‼️ ဗောက်ပြဿနာ အဖြေရှာ ‼️
📅 နေ့ရက်တိုင်းကို အောင်မြင်ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့အတွက် မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိနေဖို့ လိုအပ်ပါတယ်။ သင်ဟာ နေ့စဉ် ခေါင်းတွေ ယားလွန်းလို ကုတ်နေတယ်၊ ခေါင်းပေါ်မှာလည်း ဗောက်တွေ ဖွေးနေတယ်၊ ပခုံးပေါ်ကိုလည်း ဗောက်တွေကျလွန်းလို့ စိတ်ညစ်နေရတဲ့ သူတစ်ဦးဖြစ်မယ်ဆိုရင်တော့ ဒီစာကို ဆုံးအောင် ဖတ်ကြည့်သင့်ပါတယ်။ ဗောက်ကြောင့်နဲ့တော့ စိတ်ဒုက္ခ မခံပါနဲ့။
❕ ဗောက်ဆိုတာ ရာသီမရွေး ဖြစ်တတ်ပြီး ဆောင်းရာသီမှာ ပိုအဖြစ်များတတ်ပါတယ်။ ဗောက်ထစေတဲ့ အဓိက အကြောင်းရင်းတွေကတော့ ဦးရေပြား အဆီထွက်တာ များခြင်း၊ ဦးရေပြား ခြောက်သွေ့ခြင်း၊ အရေပြား ရောင်ရမ်းသည့် ရောဂါတစ်မျိုးမျိုး ဖြစ်ခြင်းနဲ့ ဦးရေပြား မှိုစွဲခြင်းတို့ကြောင့် ဖြစ်ပါတယ်။
ဗောက်ထခြင်းကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကတော့
• စိတ်ဖိစီးမှုများကို လျှော့ချပါ။
• Zinc, Vit B complex, Omega 3 တို့ကို မှီဝဲပါ။
• ဦးရေပြား အဆီထွက်များတဲ့သူက တစ်ရက်ခြား တစ်ခါလောက် ခေါင်းလျှော်ပေးပါ။ ဦးရေပြား ခြောက်တတ်သူက ခဏခဏ ခေါင်းလျှော်ခြင်းကို ရှောင်ပါ။
• မနက်ခင်း နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။
• ဆံသား ပုံသွင်းတဲ့ products တွေကို အမြဲမသုံးဖြစ်အောင် ဂရုစိုက်ပါ။
• ဗောက်ပျောက် ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။
အကယ်၍ ဗောက်ပျောက် ခေါင်းလျှော်ရည်သုံးတာ (၁)လကျော်သည်အထိ မသက်သာလျှင်၊ ဦးရေပြား အလွန်အမင်း ယားနေလျှင်၊ ဦးရေပြားက နီရဲပြီးရောင်နေလျှင် ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ဗောက်ထခြင်းကို သက်သာစေမယ့် အစားအသောက်တွေကတော့-
• ငါး 🐟
healthy fat တွေ ပါတဲ့အတွက် ဦးရေပြားနဲ့ ဆံသားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
• ကြက်ဥ 🥚
Zinc နဲ့ Biotin ပါလို ဦးရေပြားနဲ့ ဆံသားကျန်းမာရေးကို ကောင်းမွန်အောင် ထောက်ပံ့ပေးပါတယ်။ ဦးရေပြား အဆီပြန်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
• ထောပတ်သီး 🥑
Healthy fat တွေပါလို့ ဦးရေပြားအတွက်သာမက ကျန်းမာရေးအတွက် ဘက်စုံကောင်းမွန်ပါတယ်။
• အစေ့အဆံများ 🥜
အစေ့အဆံများမှာ Zinc နဲ့ Vitamins တွေ ကြွယ်ဝစွာပါလို့ ဦးရေပြားကို အာဟာရဖြည့်ပေးပြီး ဗောက်ထနည်းစေပါတယ်။
• ငှက်ပျောသီး 🍌
ငှက်ပျောသီးမှာလည်း Zinc နဲ့ Biotin ပါဝင်ပါတယ်။
• သံလွင်ဆီ 🫒
သံလွင်ဆီဟာ healthy fat ဖြစ်လို့ ဦးရေပြား ခြောက်တဲ့သူတွေမှာ အစိုဓာတ်ထိန်းပေးပြီး အဆီမပြန်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
• ဒိန်ချဉ် 🍶
ကိုယ်ခံအားကောင်းစေလို့ မှိုကြောင့်ဖြစ်တဲ့ ဗောက်ထခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
• ကြက်သား 🍗
ကောင်းမွန်တဲ့ ဦးရေပြားကို ထိန်းသိမ်းထားဖိုဆိုရင် ပရိုတင်းဓာတ် ကြွယ်ဝစွာ ရရှိနေဖို့ လိုအပ်ပါတယ်။ ကြက်သားမှာပါတဲ့ ပရိုတင်းတွေက ဆံပင်ကျွတ်လည်း သက်သာစေပါတယ်။
• တို့ဟူး
တို့ဟူးမှာလည်း ပရိုတင်းနဲ့ zinc တွေ ပါဝင်ပါတယ်။
အထက်ပါ အစားအစာတွေဟာ ဗောက်ထတာကို သက်သာစေသလို အခြား ဆံသားပြဿနာများမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အသားအရေအတွက်လည်း အထူးကောင်းမွန်တာကြောင့် ရွေးချယ်စားသုံးသင့်ကြောင်း တင်ပြလိုက်ပါတယ်…💜💜