👵 ဘိုးဘိုးဘွားဘွားတို့ အစားအသောက် ပျက်နေပြီလား?

🙌 မိမိချစ်ခင်အလေးထားရတဲ့ ဖေဖေမေမေ၊ ဘိုးဘိုးဘွားဘွားတို့ သက်ရှည်ကျန်းမာဖို့က သားသမီးမြေးမြစ်တို့ရဲ့ ပဓာနကျတဲ့ ဆန္ဒတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလို ကျန်းမာဖို့ဆိုရင် ဘိုးဘိုးဘွားဘွားတို့ရဲ့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေ ပြည့်စုံမျှတစွာ ရရှိနေဖို့ လိုအပ်ပါတယ်။

✅ အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များ နှေးလာခြင်း၊ လှုပ်ရှားမှု နည်းလာခြင်း၊ အနံ့ခံအာရုံနှင့် အရသာခံအာရုံများ ပြောင်းလဲလာခြင်း၊ သွားမကောင်းတော့ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာရှိခြင်း၊ ကိုယ်တိုင် အစားအစာများ ပြင်ဆင်နိုင်မှု မရှိတော့ခြင်းတို့ကြောင့် ဘိုးဘိုးဘွားဘွားတို့အနေနဲ့ အစာစားချင်စိတ်လျော့နည်းလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ဇီဝကမှ ဘိုးဘိုးဘွားဘွားတို့ ပုံမှန်အစာစားချင်စိတ် ဖြစ်ပေါ်စေဖို့အတွက် နည်းလမ်း (၇) သွယ်ကို မျှဝေလိုက်ပါတယ်။

⭕️ အစာစားချိန်များကို ပုံမှန်သတ်မှတ်ထားပါ။
ဗိုက်ဆာမှ စားတာထက် ပုံမှန်အစာစားချိန်များ သတ်မှတ်ထားကာ စနစ်တကျ ပြင်ဆင်ကျွေးမွေးခြင်းက ပိုပြီးထိရောက်ပါတယ်။

⭕️Fortified လုပ်ထားတဲ့ products များကို ရွေးချယ်ပါ။
သာမန်အစားအစာတွေထက် fortified လုပ်ထားတဲ့ products တွေက အရေးပါတဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ထပ်ထည့်ပေးထားတာဖြစ်လို့ ပိုပြီး အာဟာရဓာတ်တွေ ကြွယ်ဝပါတယ်။

⭕️ထမင်းလက်ဆုံစားပါ
ဘိုးဘိုးဘွားဘွားတို့ကို တစ်ဦးတည်း ကျွေးမွေးတာထက် မိသားစုဝင်တွေ အတူတကွ ဝိုင်းဖွဲ့စားသောက်ပေးတာက ဘိုးဘိုးဘွားဘွားတို့စိတ်ထဲမှာ ထမင်းစားမယ့်အချိန်ကို ပိုပြီးတော့ ခုံမင်စေပါတယ်။

⭕️ အာခေါင်ခြောက်ခြင်းကို တိုက်ထုတ်ပါ
အာခေါင်ခြောက်ခြင်းက အစာစားချင်သောက်ချင်စိတ်ကို ဟန့်တားစေပါတယ်။ အာခေါင်ခြောက်ခြင်းက ရေသောက်နည်းတာကြောင့်လည်း ဖြစ်နိုင်သလို အချို့သော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရေများများသောက်ခြင်း၊ ကဖင်းဓာတ်လျှော့သောက်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ တစ်နေ့လျှင် သွားနှစ်ကြိမ်တိုက်ပေးခြင်းတို့က အာခေါင်ခြောက်တာကို သက်သာစေပါတယ်။ ဆေးကြောင့်ဖြစ်ပါက ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသမှုကို ခံယူသင့်ပါတယ်။

⭕️ သရေစာလေးတွေ စားပေးဖို့ တိုက်တွန်းပါ
အစေ့အဆံ၊ စပျစ်သီးခြောက်၊ ချောကလက်၊ ဒိန်ချဉ်တို့လို အာဟာရဓာတ် ကြွယ်ဝတဲ့ သရေစာလေးတွေ ကျွေးပါ။

⭕️ အစာစားချင်စိတ်တိုးပွားစေတဲ့ အားဆေးတွေ တိုက်ကျွေးပါ
Vitamin B1 , Zinc နဲ့ Fish oil တို့က အစာစားချင်စိတ်ကို တိုးစေတဲ့အတွက် ဆရာဝန် (သို့) ဆေးဝါးပညာရှင်နဲ့ တိုင်ပင်ပြီး တိုက်ကျွေးနိုင်ပါတယ်။

⭕️အလွယ်တကူ သောက်လို့ရတဲ့ အာဟာရဖြည့်စွက်စာတွေ အသုံးပြုပါ
တချို့ဘိုးဘိုးဘွားဘွားတွေအဖို့ အစားအစာတွေက ဝါးရခက်လို့၊ မျိုချရခက်လို့ စားချင်စိတ်မရှိတာမျိုး ဖြစ်နိုင်တဲ့အတွက် အလွယ်တကူ ဖျော်စပ်သောက်သုံးလို့ရတဲ့ အာဟာရဖြည့်စွက်စာများကို တိုက်ကျွေးနိုင်ပါတယ်။

✔️ Sure Prevent ဟာဆိုရင် အစာစားချင်စိတ် ဖြစ်ပေါ်စေခြင်းနဲ့ နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်းတို့အတွက် အထောက်အကူဖြစ်စေလို့ အသက်အရွယ်ကြီးသူများ၊ နာလန်ထစ လူနာများ၊ ခွဲစိတ်ပြီး လူနာများအတွက် အထူးသင့်တော်တဲ့ ဖြည့်စွက်စာ ဖြစ်ပါတယ်။ ဆီးချိုရှိသူများအတွက်ကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ဗီတာမင်နဲ့ သတ္ထုဓာတ် (၁၇) မျိုး ပါဝင်တဲ့ Diabetasol နဲ့ အာဟာရဖြည့်ပေးနိုင်ပါတယ်။

ဘိုးဘိုးဘွားဘွားတွေ အာဟာရပြည့်ဝ ကျန်းမာပြီး သက်တော်ရာကျော်ရှည်စေဖို့ ဇီဝကမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

Leave a Comment