🙌 ခုခံအား ကျဆင်းမှုရောဂါ ကူးစက်မခံရအောင် ဘယ်လိုကာကွယ်ကြမလဲ?

🦠 ပွင့်လင်းမြင်သာမှုရှိလာတဲ့ ယနေ့ခေတ်ကာလမှာ ရောဂါပိုးမွှားတွေဆိုတာလည်း အရင်ကထက် ပိုမိုကူးစက်လွယ်လာပါတယ်။ ဒီထဲမှာဆိုရင် HIV/AIDS လို့ အားလုံးသိကြတဲ့ ခုခံအားကျဆင်းမှု ရောဂါလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

HIV ကူးစက်နိုင်တဲ့ အဓိက အကြောင်းရင်းတွေကတော့
⚠️ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ စအိုဖြင့် လိင်ဆက်ဆံခြင်း၊
⚠️ လိင်ဆက်ဆံဖော်များခြင်း၊
⚠️ လိင်အင်္ဂါတွင် အနာများပေါက်နေခြင်း၊
⚠️ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်းနဲ့
⚠️ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားချိန်နဲ့ နို့တိုက်ချိန်တွင် HIV ပိုးရှိတဲ့ မိခင်မှ ကလေးကို ကူးစက်စေခြင်းတို့ ဖြစ်ပါတယ်။

HIV ပိုး ကူးစက်ခံထားရသူအချို့သည် ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး (၂) ပတ်မှ (၄) ပတ်အတွင်း
❗️ ဖျားခြင်း၊ ကိုယ်ပူခြင်း။
❗️ ခေါင်းကိုက်ခြင်း။
❗️ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း။
❗️ အဖုအပိမ့်ထွက်ခြင်း။
❗️ လည်ချောင်းနာခြင်း၊ ပါးစပ်အနာများ ပေါက်ခြင်း။
❗️ ဝမ်းပျက်ခြင်း။
❗️ ကိုယ်အလေးချိန်ကျခြင်း။
❗️ ချောင်းဆိုးခြင်းနှင့်
❗️ ညဘက် ဇောချွေးပြန်ခြင်း စတဲ့လက္ခဏာတွေ ဖြစ်တတ်ပါတယ်။

🔰 CD4 T cells လို့ခေါ်တဲ့ သွေးဖြူဥများဟာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားများကို တိုက်ဖျက်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ HIV virus က ထို CD4 T ဆဲလ်တွေကို ဖျက်ဆီးပစ်တာဖြစ်လို့ HIV ပိုးကူးစက်ခံရတဲ့အခါ ကိုယ်ခံအားစနစ်က အားနည်းလာပြီး ရောဂါပေါင်းစုံ ဝင်ရောက်လာဖို့ကို ဖြစ်စေပါတယ်။

ဒီတော့ HIV ကူးစက်ခြင်းမခံရအောင် ကာကွယ်ဖို့
✅ လိင်ဆက်ဆံသည့် အခါတိုင်း ကွန်ဒုံးအသစ်ကို မှန်ကန်စွာ အသုံးပြုပါ။
✅ မိမိတွင် HIV ရှိလျှင် သင်၏ လိင်ဆက်ဆံဖော်များကို ပြောပြပါ။
✅ ဆေးထိုးအပ်များအား မျှဝေသုံးစွဲခြင်း မလုပ်ရပါ။

💊 HIV/AIDS အတွက် အရှင်းပျောက်စေတဲ့ ကုသဆေး မရှိသေးသော်လည်း ဗိုင်းရပ်စ် သတ်ပေးတဲ့ ဆေးဝါးတွေက ရောဂါပိုးကို ထိန်းချုပ်နိုင်ပြီး ရောဂါကို ပိုဆိုးမလာအောင် ထိန်းပေးနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဟာ HIV ပိုး ကူးစက်ခံရနိုင်ခြေများနေရင်ပဲ ဖြစ်ဖြစ်၊ မတော်တဆ ပိုးရှိသူနှင့် ဆက်ဆံမိခဲ့ရင်ပဲ ဖြစ်ဖြစ် စိတ်ဓာတ်ကျစရာမလိုဘဲ ဆေးပုံမှန်သောက်မယ်ဆိုရင် အများနည်းတူ သက်တမ်းစေ့ နေထိုင်နိုင်မှာ ဖြစ်ကြောင်း မျှဝေလိုက်ပါတယ်ရှင်…💜

Leave a Comment