မိန်းမတို့ဘုန်း ဆံထုံး
အမျိုးသမီးတို့၏ ကောင်းခြင်းမင်္ဂလာ ငါးဖြာထဲတွင် ဆံပင်၏ ကောင်းခြင်းသည်လဲ အပါအဝင်ဖြစ်ပါသည်။ ဒါကြောင့် အမျိုးသမီးတိုင်းသည် ဆံကေသာ အလှကိုလဲ မြတ်နိုးတန်ဖိုးထားတတ်ကြပါသည်။ ဆံကေသာ ကျန်းမာသန်စွမ်းစေဖို့ ခန္ဓာကိုယ်သည် အာဟာရဓာတ်တချို့ လုံလုံလောက်လောက် ရရှိဖို့ လိုအပ်ပါသည်။
သံဓာတ်
သံဓာတ်သည် ခန္ဓာကိုယ်တခုလုံးကို အောက်စီဂျင်နှင့် အာဟာရဓာတ်များ သယ်ယူပို့ဆောင်ပေးဖို့ မရှိမဖြစ်လိုအပ်ပါသည်။ သံဓာတ်ချို့တဲ့သွားသည့်အခါ ထိုအာဟာရဓာတ်များသည် အရေးကြီးသော အစိတ်အပိုင်းတွေဆီပဲရောက်ပြီး
ဆံသားအရင်းအမြစ်များဆီ မရောက်တော့သည့်အတွက် အာဟာရပြတ်ကာ ဆံပင်ကျွတ်ခြင်းများ ဖြစ်လာပါသည်။ သံဓာတ် ပေါကြွယ်ဝသည့် အစားအစာများကတော့ ဟင်းနုနွယ်၊ ကြက်ဥအနှစ်၊ အနီရောင်အသား၊ ပန်းပွင့်စိမ်းနှင့် ပဲသီးတောင့်ရှည်တို့ဖြစ်ပါသည်။
ဇင့်
ဇင့်ဓာတ်သည် ဆံပင်သန်ဖို့နှင့် ပျက်စီးနေသော ဆံသားများကို ပြန်လည်ပြုပြင်ပေးဖို့အတွက် အရေးကြီးပါသည်။ ဆံသားကို တုတ်စေပြီး ဆံပင်ကို ထူစေပါသည်။ ဇင့်ကြွယ်ဝသည့် အစားအစာများကတော့ ဂဏန်း၊ ကျောက်ပုဇွန်၊ ယောက်သွား၊ အနီရောင်အသား၊ ဖရုံစေ့၊ ကုလားပဲ၊ သီဟိုဠ်စေ့၊ ဗာဒံစေ့၊ ဗိုလ်စားပဲ၊ ကြက်ဥအနှစ်နှင့် နို့ထွက်ပစ္စည်းတို့ ဖြစ်ပါသည်။
Vitamin B7 ( Biotin )
Biotin ချို့တဲ့သည့်အခါ ဆံပင်ပါးတတ်ပါသည်။ Biotin သည် ဆံပင်အတွက်သာမက ခြေသည်းလက်သည်းနှင့် အသားအရေအတွက်ပါ ကောင်းမွန်သော ဗိုက်တာမင် ဖြစ်ပါသည်။ Biotin ကြွယ်ဝသော အစားအစာများမှာ ကြက်ဥအနှစ်၊ ချိစ်၊ နို့၊ ခါချက်ဥ၊ ပန်းသီး၊ ခရမ်းချဉ်သီး၊ ၀က်သား၊ အမဲသား၊ ကြက်သားနှင့် ဆလပ်ရွက်တို့ ဖြစ်ပါသည်။
Vitamin A
Vitamin A သည် ဦးရေပြားကို အစိုဓာတ်ဖြည့်ပေးပြီး ဆံသားကို တောက်ပစေပါသည်။ ဆံသားပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါသည်။ ဦးရေပြားကို သန့်ရှင်းစေပြီး ဗောက်မထအောင် ကာကွယ်ပေးပါသည်။ Vitamin A ကြွယ်ဝသော အစားအစာများမှာ ခါချက်ဥ၊ ဖရုံသီး၊ ဟင်းနုနွယ်၊ ဆလပ်ရွက်တို့ဖြစ်ပါသည်။
Vitamin D
Vitamin D သည် ဆံသားကို တုတ်စေပြီး ဆံပင်ကို ထူထဲစေပါသည်။ ဆံပင်ကျွတ်ခြင်းကိုလည်း သက်သာစေပါသည်။ Vitamin D ကြွယ်ဝသည့် အစားအစာများမှာ ငါး၊ ချိစ်၊ နို့၊ ကြက်ဥအနှစ်နှင့် ထောပတ်သီးတို့ဖြစ်ပါသည်။
Vitamin F ( Omega3 + Omega 6 )
Vitamin F သည် ဦးရေပြားကို ရေဓာတ်ဖြည့်ပေးပြီး ဆံသားခြောက်ခြင်းမှ ကာကွယ်ပေးပါသည်။ နေရောင်ခြည်နှင့် လေထုညစ်ညမ်းခြင်းကြောင့် ဆံသားမပျက်စီးအောင်လည်း ကာကွယ်ပေးပါသည်။ Vitamin F ကြွယ်ဝသော အစားအစာများမှာ ထောပတ်သီး၊ ဗာဒံစေ့၊ နေကြာစေ့၊ သံလွင်ဆီ၊ ပြောင်းဖူးဆီတို့ဖြစ်ပါသည်။
Vitamin E
Vitamin E သည် ဦးရေပြားကို ကျန်းမာစေပြီး သွေးလည်ပတ်မှုကောင်းစေသောကြောင့် ဆံပင်သန်စေကာ ဆံသားကို ဖြောင့်စင်းတောက်ပြောင်စေပါသည်။ Vitamin E ကြွယ်ဝသော အစားအစာများမှာ နေကြာဆီ၊ အစေ့အဆံများ၊ ဟင်းနုနွယ်နှင့် ဖရုံသီးတို့ဖြစ်ပါသည်။
ထို့ကြောင့် ဆံကေသာလှပကျန်းမာစေဖို့ရန် အရေးပါသော အာဟာရဓာတ်များပါ၀င်သည့် အစားအစာများကို ရွေးချယ်စားသုံးနိုင်သလို ဖြည့်စွက်စာများအနေနှင့်လည်း မှီဝဲနိုင်ပါသည်။
လိုအပ်သောဆေးများရှိပါက www.jivakapharmacy.com မှတစ်ဆင့် မှာယူနိုင်သလို Messenger သို့မဟုတ် ၀၉၉၇၇၄၉၈၁၅၇ ကိုဆက်သွယ်၍လည်း မှာယူနိုင်ပါသည်။
နီးစပ်ရာ Jivaka Pharmacy များမှာလည်း လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။
ဆိုင်လိပ်စာများကတော့
ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့်(၇၇)လမ်းကြား၊မန္တလေးမြို့။
ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။
ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့်(၆၄)လမ်းကြား၊မန္တလေးမြို့။
ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့်(၈၂)လမ်းကြား၊မန္တလေးမြို့တို့ဖြစ်ပါသည်။