🙌 ချွဲပျော်စေသော Ambroxol

⭕️ ချွဲသလိပ်ဆိုတာ ပုံမှန် ကျန်းမာရေးကောင်းနေတဲ့ အချိန်မှာလည်း နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်ထဲမှာ ခြောက်သွေ့ကွဲအက်ခြင်းကို ကာကွယ်ပေးဖို့အတွက် အလွှာပါးပါးလေးအနေနဲ့ ရှိနေကျဖြစ်ပါတယ်။ သို့သော် ရောဂါပိုးမွှားတွေ ဝင်ရောက်လာရင်ပဲဖြစ်ဖြစ်၊ ဓာတ်မတည့်တာတစ်ခုခု ဝင်လာရင်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ရှူရှိုက်လိုက်မိတဲ့ ဖုန်နဲ့ အညစ်အကြေးတွေ၊ ရောဂါပိုးမွှားတွေကို ဖမ်းဆုပ်ထားဖို့အတွက် ချွဲသလိပ်တွေကို လိုအပ်တာထက်ပိုပြီး ထွက်လာစေပါတော့တယ်။ ထိုအခါ ချောင်းဆိုးရင်ကျပ်ခြင်းနဲ့ အသက်ရှူရခက်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။
💊 ဒါတွေ သက်သာစေဖို့အတွက် ချွဲသလိပ်ပျော်ဆေးတွေ သောက်သုံးပေးဖို့ လိုအပ်လာပါတယ်။ Ambroxol သည် အသက်ရှူလမ်းကြောင်းရှိ ချွဲသလိပ်များကို ပျော်ဝင်စေသော ဆေးကောင်းတစ်လက် ဖြစ်ပါတယ်။ ချွဲများကို ချေဖျက်ပေးသည့်အတွက် အသက်ရှူရ လွယ်ကူသွားစေပါတယ်။ Ambroxol သည် ချွဲသလိပ်တွေ ပိုမထွက်အောင် တားဆီးပေးပြီး သလိပ်ရဲ့ စေးကပ်ပျစ်ခဲမှုကို လျှော့ချပေးတာကြောင့် ချောင်းဟန့်လိုက်ခြင်းဖြင့် ချွဲသလိပ်တွေကို ပိုမိုလွယ်ကူစွာ ဖယ်ရှားလို့ရသွားစေပါတယ်။
Ambroxol ကို…
✅ လေပြွန်ရောင်ခြင်း၊
✅ အဆုတ်လေအိတ်များ ပျက်စီးခြင်း၊
✅ နာတာရှည် အဆုတ်ရောင်ခြင်း၊
✅ လေပြွန်များ ပျက်စီးခြင်း၊
✅ အဆုတ်အတွင်းက လေလမ်းကြောင်း ပတ်လည်ရှိ ကြွက်သားများ တင်းကျပ်ခြင်းတို့တွင်လည်း အသုံးပြုလေ့ ရှိပါတယ်။
🔰 ခန္ဓာကိုယ်ကနေ Ambroxol ကို စုပ်ယူနိုင်မှုက မြန်ဆန်တဲ့အတွက် ဆေးသောက်ပြီး နာရီဝက်နေရင် အာနိသင် စရပါတယ်။ Ambroxol မှာ ထုံကျင်စေတဲ့ အာနိသင်လည်း ရှိတာကြောင့် လည်ချောင်းနာကျင်ခြင်း ဝေဒနာကိုလည်း သက်သာစေဖို့ ငုံဆေးအနေနဲ့လည်း ထုတ်လုပ်ကြပါတယ်။
💠 ရံဖန်ရံခါ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုး အနည်းငယ် ဖြစ်နိုင်တဲ့အတွက် Ambroxol ကို အစာစားပြီးမှ သောက်သင့်ပါတယ်။ အစာအိမ် အနာရှိသူတွေကတော့ သတိထားပြီး သောက်ရပါမယ်။ ကိုယ်ဝန်ဆောင်စဉ် ပထမ (၃) လမှာလည်း Ambroxol ကို ရှောင်ကြဉ်သင့်ပါတယ်။
🌷 အချုပ်အားဖြင့် Ambroxol သည် ထူထဲကျပ်ခဲနေသော ချွဲသလိပ်များကို ပါးလွှာလျော့ရဲစေခြင်းဖြင့် ချောင်းဆိုးခြင်းကို ပိုမိုလွယ်ကူစေပြီး အသက်ရှူလမ်းကြောင်းကို ရှင်းလင်းပေးပါတယ်။ ဒါကြောင့် ချွဲသလိပ်များကို ရှင်းထုတ်ပစ်ရန် ခက်ခဲနေပါက Ambroxol သည် မှန်ကန်သော ရွေးချယ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်ရှင်…💜