သန်စွမ်းတဲ့ ခန္ဓာကိုယ်၊ ကျန်းမာတဲ့ အရိုးအဆစ်

ကျန်းမာသန်စွမ်းတဲ့ ဘဝတစ်ခုကို တည်ဆောက်တဲ့အခါ အရိုးအဆစ်တွေဟာ အဆောက်အအုံတစ်ခုရဲ့ စိတ်ချရတဲ့ ဒေါက်တိုင်တွေနဲ့ တူပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ အရိုးသိပ်သည်းဆ နည်းပါးလာပြီး အရိုးပါး၊ အရိုးပွရောဂါတွေ ဖြစ်ပွားနိုင်ခြေ ပိုများလာတတ်တာကြောင့် အသက်ငယ်စဉ်ကတည်းက စနစ်တကျ ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်။

၁။ အရိုးအဆစ်အတွက် လိုအပ်သော အဓိက အာဟာရဓာတ်များ

ကယ်လ်ဆီယမ် : အရိုးနဲ့ သွားများကို သန်မာစေရန် အခြေခံအကျဆုံး မရှိမဖြစ်လိုအပ်သည့် သတ္တုဓာတ်ဖြစ်ပါတယ်။ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ငါးသေးလေးများနှင့် ပဲပြားတို့တွင် ကြွယ်ဝစွာ ပါဝင်ပါတယ်။

ဗီတာမင် ဒီ : စားသုံးလိုက်သည့် ကယ်လ်ဆီယမ်ဓာတ်ကို ခန္ဓာကိုယ်က ထိရောက်စွာ စုပ်ယူနိုင်ရန် ဗီတာမင် ဒီ က ကူညီပေးပါတယ်။ နံနက်ခင်း နေရောင်ခြည်နွေးနွေးနှင့် ထိတွေ့ခြင်း၊ ငါးကြီးဆီ(Cod Liver Oil)၊ ဥအမျိုးမျိုး စားသုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။

၂။ လှုပ်ရှားမှုဖြင့် အရိုးကို သန်မာစေခြင်း

လမ်းမြန်မြန်လျှောက်ခြင်း၊ ပြေးခြင်း၊ လှေကားတက်ခြင်းနှင့် ကြွက်သားသန်မာစေသည့် လေ့ကျင့်ခန်းများသည် အရိုး၏ သိပ်သည်းဆကို တိုးတက်စေပြီး အရိုးပွခြင်းကို နှောင့်နှေးစေပါတယ်။

၃။ ရှောင်ကြဉ်ရမည့် အလေ့အထများ

ဆေးလိပ်သောက်သုံးခြင်း၊ အရက်သောက်သုံးမှု လွန်ကဲခြင်းနှင့် ကဖိန်းဓာတ် (ကော်ဖီ/ရေနွေးကြမ်း) များကို လွန်ကဲစွာ သောက်သုံးခြင်းတို့သည် ခန္ဓာကိုယ်မှ ကယ်လ်ဆီယမ် စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အရိုးများကို မြန်ဆန်စွာ ပါးလာစေနိုင်ပါတယ်။

နေ့စဉ် စားသုံးနေသော အစားအစာများမှ ကယ်လ်ဆီယမ် သို့မဟုတ် ဗီတာမင် ဒီ လုံလောက်စွာ မရရှိနိုင်ပါက ဆေးဝါးပညာရှင်နှင့် တိုင်ပင်၍ Calcium + Vitamin D တွဲဖက်ဖြည့်စွက်ဆေးများကို လိုအပ်သော ပမာဏအတိုင်း ပုံမှန် သောက်သုံးပေးနိုင်ပါတယ်။

အရိုးအဆစ် ကျန်းမာရေး သို့မဟုတ် ဖြည့်စွက်ဆေးဝါးများအကြောင်း အသေးစိတ် သိရှိလိုပါက Jivaka Pharmacy ၏ Chat Box သို့မဟုတ် 09977498157 ကို ဆက်သွယ်၍ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်။

Leave a Comment