စပျစ်စေ့ အဆီအနှစ် (Grape Seed Extract) ရဲ့ ကျန်းမာရေး ကောင်းကျိုးများ

🍷 နေ့စဉ် ဝိုင်နီတစ်ခွက် (200ml) သောက်ပေးတာက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဘာလိုလည်းဆိုတော့ ဝိုင်နီကို စပျစ်သီးကနေ ထုတ်လုပ်ထားလိုပဲ ဖြစ်ပါတယ်။ မကြာသေးမီ နှစ်များကစပြီး စပျစ်သီးရဲ့ အစေ့ကလည်း ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတာကို အာရုံစိုက်မိလာကြပါတယ်။ ဒါကြောင့် စပျစ်စေ့များကို ထုတ်ယူ အခြောက်ခံ ကြိတ်ချေပြီးနောက် အဆီ ထုတ်ယူပြီး ဖြည့်စွက်စာများတွင် ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ စပျစ်စေ့ အဆီအနှစ်မှာ အစွမ်းထက် antioxidant ဖြစ်တဲ့ proanthocyanidine အပြင် vitamin A,C,E တိုလည်း ပါဝင်ပါတယ်။

💠 စပျစ်စေ့ အဆီအနှစ်ရဲ့ သတိအပြုမိဆုံး ကောင်းကျိုးတစ်ခုကတော့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ (antioxidants) တွေ ပါဝင်လို အိုမင်းရင့်ရော်မှုကို နှေးကွေးစေတာဖြစ်ပါတယ်။ ရောဂါပိုးမွှားတွေရန်က ကာကွယ်ပေးနိုင်တဲ့ ဓာတ်တွေလည်း အပြည့်အဝပါလို ကိုယ်ခံအားစနစ် မြှင့်တင်လိုသူတွေအတွက်လည်း အကျိုးရှိပါတယ်ရှင်။ စပျစ်စေ့မှာပါတဲ့ antioxidants တွေက ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ free radicals တွေကို ဖျက်ဆီးပေးတာကြောင့် နေ့ရက်တိုင်းကို ကျန်းမာစေမှာ ဖြစ်ပါတယ်။ Free radicals တွေက လူကို အိုမင်းရင့်ရော်စေပြီး နှလုံးရောဂါနဲ့ ကင်ဆာတွေကို ဖြစ်စေပါတယ်။

စပျစ်စေ့ အဆီအနှစ်ရဲ့ နောက်ထပ် ကောင်းကျိုးတွေကတော့…

☑️ အနာကျက်တာကို မြန်စေပါတယ်

☑️ အနာကျက် မြန်စေတဲ့အပြင် အနာကျက်နေတဲ့အချိန်မှာ ပန်းနုရောင် အသားအရေလေး ဖြစ်ဖို ကူညီပေးတဲ့ tenascin ပရိုတင်း ပမာဏကို တိုးစေတာကြောင့် အမာရွတ်ကျန်တာ နည်းစေပါတယ်။

☑️ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်

☑️ စပျစ်စေ့ အဆီအနှစ်ကို သောက်သုံးခြင်းဖြင့် ခွဲစိတ်ခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းတိုကြောင့် ဖြစ်သော ရောင်ရမ်းမှုများကို မြန်မြန်လျော့ကျစေပါတယ်။ သွေးလည်ပတ်မှု မကောင်းခြင်းကြောင့် ခြေထောက်တွင် သွေးများအိုင်ပြီး ခြေထောက်ဖောရောင်ခြင်းကိုလည်း သက်သာစေပါတယ်။ အဆစ်အမြစ် ရောင်ရမ်းနေသူတွေမှာလည်း အကျိုးရှိပါတယ်။

☑️ နှလုံးနှင့် သွေးကြောကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်

☑️ စပျစ်စေ့ အဆီအနှစ်မှာပါတဲ့ antioxidants တွေက သွေးတိုးခြင်းကို ဖြစ်စေတဲ့ သွေးကြောများ ပျက်စီးမှုကို ကာကွယ်ပေးခြင်း၊ ခန္ဓာကိုယ်ရှိ မကောင်းတဲ့ LDL cholesterol များကို လျှော့ချပေးခြင်းတိုကြောင့် overall နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

☑️ မှတ်ဉာဏ်တိုးစေပါတယ်

☑️ အသက်ကြီးပိုင်း ဘိုးဘိုးဘွားဘွားတွေမှာ အိုမင်းလာခြင်းကြောင့် မှတ်ဉာဏ်ချိုယွင်းလာခြင်းနှင့် တုံပြန်မှု နှေးကွေးလာခြင်းတွေကို ကာကွယ်ပေးပါတယ်။ အာရုံစူးစိုက်မှု အားကောင်းစေပါတယ်။ အယ်လ်ဇိုင်းမား၊ ပါကင်ဆန်လို ရောဂါတွေ ဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပါတယ်။ ကလေးတွေမှာလည်း ADHD လက္ခဏာတွေကို သက်သာစေပါတယ်။

☑️ အသားအရေ လှပစေပါတယ်

☑️ စပျစ်စေ့ အဆီအနှစ်က ရေဓာတ်ဖြည့်တင်းပေးတာကြောင့် အသားအရေကို နူးညံ့စိုပြေစေပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ မပျက်စီးအောင်လည်း ကာကွယ်ပေးပါတယ်။ အရေးအကြောင်းများကိုလည်း လျော့ပါးစေပါတယ်။

🔹 စပျစ်စေ့ အဆီအနှစ်ကို တစ်မျိုးတည်းသောက်သုံးတာထက် တခြား ဗီတာမင်တွေ၊ antioxidants တွေနဲ့ တွဲဖက်သောက်သုံးပါက အာနိသင် ပိုကောင်းစေမှာ ဖြစ်ပါတယ်ရှင်။ တစ်ရက်လျှင် စပျစ်စေ့ အဆီအနှစ် 100 မှ 300 mg အထိသောက်သုံးနိုင်ပါတယ်ရှင်။

🔸 စပျစ်သီးစားတဲ့အခါမှာ အများစုက အစေ့ကို အရသာမကောင်းတဲ့အတွက် ထွေးထုတ်လိုက်ကြတာ များပါတယ်။ စပျစ်စေ့ကို ဝါးမစားချင်သူတွေအနေနဲ့လည်း စပျစ်စေ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိဖို စပျစ်စေ့ အဆီအနှစ်ပါတဲ့ ဖြည့်စွက်စာတွေကို မှီဝဲနိုင်ကြောင်း တင်ပြလိုက်ပါတယ်ရှင်…💜

Leave a Comment