘဲ ရှူရတဲ့ ဆေးတောင့်လေးများအကြောင်း
🤔 ပုံထဲကလို တစ်ဖက်က အရောင်လေးရယ်၊ တစ်ဖက်က အကြည်လေးနဲ့ ဆက်ထားပြီး အထဲက ဆေးမှုန့်အဖြူလေးတွေပါတဲ့ Capsule အတောင့်လေးကို ဇီဝကချစ်သူတို့ မြင်ဖူးကြလားရှင့်?
🙌🏼 ဒီဆေးတောင့်လေးတွေဟာဆိုရင် ပုံမှန်ဆေးတောင့်တွေလို သောက်ရတဲ့ ဆေးတွေမဟုတ်ပါဘူး။ ပန်းနာရင်ကျပ်သမားတွေမှာ Revolizer လို့ခေါ်တဲ့ ရှူစက်လေးထဲကို ထည့်ပြီး ရှူရတဲ့ ဆေးတောင့်လေးတွေ ဖြစ်ပါတယ်။ Rotacaps (သို့) DP-Caps လို့ခေါ်ပါတယ်ရှင့်။
❕ Metered Dose Inhaler လို့ခေါ်တဲ့ အားဖျန်းရှူဆေးဘူးတွေနဲ့ယှဉ်ရင် နှိပ်တာနဲ့ ရှူတာ အချိန်တစ်ထပ်တည်းကျအောင် ကြိုးပမ်းစရာ မလိုတဲ့အတွက် ပိုပြီး အသုံးပြုရ လွယ်ကူပါတယ်။ Capsule ဆေးတောင့်ရဲ့ အကြည်ဘက်အခြမ်းကို အောက်ကထား ထည့်ခြင်းဖြင့် ရှူပြီးတဲ့အခါ ဆေးကျန်ခဲ့သေးလား ဆိုတာကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ တစ်ခါရှူပြီး ဆေးမှုန့်ကျန်နေသေးရင် နောက်တစ်ကြိမ် ပါးစပ်မှ အသက်ကို ၀၀ ရှူထုတ်ပြီး ဆေးထပ်ရှူနိုင်ပါတယ်ရှင့်။ ရှူပြီးတာနဲ့ ပလုတ်ကျင်းပေးပါ။
အောက်တွင် ထည့်သွင်းဖော်ပြထားတဲ့ လင့်ခ်ထဲကို ဝင်ပြီး Revolizer နဲ့ Rotacaps အသုံးပြုပုံကို ကြည့်ရှုနိုင်ပါတယ်။
☑️ Revolizer ကို အနည်းဆုံး (၁)ပတ်လျှင် (၁)ကြိမ် ရေနှင့်သာ ဆေးပြီး သန့်ရှင်းရေး လုပ်ပေးရပါမယ်ရှင်။ ရေမကျန်အောင် ခါပြီးနောက် သဘာဝအတိုင်း (၆)နာရီခန့်ထားပြီး အခြောက်ခံပါ။ (၁)ညသိပ်ထားလို့လည်း ရပါတယ်။ မီးနဲ့ လုံး၀ အပူမပေးရပါ။ Revolizer ထဲကို အဝတ်စနဲ့ မသုတ်ရပါ။ အခြား အရာဝတ္ထုများလည်း မထည့်ရပါ။ သန့်ရှင်းခြောက်သွေ့တဲ့ နေရာမှာပဲ သိမ်းပါ။ Revolizer က စိုထိုင်းနေလျှင် အသုံးမပြုရပါ။ Revolizer အသုံးပြုတာ (၆)လပြည့်လျှင် အသစ်တစ်ခု လဲပေးပါ။
https://www.youtube.com/watch?v=NwJIQgF9_o8
Video credit to Cipla