အသက် (၂၀) နဲ့ (၂၉) နှစ်ကြား လူငယ်တွေမှာ Human Papillomavirus (HPV) ကူးစက်မှုက ရောဂါလက္ခဏာ မပြဘဲ ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေတတ်တဲ့ အဖြစ်အများဆုံးရောဂါ (၃) ခုထဲက (၁) ခု ဖြစ်ပါတယ်။

🔍 HPV ဆိုတာ?
လိင်မှတဆင့်ကူးစက်တဲ့ရောဂါ (STI) တစ်မျိုးပါ။
အမျိုးအစား 100 ကျော် ရှိပြီး
အန္တရာယ်များသော HPV အမျိုးအစားများဖြစ်တဲ့ 16 နဲ့ 18က သားအိမ်ခေါင်းကင်ဆာ၊ လိင်တံကင်ဆာတွေကို ဖြစ်စေပါတယ်။
HPV အမျိုးအစား 6 နဲ့ 11 ကတော့ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေပါတယ်။

😮 HPV ပိုးရှိသူ အများစုမှာ လက္ခဏာမပြပေမယ့် တခြားသူကို ကူးစက်နိုင်ပါတယ်။

📊 တစ်ကမ္ဘာလုံးတွင်
2019 မှာ HPV ကြောင့် အမျိုးသမီးဦးရေ 620,000 / အမျိုးသားဦးရေ 70,000 ခန့်က ကင်ဆာတွေ ဖြစ်ပွားခဲ့ပါတယ်၊
2022 မှာတော့ သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးများတွင် စတုတ္ထမြောက်အသက်ဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့ရသည့် အကြောင်းရင်း ဖြစ်လာပါတယ်**

🚩 HPV ကူးစက်နိုင်ခြေကို မြင့်မားစေသော အကြောင်းရင်းများ

  • အသက်ငယ်ငယ်ဖြင့် လိင်ဆက်ဆံမှုစတင်ခြင်း
  • အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း / လိင်ဆက်ဆံဖော်များခြင်း
  • အခြားသော STI များ ရှိနေခြင်း
  • ဆေးလိပ်သောက်ခြင်း
  • တားဆေးများ ရေရှည်သောက်သုံးခြင်း
  • ခုခံအား ကျဆင်းမှုရောဂါရှိခြင်းတို့ ဖြစ်ပါတယ်။

🛡 ကာကွယ်နိုင်မယ့် နည်းလမ်းများ ကတော့

  1. အသက် 9 နှစ်မှ 26 နှစ်အတွင်း အမျိုးသမီးတိုင်း HPV ကာကွယ်ဆေးထိုးနှံခြင်း
  2. လိင်ဆက်ဆံစဉ် ကွန်ဒုံး သုံးခြင်း
  3. 25 နှစ်ကစပြီး 3 နှစ်တစ်ကြိမ် Pap smear စမ်းသပ်ခြင်းတို့ ဖြစ်ပါတယ်။

💬 HPV က တစ်ဦးမှတစ်ဦးသို့ လက္ခဏာမပြဘဲ ကူးစက်တတ်တာကြောင့် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ပြီး ကာကွယ်ဆေးထိုးထားခြင်းက မိတ်ဆွေတို့ ကျန်းမာရေးအတွက် အကောင်းဆုံး ကာကွယ်မှုဖြစ်စေမှာပါရှင်။

Leave a Comment