အရိုးပွခြင်း နှင့် အရိုးအဆစ်များ ရောင်ရမ်းနာကျင်ခြင်း ( Osteoporosis & Osteoarthritis )

Osteoporosis Osteoarthritis

Osteoporosis ဆိုသည်မှာ အရိုးပွရောဂါ ဖြစ်ပါတယ်။
အရိုးပွတယ် ဆိုတဲ့စကားကို ကြားလိုက်တာနဲ့ သွေးဆုံးပြီးအမျိုးသမီးတွေမှာ ဖြစ်ကြတယ်ဆိုတာကို တွေးမိကြပါလိမ့်မယ်။ သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ အရိုးဆဲလ်များကို အားပေးတဲ့ Estrogen ဟော်မုန်းမထွက်တော့တာကြောင့် အရိုးပွရောဂါ ( Osteoporosis ) ကို ပိုကြုံတွေ့ရခြင်း ဖြစ်ပါတယ်။တကယ်တော့ သွေးဆုံးပြီးအမျိုးသမီးများသာမက အသက်ကြီးသော အမျိုးသားများနှင့် Steroid ဆေးများသောက်နေရသော လူနာများမှာလည်း အရိုးပွရောဂါ ( Osteoporosis ) ဖြစ်တတ်ပါတယ်။ အရိုးပွရောဂါ ကြောင့် အရိုးတွေဟာ ကြွပ်ဆတ်လာပြီး နည်းနည်းခိုက်မိတာနဲ့ ကျိုးလွယ်လာပါတော့တယ်။

နောက်ထပ် အရိုးပွခြင်း ကို ဖြစ်စေတဲ့ အကြောင်းအရာများကတော့
 အရိုးပွရောဂါ ( Osteoporosis ) မျိုးရိုးရှိခြင်း။
 အစာအာဟာရ ချို့တဲ့ခြင်း။
 ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း။
 နေရောင်ခြည်နဲ့ ထိတွေ့မှု မရှိခြင်း။
 သွေးဆုံးတာစောခြင်း။
 ဆေးလိပ်သောက်ခြင်း။
 အရက်၊ ကော်ဖီတို့ကို အလွန်အမင်း သောက်သုံးခြင်း။
 ဆားပမာဏ များများစားသုံးခြင်း။
 ဝမ်းပျော့ဆေးများ အသောက်များခြင်း။
 အစာချေစနစ် မကောင်းခြင်း တို့ဖြစ်ပါတယ်။


အရိုးတွေဟာ အသက်သုံးဆယ်ကျော်လာတာနဲ့ စတင်ပါးလာပြီး သိပ်သည်းဆနည်းလာကာ တဖြည်းဖြည်းနဲ့ အခေါင်းပေါက်တွေ ဖြစ်လာသောကြောင့် အချိန်ရတုန်းမှာ အရိုးပွရောဂါ မဖြစ်အောင် ကာကွယ်ဖို့ Calcium ဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။ Calcium ကြွယ်ဝသော အစားအစာများကတော့ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ရွှေဖရုံစေ့၊ ကြက်သွန်နီ၊ နှမ်းစေ့၊ ကီဝီသီး၊ကညွတ်၊ ပန်းပွင့်စိမ်း၊ ကိုက်လန်၊ လိမ္မော်သီး၊ ထောပတ်သီး၊ ဂေါ်ဖီထုပ်နဲ့ ဆီးသီး စသည်တို့ ဖြစ်ပါတယ်။ ဟင်းချက်တဲ့အခါ ရှာလကာရည်ထည့်သုံးခြင်းက စားသုံးလိုက်သော Calcium ဓာတ်အား ခန္ဓာကိုယ်မှ စုပ်ယူမှုကို ပိုကောင်းစေပါတယ်။ အားဆေးအနေနဲ့ မှီဝဲချင်တယ်ဆိုရင်တော့ Calcium , Magnesium , Zinc , Boron , Vitamin K2 , Vitamin D3 နှင့် B complex များပါသော ဆေးများသောက်သုံးနိုင်ပါတယ်ရှင်။

အခုဆိုရင် အရိုးပွ စေနိုင်တဲ့ အကြောင်းအရင်းတွေရော ကာကွယ်နိုင်မယ့် နည်းလမ်းရော သိရှိသွားပြီဆိုတော့ ကောင်းကောင်းအသုံးချနိုင်မယ်လို့ ထင်ပါတယ်။ အရိုးပွ မပွ စမ်းသပ်လို့ရတဲ့ နည်းပညာတွေလဲ ရှိတာကြောင့် စမ်းသပ်စစ်ဆေးကြည့်နိုင်ပါတယ်ရှင်။

Osteoarthritis ဆိုသည်မှာ အရိုးအဆစ်များ ရောင်ရမ်းနာကျင်ခြင်း ဖြစ်ပါတယ်။လူ့ခန္ဓာကိုယ်မှာဆိုရင် အရိုးအဆစ် တစ်ခုနှင့်တစ်ခု ပွတ်တိုက်မှု မဖြစ်အောင် ကြားခံကာကွယ်ပေးသော အရိုးနုလေးတွေသည် အသက်အရွယ်ရလာသောအခါ တဖြည်းဖြည်းချင်း ပျက်စီးလာသောကြောင့် အဆစ်တွေဟာ တစ်ခုနှင့်တစ်ခု ပွတ်တိုက်မှုတွေ ဖြစ်လာသည့်အတွက် ရောင်ရမ်းနာကျင်ခြင်းတွေကို ခံစားရခြင်းပဲ ဖြစ်ပါတယ်။

အဆစ်တွေထဲကမှ တင်ပါးဆုံရိုးအဆစ် ရောင်ရမ်းနာကျင်ခြင်း ( Hip Osteoarthritis ) ဖြစ်သောအခါ လှုပ်ရှားရခက်ပြီး ခြေလှမ်းလှမ်းတိုင်း လှေကားအတက်အဆင်းလုပ်တိုင်း အထိုင်အထလုပ်တိုင်း နာကျင်ခြင်းကို ခံစားရပါတယ်။

အသက်ကြီးလာတာကြောင့်သာမက အဝလွန်သူများ၊ အလေးအပင်အမများသူများ၊ သွေးဆုံးပြီးသော အမျိုးသမီးများ၊ Vitamin D3 , Vitamin C , Vitamin K2 ချို့တဲ့သူများတွင်လည်း တင်ပါးဆုံရိုးအဆစ်ရောင်ခြင်း ( Hip Osteoarthritis ) ကို တွေ့ရတတ်ပါတယ်။
ဒီလိုမျိုး လှုပ်ရှားရခက်လာပြီဆိုလျှင် လုံလုံလောက်လောက် အနားယူခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ စိတ်ဖိစီးမှုတွေကို လျော့ချခြင်း၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို များများစားပေးခြင်း၊ ဆေးလိပ်နှင့် အရက်ဖြတ်ခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ နာကျင်မှုကို သက်သာစေမည့် လိမ်းဆေး၊ သောက်ဆေးများ အသုံးပြုခြင်း စတာတွေကို လုပ်ဆောင်ပြီး သက်သာအောင် လုပ်နိုင်ပါတယ်။

တင်ပါးဆုံရိုးအဆစ်နာတဲ့အခါ လှုပ်ရှားတိုင်း နာသည့်အတွက် မလှုပ်ရှားပဲ နေနေမယ်ဆိုလျှင် အဆစ်ဘေးမှာရှိသည့် ကြွက်သားတွေကို အသုံးချမှု နည်းသွားသောကြောင့် ကြွက်သားများက ပိုပြီး အားယုတ်လာပါတယ်။ ထိုအခါ အဆစ်ကို ပိုဒဏ်ဖြစ်စေပါတယ်။ ဒါ့ကြောင့် ယောဂကျင့်ခြင်း၊ ရေကူးခြင်းကဲ့သို့ လေ့ကျင့်ခန်းများကို လုပ်ဆောင်ပေးနေဖို့ လိုအပ်ပါတယ်။

အရိုးအဆစ်များ ရောင်ရမ်းနာကျင် နေပါက သကြား၊ ဆား၊ ဆီကြော်များ၊ ကြက်ဥအနှစ် စတာတွေကို လျော့စားသင့်ပါတယ်။

ဇီဝက အထူးကုဆေးခန်းတွင်လည်း အသက်၅၀နှင့်အထက် အမျိုးသား အမျိုးသမီးများအတွက် ကျန်းမာရေးစစ်ဆေးမှုများကို Promotion Price များနှင့် စမ်းသပ်လို့ ရနေပြီဖြစ်တာကြောင့် ဖေဖေမေမေတို့ကို စစ်ဆေးပေးလို့ရအောင် ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

ဇီဝကအထူးကုဆေးခန်း၏ လိပ်စာကတော့ မနော်ဟရီလမ်း ၁၁၀လမ်း ၆၂လမ်းနှင့် ၆၄လမ်းကြား မှာပဲဖြစ်ပါသည်။
လိုအပ်သည့် ဆေးများရှိပါက ကိုယ်တိုင်ရွေးချယ်ဝယ်ယူနိုင်ဖို့ www.jivakapharmacy.com မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ဆေးများမှာယူလိုပါက Messenger သို့မဟုတ် ၀၉၉၇၇၄၉၈၁၅၇ မှတစ်ဆင့် မှာယူနိုင်သလိုနီးစပ်ရာ Jivaka Pharmacy
များမှာလည်း လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။
ဆိုင်လိပ်စာများကတော့
 ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့်(၇၇)လမ်းကြား၊မန္တလေးမြို့။
 ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။
 ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့်(၆၄)လမ်းကြား၊မန္တလေးမြို့။
 ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့်(၈၂)လမ်းကြား၊မန္တလေးမြို့တို့ဖြစ်ပါသည်။

Leave a Comment