💢 ဆားဝက်ခြံတွေ ဘာကြောင့်ထွက်ရသလဲ?

🛑 ဆားဝက်ခြံဆိုတာ အဖြစ်များတဲ့ ဝက်ခြံအမျိုးအစား ဖြစ်ပါတယ်။ မျက်နှာအလှကို လျော့ပါးစေတဲ့ ဆားဝက်ခြံတွေကို ဖယ်ရှားပစ်နိုင်ဖို့အတွက် ဆားဝက်ခြံ ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ အကြောင်းရင်းကိုလည်း သိထားဖို့ လိုပါတယ်။
❗️ အရေပြားပေါ်မှာ ရှိတဲ့ ချွေးပေါက်လေးတွေကနေ အသားအရေ စိုပြေကျန်းမာစေဖို့အတွက် အဆီတချို့ကို သဘာဝအတိုင်း ထုတ်ပေးပါတယ်။ဆားဝက်ခြံဆိုတာကတော့ အဆီထုတ်တဲ့ ချွေးပေါက်လေးတွေမှာ အဆီအလွန်ထွက်တဲ့အခါနဲ့ ဆဲလ်အသေတွေ၊ ဘက်တီးရီးယားတွေ၊ မိတ်ကပ်အညစ်အကြေးတွေက ချွေးပေါက်လေးတွေမှာ ပိတ်ရာကနေ ဖြစ်လာတဲ့ ဝက်ခြံတွေပါပဲ။
ချွေးပေါက်တွေမှာ ပိတ်နေတဲ့ အညစ်အကြေးတွေက အပြင်က အောက်စီဂျင်နဲ့ ထိတွေ့ရာကနေ မဲသွားတာပဲ ဖြစ်ပါတယ်။ ရိုးရိုးဝက်ခြံနဲ့ ကွာခြားချက်ကတော့ ဆားဝက်ခြံတွေဟာ ရောင်ရမ်းမှု မရှိတဲ့ ဝက်ခြံအမျိုးအစား ဖြစ်ပါတယ်။ အဆီပြန် အသားအရေဖြစ်တဲ့ Oily skin type သမားတွေမှာ ပိုပြီးတော့ ဖြစ်တတ်ပါတယ်။
ဆားဝက်ခြံတွေကို တိုက်ထုတ်မယ့် လမ်းခရီးမှာ အဆင့်ဆင့် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကတော့
• မျက်နှာသစ် ဆပ်ပြာကို salicylic acid (BHA) ပါတာနဲ့ တစ်နေ့ ၂ ကြိမ် သစ်ပါ။ ခဏခဏသစ်ရင်လည်း အဆီပိုထွက်စေတဲ့အတွက် ၂ ကြိမ်ထက်တော့ ပိုမသစ်သင့်ပါ။
• ၁ ပတ် ၁ ကြိမ် မုန့်ဖုတ်ဆိုဒါ (baking soda) နဲ့ scrub လုပ်ပေးပါ။ ထိုအခါ ချွေးပေါက်တွေကို ပွင့်စေပြီး အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
• Scrub လုပ်ပြီးရင် မျက်နှာကို face mask ကပ်ပြီး ပေါင်းတင်ပါ။
• ဆားဝက်ခြံတွေကို ညှစ်လိုက်တဲ့အခါ ချွေးပေါက်တွေကို ပျက်စီးစေပြီး ဘက်တီးရီးယားတွေ ပိုပေါက်နိုင်တဲ့ အတွက် လုံး၀ မညှစ်သင့်ပါ။
• ဆားဝက်ခြံ ကပ်ခွာကိုလည်း သုံးနိုင်ပါတယ်။ ကပ်ခွာသုံးပြီးရင်တော့ ချွေးပေါက်တွေ ကျယ်မသွားအောင် Toner နိုင်နိုင်ပြန်သုံးပေးပါ။
• ချွေးထွက်စေတဲ့ workout လုပ်ပြီးတဲ့အချိန်တွေမှာလည်း မျက်နှာပေါ်က ချွေးတွေကို မြန်မြန်ဆေးကြောသန့်စင်ပေးပါ။
• အဆီပြန်ပြီး စေးကပ်နေတဲ့ ဆံသားတွေက မျက်နှာနဲ့ ထိတွေ့မိပြီးလည်း ဆားဝက်ခြံထွက်စေတဲ့အတွက် ခေါင်းကိုလည်း ပုံမှန်လျှော်ပေးပါ။
• Hair serum, hair spray တွေ အလွန်အကျွံ သုံးတဲ့အခါမှာလည်း ဦးရေပြားနဲ့ ဆံပင်ကနေ မျက်နှာကိုရောက်ပြီး ဆားဝက်ခြံထွက်တတ်တဲ့အတွက် ဂရုတစိုက်သုံးပါ။
• ဖုန်းနဲ့ မျက်နှာကလည်း ထိကပ်မိနိုင်တဲ့အတွက် ဘက်တီးရီးယားတွေ အမြဲရှိနေတဲ့ ဖုန်းကိုလည်း ပုံမှန်သန့်ရှင်းရေး လုပ်ပေးပါ။
• ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကိုပဲ ရွေးချယ်စားသုံးပါ။ ဥပမာ – သံလွင်ဆီ၊ ထောပတ်သီး
• အာလူးကြော်၊ ဟမ်ဘာဂါ၊ ပီဇာတို့လို Fast foods တွေကို ရှောင်ပါ။
အခုဆိုရင်တော့ ဆားဝက်ခြံ မထွက်အောင် ကာကွယ်လို့ ရမယ့် အချက်တွေနဲ့ ဆားဝက်ခြံ သက်သာမယ့် နည်းလမ်းတွေကို မျှဝေလိုက်ရင်း ဇီဝကချစ်သူတို့ အလှတိုးစေဖို့ ဆန္ဒပြုလိုက်ပါတယ်ရှင့်…💜