📌 ကိုယ်ဝန်ဆောင်စဉ်မှာ Vitamins အားဆေးတွေက ဘာကြောင့်အရေးကြီးပါသလဲ?

ကလေးယူဖို့စဉ်းစားနေသူ၊ ကိုယ်ဝန်ဆောင်နေသူတွေအတွက် အရေးကြီးဆုံးအချက်ကတော့ မိမိရင်သွေးလေးရဲ့ ကျန်းမာရေးကို စဥ်ဆက်မပြတ် စောင့်ရှောက်ဖို့ပါပဲ။ ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို သဘာဝအတိုင်း အစားအစာကနေလည်း ရနိုင်တယ်ဆိုပေမယ့် တကယ်တမ်း ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ Vitamins နဲ့ Minerals လိုအပ်ချက်က ပုံမှန်ထက် မြင့်တက်လာပါတယ်။ ဒီလိုအချိန်မှာ ကိုယ်ဝန်ဆောင်အားဆေး သောက်သုံးခြင်းဟာ မိခင်နဲ့ ကလေးအတွက် အရေးကြီးတဲ့ ကျန်းမာရေးအထောက်အကူတစ်ခုဖြစ်လာပါတယ်။

❶ Folic Acid
ကလေးယူဖို့ စီစဉ်နေကတည်းက Folic acid ကို စတင်သောက်သုံးခြင်းဖြင့် သားဥကြွေခြင်းကို ပံ့ပိုးကာ အောင်မြင်သော သန္ဓေတည်နိုင်ခြေကို တိုးမြင့်စေပါတယ်။
သန္ဓေတည်ပြီး (၃) ပတ်မှ (၄) ပတ်အတွင်းက အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းများဖွံ့ဖြိုးချိန် ဖြစ်ပါတယ်။ ထိုအချိန်အတွင်း Folic acid မလုံလောက်ပါက မွေးဖွားလာမယ့်ကလေးမှာ ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်စေတဲ့ မွေးရာပါ ချို့ယွင်းချက်များ ဖြစ်နိုင်ပါတယ်။
❷ Iron
ကိုယ်ဝန်ဆောင်စဉ်မှာ သားအိမ်အတွင်း သွေးလည်ပတ်မှုများလာတာကြောင့် Iron ဓာတ် လိုအပ်ချက် မြင့်တက်လာပါတယ်။ Iron မလုံလောက်ပါက မိခင်တွင် မောပန်းခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးအားနည်းခြင်းများဖြစ်နိုင်ပြီး လမစေ့ဘဲ မွေးခြင်းလည်း ဖြစ်နိုင်ပါတယ်။
❸ Vitamin A
Vitamin A ကို သင့်လျော်တဲ့ပမာဏ သောက်သုံးခြင်းက ကလေး၏ မျက်လုံး၊ အရေပြားနှင့် ကိုယ်ခံအားအဖွဲ့အစည်း ဖွံ့ဖြိုးဖို့အတွက် အထောက်အကူဖြစ်ပါတယ်။ သို့သော် ပမာဏများသွားမယ်ဆိုရင် ကလေးအတွက်အန္တရာယ်ဖြစ်နိုင်လို့ ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ သောက်သုံးသင့်ပါတယ်။
❹ Fiber & Magnesium
ကိုယ်ဝန်ဆောင်စဉ်အတွင်း ဝမ်းချုပ်တတ်တဲ့အတွက် Fiber နဲ့ Magnesium ပါဝင်တဲ့ အားဆေးတွေက သဘာဝအတိုင်းသက်သာအောင် ကူညီပေးပါတယ်။
စိတ်ဖိစီးမှုများလာတဲ့အချိန်မှာလည်း Magnesium က ဦးနှောက်ကို တည်ငြိမ်စေပါတယ်။

❺ Vitamin D
Vitamin D သည် မိခင်၏ ကယ်လဆီယမ်စုပ်ယူမှုကို ကောင်းမွန်စေပြီး ကလေး၏ အရိုးနှင့် သွားများ ဖွံ့ဖြိုးအောင် ပံ့ပိုးပေးပါတယ်။

📝 ကိုယ်ဝန်ဆောင်အားဆေးတွေနဲ့ ပတ်သက်ပြီး သတိပြုရမယ့် အချက်တွေကတော့
နေ့စဉ်ပုံမှန် သောက်သုံးပေးရပါမယ်
ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်လျော်တဲ့ အားဆေးကို ရွေးချယ်ရပါမယ်

💚 ကိုယ်ဝန်ဆောင် အားဆေးတွေက အာဟာရပြည့်ဝဖို့အတွက် ဖြည့်စွက်ပေးရာမှာ အရေးကြီးလို့ ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံးမှာ မိခင်နဲ့ကလေး နှစ်ဦးစလုံးကျန်းမာစေဖို့ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်လို့ တင်ပြလိုက်ပါတယ်ရှင်။

Leave a Comment