အားဖြည့်အချိုရည်တွေနဲ့ သင့်ကျန်းမာရေး
Energy drink တွေသောက်ရတာကြိုက်တယ်ဟုတ်…❓
အခုခေတ် လူငယ်တော်တော်များများရဲ့ စွဲစွဲမြဲမြဲ သောက်နေကြတဲ့ အချိုရည် တွေထဲမှာ အားဖြည့်အချိုရည် ( Energy drink ) တွေက ထိပ်ဆုံးကရပ်တည်နေပါတယ်။ 🙋♀️
ချိုတိုတို၊စူးရှရှ အရသာ နဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ပယ်ပျောက်ပြီး လန်းဆန်းစေတဲ့ အကြောင်းလေးတွေကြောင့်လည်း လူကြိုက်များတာဖြစ်ပါတယ်…
❗️ဒါပေမဲ့ တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း အလွန်အကျွံသောက်သုံးမိရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာမှာဖြစ်ပြီး ချင့်ချိန် ရှောင်ရှားနိုင်ဖို အတွက် ဇီ၀က ကနေ ကျန်းမာရေး အသိလေးတစ်ခုအဖြစ်ဖော်ပြပေးလိုက်ရပါတယ်နော်…
🔹1.အိပ်စက်ရခက်ခဲမယ်😣
အားဖြည့်အချိုရည်တွေမှာ ကဖိန်း ပမာဏ များစွာပါဝင်လို့ တစ်ခါတစ်ရံမှာ အလွန်လန်းဆန်းနေပြီး အိပ်စက်ရတာခက်ခဲတတ်ပါတယ်❗️
🔹၂.နှလုံးခုန်နှုန်းတွေမြန်မယ်🧡
အားဖြည့်အချိုရည်တွေဟာ သွေးဖိအားကို တိုးစေတတ်တာမို့ နှလုံးခုန်နှုန်းတွေ မြန်စေမှာဖြစ်ပါတယ်။ ရင်ဘတ်ကို အသာဖိကြည့်ရင် နှလုံးခုန်သံက သာမာန်ထက် သိသိသာသာမြန်နေပါလိမ့်မယ်.❗️
🔹၃.သွားကျန်းမာရေးကိုထိခိုက်မယ်😬
သွားရဲ့ ကြွေလွှာလေးတွေဟာ အားဖြည့်အချိုရည်တွေ မှာပါဝင်တဲ့ Chemical ပစ္စည်းတွေကြောင့် ပါးလွှာ ပျက်စီးလာပါလိမ့်မယ်။ ရေရှည်သောက်သုံးမယ်ဆိုရင်တော့ သွားပိုးစားပြီး ဝါလာနိုင်တာကို သတိထားမိပါလိမ့်မယ်။❗️
🔹၄.Rapid Speech (စကားပြောမြန်လာမယ်)😶
Energy drink တွေရဲ့ ဆိုးကျိုးတစ်ခုက စကားပြောတွေ မြန်လာပါလိမ့်မယ်..
စကားပြောကောင်းတာမဟုတ်ဘဲ တဖက်လူကို နားလည်ရခက်စေတဲ့ စကားပြောမြန်တာမိုလို့ အခက်တော့တွေ့စေမှာပါနော်.❗️
🔹၅.အားဖြည့်အချိုရည်တွေက စွဲ တတ်ပါတယ်😅
အားဖြည့်အချိုရည်တွေက ဆေးလိပ်နဲ့ အခြား မူးယစ်ဆေးတွေလိုပဲ စွဲလန်းစေတတ်လို့ အဆိုးဆုံးအခြေအနေတွေမှာ မသောက်ရမနေနိုင်အောင် ဖြစ်သွားနိုင်ပါတယ်..❗️
ဒါ့အပြင် အားဖြည့်အချိုရည်ကို ကြိုက်နှစ်သက်သူများ အနေဖြင့် တစ်ရက်ကို အလွန်ဆုံး
❌❌ ၁ဘူးထပ် ပိုသောက်ခြင်းမျိုးကိုလည်း ရှောင်ကြဥ်သင့်ပါတယ်နော်။
ကိုယ်ဝန်ဆောင်သည်၊ နိုတိုက်မိခင်၊
ကလေးငယ်များ နှင့် ဆယ်ကျော်သက်အရွယ်များကလည်း အားဖြည့်အချိုရည်များ သောက်သုံးခြင်းကို ရှောင်ကြဥ်နိုင်ဖို့ ကျန်းမာရေးသတိလေး ပေးလိုက်ပါရစေနော်..💜
✨✨က..ဒီအချက်လေးတွေကတော့ အားဖြည့်အချိုရည် တွေကြောင့်ဖြစ်တတ်တဲ့ ဆိုးကျိုးတွေပဲဖြစ်တာမိုလို့
တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း အနည်းငယ်သောက်သုံးတာက လန်းဆန်းမှုနဲ့ အရသာ ချိုချိုလေးကိုရစေပေမဲ့ အလွန်အကြူးသောက်ရင်တော့ အပေါ်ကအချက်လေးတွေကို ကြုံလာရနိုင်တာမိုလို့ ဆင်ခြင် ပြီး လျှော့သောက်ပါလို့ သတိလေးပေးရင်း နောက်ထပ် တင်ပေးသွားမဲ့ ကျန်းမာရေး ဗဟုသုတ လေးတွေကို စောင့်မျှော်ပေးကြပါဦးနော်…။🧡