Alpha Lipoic Acid ဆိုတာ

Alpha Lipoic Acid (ALA) ဆိုသည်မှာ ခန္ဓာကိုယ်ကနေ ကိုယ်တိုင် ထုတ်လုပ်နိုင်တဲ့ fatty acid တစ်မျိုး ဖြစ်ပါတယ်။ အစားအသောက်ကနေလည်း ရနိုင်သလို ဖြည့်စွက်စာအနေနဲ့လည်း ဈေးကွက်ထဲမှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ ALA ဓာတ်ကို ရနိုင်မယ့် အစားအစာတွေကတော့ ပန်းပွင့်စိမ်း၊ မုန်လာဥနီ၊ ပဲ၊ အာလူး၊ ဟင်းနုနွယ်နဲ့ ခရမ်းချဉ်သီးတို့ ဖြစ်ပါတယ်။ ALA ကို Lipoid acid or thioctic acid လို့လည်း ခေါ်ဆိုနိုင်ပါသေးတယ်။ ALA ကို supplement အဖြစ် သောက်မယ်ဆိုရင်တော့ တစ်နေ့တာ သောက်သုံးနိုင်တဲ့ ပမာဏမှာ 600 mg မှ 1200 mg ဖြစ်ပါတယ်။
ဆက်လက်ပြီး ALA က ပေးစွမ်းတဲ့ အကျိုးကျေးဇူးတွေကို ကြည့်လိုက်ရအောင်
ALA ဟာ ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ပေးစွမ်းပါတယ်။ အဲ့ဒီထဲကမှ အဓိက လုပ်ဆောင်ချက် (၂) ခုကတော့
သွေးတွင်း သကြားဓာတ် (glucose) တွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးတာကြောင့် ဆီးချိုမဖြစ်အောင် ကာကွယ်ပေးပါတယ်။
စားသုံးထားတဲ့ ကယ်လိုရီများကို လောင်ကျွမ်းစေသည့် အစွမ်းသတ္တိရှိတာကြောင့် ကိုယ်အလေးချိန် လျှော့ချရာတွင် ကူညီပေးပါတယ်။
နောက်ထပ် ကောင်းကျိုးတွေကတော့
ဆီးချိုရောဂါကြောင့် အာရုံကြောများ ထုံခြင်း၊ နာခြင်းကို သက်သာစေပါတယ်။
ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတာကြောင့် ဆဲလ်တွေကို ပျက်စီးစေတဲ့ အန္တရာယ်ရှိသည့် free radicals များကို ချေဖျက်ပေးပါတယ်။ အရေးအကြောင်းများကို လျော့ပါးသက်သာစေပါတယ်။
ဒါ့အပြင် Alpha Lipoic Acid (ALA) သည်
အရက်ကြောင့် အသည်းပျက်စီးခြင်း
စိတ်အတက်အကျမြန်ရောဂါ
သွေးတိုးရောဂါ
အဆစ်အမြစ်ရောင် လေးဖက်နာ
စိတ်ကဆင့်ကလျားရောဂါ
ပန်းသေပန်းညှိုးရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။
Omega 3 နှင့် တွဲဖက်သောက်သုံးခြင်းဖြင့် အသက်အရွယ်ရလာခြင်းကြောင့် မှတ်ဉာဏ်ချို့ယွင်းခြင်းကို ကာကွယ်ပေးတာကြောင့် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
မကောင်းတဲ့ အဆီတွေဖြစ်တဲ့ LDL နဲ့ triglyceride ကို လျော့နည်းစေတဲ့အတွက် နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
ALA သည် အက်ဆစ်ဓာတ်ဖြစ်သည့်အတွက် ရင်ပူခြင်း၊ လေချဉ်တက်ခြင်းများ မဖြစ်အောင် အစာလေးနဲ့တွဲသောက်သင့်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်းတို့ ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်သည်နှင့် နို့တိုက်မိခင်များကတော့ သောက်သုံးရန် မသင့်ပါ။

Leave a Comment