စိတ်ကလေးချမ်းသာမှ ကိုယ်လည်းကျန်းမာ
🧡ဒီတခါမှာတော့ ဇီ၀က က နေ ကျန်းမာရေးဆိုင်ရာ Knowledge sharing လေးတစ်ခုလုပ်ပေးချင်ပါတယ်နော်။ Topic လေးကတော့👵🧓 လူကြီးတွေရဲ့ သက်ကြီးပိုင်းဆိုင်ရာ စိတ်ကျန်းမာရေးပဲဖြစ်ပါတယ်။✌️
အသက်အရွယ်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓာကျန်းမာရေးကို ပိုပြီး ဂရုစိုက်လာရသလို စိတ်ကျန်းမာရေးကိုပါ ပေါ့လျော့လိုမနေသင့်ပါဘူးနော်။
🔸စိတ်ဖိစီးမှုဒဏ်တွေ၊
🔸မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာလည်း လျော့နည်းလာတာတွေ ၊
🔸သတိအမေ့များလာတာတွေနဲ့
🔸ငယ်စဉ်ထက် သည်းခံနိုင်စွမ်း လျော့နည်းလာတာတွေကို ကြုံလာရပြီဆိုရင် ထိန်းနိုင်ဖို့အတွက် လိုအပ်လာပြီဖြစ်ပါတယ်…
ဒါဆိုရင်တော့ အခုပြောပြပေးမယ့် အချက်လေးတွေကိုလိုက်နာပြီိး စိတ်ရောကိုယ်ပါ ကျန်းမာဖို့အတွက်ဆောင်ရွက်လိုက်ကြပါနော်…✌️
🔹၁။ အသီးအရွက်တွေကို ပိုစားပေးမယ်🥦
တစ်နေ့ကို အစိမ်းရောင်ရှိတဲ့အသီးအရွက်တစ်ပန်းကန် စားလေ့ရှိတဲ့သူ တစ်ယောက်ဟာ အသီးအရွက်အစားနည်းသူထက် စိတ်ရောကိုယ်ပါ ၁၁ နှစ်စာလောက်ပိုနုပျိုပါတယ်လို့ သုတေသနတွေ က ဆိုပါတယ်။ ကိုက်လန်၊ Broccoli ၊ဟင်းနုနွယ်စတဲ့ အစိမ်းရောင် အရွက်တွေဟာ ဦိးနှောက်ကျန်းမာရေးကို များစွာ အထောက်အကူပေးနိုင်ပါတယ်။
🔹၂။ သွေးပေါင်ချိန်ကိုထိန်းမယ်🩸
သွေးပေါင်ချိန်တိုးခြင်းကြောင့် နှလုံးရောဂါကို ဖြစ်စေပေမဲ့ ၄၀၊ ၅၀၊ ၆၀ အသက်ပိုင်းတွေမှာ သွေးတိုးဖြစ်ရင်တော့ သက်ကြီးပိုင်းဦးနှောက်ကျန်းမာရေးကိုထိခိုက်စေပါတယ်။ အငံ နဲ့ အဆီများတဲ့ အစားအစာတွေကို လျှော့စားခြင်းဟာလည်း ကောင်းမွန်တဲ့ လုပ်ဆောင်ချက်လေးပါပဲနော်…✌️
🔹၃။ငါးပိုစားပေးမယ်🐟
Omega 3 fatty acid က ငါးကြီးဆီနဲ့ ငါးတွေမှာပါဝင်ပါတယ်။ဦးနှောက်ကို အကျိုးအပြုဆုံး acid တစ်မျိုးပါ။
အယ်ဇိုင်းမားရောဂါကို ကာကွယ်ပေးပြီး တွေးခေါ်နိုင်စွမ်းတွေကို ပိုတိုးစေမှာဖြစ်လို မကြိုက်ရင်တောင် တစ်ပတ်မှာ တစ်ခါလောက် ငါးကို စားပေးသင့်ပါတယ်နော်😅
🔹၄။ စိတ်ဖိစီးမှုကို လက်မခံပါနဲ့🙅♀️
စိတ်ဖိစီးစရာကိစ္စတွေကနေ ရုန်းမထွက်ဘဲ နစ်မြုပ်နေသူတွေမှာ အာရုံစိုက်မှုပြဿနာတွေနဲ့ ဦးနှောက် ကျန်းမာရေးမှာ အထိခိုက်ဆုံးဖြစ်ပါတယ်။ စိတ်ဖိစီးမှုအပေါ် အဆိုးဘက်ကတုံပြန်နေသူတွေဟာ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ပိိုမု ထိခိုက်လာတာ တွေ့ရပါတယ်။❗️
🔹၅။တရားထိုင်ပါ။🧘
တရားထိုင်တဲ့ အလေ့အကျင့် လေးကလည်း စိတ်အာရုံကို တည်ငြိမ်စေပြီး ဦးနှောက်ကို Healing ဖြစ်စေတဲ့ အတွက် သင့်အတွက် အကျိုးရှိစေမှာဖြစ်ပါတယ်…✔️
ကဲ…ဒီအချက်လေးတွေနဲ လိုက်နာပြီးစိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို မြှင့်တင်ပြီး အရာရာကို အဆင်ပြေပြေနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဇီ၀က ကနေ ဆုမွန်ကောင်းလေးတောင်းပေးလိုက်ရပါတယ်..။🤗
ကျန်းမာရေး၊ဆေးဝါးများနဲ့ ပတ်သက်ပြီး မေးမြန်းတိုင်ပင်စရာ ရှိလာတဲ့အခါပဲဖြစ်ဖြစ် ဇီဝကကိုသာ သတိရလိုက်ပါနော်…😉
☎️ Hot line – 09977498157 , 09880168360