မိုးရာသီမှာ ဆေးဖြစ်ဝါးဖြစ် စားသင့်တဲ့ အစားအစာများ
☔️ မိုးရာသီမှာ ဆေးဖြစ်ဝါးဖြစ် စားသင့်တဲ့ အစားအစာများ
☕️ မိုးရာသီမှာ ကော်ဖီလေးတစ်ခွက်နဲ့ မိုးရေစက်လေးတွေကို ထိုင်ငေးရတာ လူတိုင်း နှစ်သက်ကြပါတယ်။ ဒါပေမယ့် မိုးရေတွေနဲ့အတူ ကိုယ်ခံအားကောင်းမကောင်း စမ်းသပ်နေသလားလို့တောင် ထင်ရတဲ့ ကျန်းမာရေးပြဿနာတွေက တစ်စ တစ်စ ပါလာတတ်ပါတယ်။
🛡️ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့အတိုင်း မိုးရာသီမှာ ပိုပေါတတ်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေရဲ့ရန်ကနေ မိမိကိုယ်ကို ကာကွယ်ဖို့ အောက်ပါအစားအစာတွေကို မှီဝဲသင့်ပါတယ်။
🌶️ ငရုတ်ကောင်းစိမ်း
ငရုတ်ကောင်းစိမ်းမှာဆိုရင် ဗီတာမင် C, K နဲ့ Antioxidant တွေ ပါဝင်လို့ ပြင်းထန်တဲ့ ရောဂါတွေကနေ ကာကွယ်ပေးပါတယ်။ အစာခြေဖျက်နိုင်စွမ်းအားကိုလည်း ကောင်းစေပါတယ်။ အစားအသောက်ကနေ ပါလာတတ်တဲ့ ဘက်တီးရီးယားပိုးမွှားတွေရဲ့ ရန်မှ ကာကွယ်ပေးပါတယ်။
🍑 အသီးများ
မက်မွန်သီး၊ ဇီးသီး၊ ချယ်ရီသီး၊ သပြေသီး၊ သလဲသီးတို့မှာဆိုရင် ဗီတာမင် C ၊ A ၊ အမျှင်ဓာတ်နဲ့ Antioxidant တွေ ပါဝင်ပါတယ်။ မိမိအိမ်မှာ လတ်လတ်ဆတ်ဆတ် ခွဲစားမယ်ဆိုရင် ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်စေနိုင်ပါတယ်။
🥣 စွပ်ပြုတ်
စွပ်ပြုတ်ပူပူနွေးနွေးလေးတစ်ခွက်က ရေဓာတ်ကို ဖြည့်ပေးပြီး ကိုယ်ခံအားကောင်းစေပါတယ်။
🥦 ဟင်းသီးဟင်းရွက်
ဟင်းသီးဟင်းရွက်တွေကို အစိမ်းလိုက် တို့စားတာမျိုးက မမြင်နိုင်တဲ့ ပိုးမွှားတွေကိုပါ ခန္ဓာကိုယ်တွင်းထဲ ဝင်ရောက်စေနိုင်တဲ့အတွက် ပြုတ်ပြီးတော့မှသာ စားသင့်ပါတယ်။
🧈 ပရိုဘိုင်အိုတစ်
ဒိန်ချဉ်၊ ထောပတ်၊ ကီဖာတွေမှာ ပရိုဘိုင်အိုတစ်ပါဝင်လို့ အူလမ်းကြောင်းကို ကျန်းမာစေပြီး ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားများကို တိုက်ထုတ်ပေးပါတယ်။
🥛 ပရိုတင်း
နိုနှင့် နိုထွက်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ ကြက်သားတို့သည် ကိုယ်ခံအားကို ကောင်းစေပြီး ဖျားနာခြင်းကို အချိန်တိုအတွင်းသက်သာစေတဲ့ ပရိုတင်းဓာတ်တွေကို ပေးစွမ်းပါတယ်။
🧄ဂျင်းနှင့် ကြက်သွန်ဖြူ
ဂျင်း၊ ကြက်သွန်ဖြူသည် အဖျားကို တိုက်ထုတ်ပေးပြီး နှာပိတ်ခြင်းကို သက်သာစေပါတယ်။ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို သေစေသော၊ အရောင်ကျစေသော အာနိသင်ရှိပါတယ်။ ဂျင်းလက်ဖက်ရည်ဟာဆိုရင် လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။
🫘 ပဲနံ့သာစေ့
ပဲနံ့သာစေ့ဟာဆိုရင် စွမ်းအင်တိုးစေပါတယ်။ ဖျားနာနေချိန် နဲ့ အစာခြေစနစ် မမှန်တဲ့အချိန်မှာ ခန္ဓာကိုယ်ကို စောင့်ရှောက်ပေးတဲ့ သတ္ထုဓာတ်အစုံ ပါဝင်ပါတယ်။
🟡 နနွင်း
နနွင်းမှာဆိုရင် H.pylori လို အစာအိမ်ပိုးတွေကို သေစေတာကြောင့် အစာအိမ်အနာမဖြစ်အောင် ကာကွယ်ပေးပြီး ကိုယ်ခံအားကို တိုးစေပါတယ်။
🔘 Omega 3
Omega 3 မှာဆိုရင် ကိုယ်ခံအားကောင်းအောင် ထိန်ပေးတဲ့ အာနိသင်ရှိပါတယ်။ ငါး၊ ပုဇွန်၊ ကမာ၊ အခွံမာသီးတို့ကနေ omega 3 ကို ရရှိပါတယ်။
ဒီနှစ် မိုးရာသီမှာလည်း ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအစာတွေစားရင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစေဖို့ အားလုံးပဲ ဂရုစိုက်ကြပါနော်…💜💜