အိပ်ရာနိုးနိုးချင်း မူးခနဲ မိုက်ခနဲ ဘာကြောင့်များဖြစ်
🌞 မနက် မိုးသောက်လင်းချိန် ရောင်နီပျိုးစအချိန်မှာ ဘယ်သူမဆို စိတ်ကြည်ကြည်လင်လင်နဲ့ နိုးထချင်ကြမှာပါ။ 💫 ဒါပေမယ့် မိုးလင်းထဲက ချားရဟတ် စီးရသလို မိုက်ခနဲ မူးမိုက်တတ်တဲ့သူတွေ အနည်းနဲ့အများတော့ ရှိတတ်ကြပါတယ်။ အထူးသဖြင့် လူကြီးပိုင်းတွေမှာ အဖြစ်များတတ်တဲ့အတွက် မပေါ့ဆသင့်တာတော့ အမှန်ပါပဲ။
ဒီလို ဖြစ်ရတဲ့ အကြောင်းအရင်းက ဘာလို့များလဲ? ဘယ်လိုလူတွေဆီမှာ အဖြစ်များလဲ?🤷♀
အမေးရှိရင် အဖြေရှိပါတယ်။ အဖြေလေးကို ဇီဝက ဆီမှာ တောင်းလိုက်တော့…😉
1️⃣ ပထမဦးဆုံး အချက်ကတော့ ရေဓာတ် ခန်းခြောက်ခြင်းကြောင့် ဖြစ်ပါတယ်။
ညအိပ်ရာမဝင်ခင် Alcohol နဲ့ ကဖိန်းဓာတ်ပါဝင်တဲ့ ဖျော်ရည်တွေကို သောက်သုံးမိတဲ့အခါမျိုးမှာ ရေဓာတ်မလုံလောက်တာတွေဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် ပူအိုက်တဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရတဲ့သူ၊ ချွေးထွက်သန်တဲ့သူမျိုး၊ ရေသောက်နည်းတဲ့သူတွေလည်း ရေဓာတ် ခန်းခြောက်နိုင်တာမို့ အမြဲသတိကပ်ပြီး ရေကို လုံလောက်စွာ သောက်သုံးပေးသင့်ပါတယ်။
2️⃣ သွေးတွင်း သကြားဓာတ် နည်းခြင်းကြောင့်လည်း မူးမိုက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဆီးချိုရောဂါအတွက် အင်ဆူလင်လိုမျိုး ဆေးတွေကို မှီဝဲနေရတဲ့သူတွေအနေနဲ့ သွေးတွင်းသကြားဓာတ် လျော့နည်းနိုင်ခြေ ပိုများပါတယ်။ ဒါပေမယ့် ဆီးချိုရောဂါ ရှိတဲ့သူတွေသာမက အစာမစားဘဲ Alcohol သောက်သုံးတဲ့သူတွေထံမှာလည်း အဖြစ်များပါတယ်။
3️⃣ Sleep Apnea (အိပ်နေစဉ် အသက်ရှူရခက်ခဲခြင်း)
Sleep Apnea ဆိုတာ ညဘက် အိပ်ပျော်နေစဉ်အချိန်မှာ စက္ကန့်တော်တော်ကြာ အသက်ရှူရပ်သွားစေတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဒီလို လက္ခဏာဖြစ်တဲ့အခါ သွေးတွင်းက အောက်ဆီဂျင်ပမာဏလျော့ကျသွားတဲ့အတွက် ခေါင်းမူးဝေတာမျိုးခံစားရနိုင်ပါတယ်။
4️⃣ နလုံးရောဂါ အခံရှိသူများ
နှလုံးရောဂါ ရှိတဲ့အခါမှာ နှလုံးက ခန္ဓာကိုယ်မှရုတ်တရက် ရှိသင့်တဲ့သွေးတွေကို ညှစ်ထုတ်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် အိပ်ရာကနိုးနိုးချင်း မတ်တပ်ရပ်တဲ့အခါမှာ သာမန်လူတွေလို နှလုံးက သွေးဖိအားကို ခံနိုင်ရည်မရှိတဲ့အတွက် ခေါင်းမူးတာကို အကျိုးဆက်အနေနဲ့ ခံစားရတာဖြစ်ပါတယ်။
ဒီလို မနက်ခင်း မူးဝေခြင်းတွေ မဖြစ်ရလေအောင်
☑️ ကိုယ်ခန္ဓာအတွက် သင့်တင့်ညီမျှတဲ့ အစားအသောက်ကို စားပြီး ရေများများသောက်ပါ။
☑️ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးပါ။
☑️ တစ်နေ့ (၃) နပ် ပုံမှန်စားပါ။ အစာရှောင်တာမျိုးတွေကို လုံး၀ အားမပေးပါဘူး။
☑️ ရတ်တရက် မတ်တပ်ရပ်ခြင်း၊ တစ်နေရာထဲမှာ အချိန်အကြာကြီးထိုင်နေတာမျိုးတွေကိုပါ ရှောင်သင့်ပါတယ်။
အခုဆို မနက်နေရီရီပျိုးစ အချိန်မှာ ချားရဟတ်စီးပြီး ကြယ်တွေ လတွေ မြင်ရသလို ခံစားချက်ကနေ ကင်းဝေးသွားအောင် ဇီဝကရဲ့ အကြံပေးချက်လေးတွေကို လိုက်နာပြီး သာယာတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်…💜💜
Website – https://bit.ly/jivakapharmacywebsite
Telegram Channel – https://t.me/jivakapharmacy
Viber Community – https://bit.ly/jivakapharmacyviber
Instagram – http://www.instagram.com/jivakapharmacy22.
Youtube Channel – https://www.youtube.com/channel/UC6FxnNYMiK6sQVTwsJ6ccVg