😱 မီးပိုးကောင် ကိုက်သွားသလား?
ဇီဝကရဲ့ ချစ်မိတ်ဆွေတို့ကို ဒီရက်ပိုင်း တွေ့ရများနေတဲ့ မီးပိုးကောင် အန္တရာယ်နဲ့ ပတ်သက်ပြီး ဗဟုသုတတိုးပွားစေရန် မျှဝေလိုက်ပါတယ်ရှင်။
❌ မီးပိုးကောင်ဆိုတာဟာ လူကိုကိုက်တတ်တဲ့ ပိုးကောင်မဟုတ်ပါဘူး။ ဒါပေမဲ့ မီးပိုးကောင်ရဲ့ခန္ဓာကိုယ် က ထွက်လာတဲ့အရည်တွေက လူ့အရေပြားနဲ့ထိမိရင်တော့ အဆိပ်အတောက်ဖြစ်စေပါတယ်။
ဒီလို မီးပိုးကောင်နဲ့ ထိတွေ့မှုကြောင့် ဖြစ်ပွားကြတဲ့ ရောဂါလက္ခဏာတွေကတော့ အဆိပ်နှင့်ထိတွေ့ပြီး နာရီအနည်းငယ်အတွင်း ပေါ်လာနိုင်ပါတယ်။
အရည်ထိတွေ့ထားတဲ့ နေရာမှာ…
▫️ မီးပူလောင်သလို ခံစားရခြင်း
▫️ နီရဲ၍ ရောင်ရမ်းခြင်း
▫️ ယားယံလာခြင်း
▫️ အရည်ကြည်ဖုများ ထွက်လာခြင်းတို့အပြင်
▫️ ဖျားနာပြီး ခေါင်းမူးခေါင်းကိုက်ခြင်းများကိုလည်း ခံစားရတတ်ပါတယ်။
☑️ ဒါကြောင့် မီးပိုးကောင်ကြောင့် အဆိပ်အတောက်ဖြစ်တဲ့အခါမှာ ထိုနေရာကို ဆပ်ပြာ၊ ရေများများတို့ဖြင့် ဆေးကြောပြီး Calamine ပါဝင်တဲ့ လိမ်းဆေးကို လိမ်းပေးပါ။ မီးပိုးကောင် အဆိပ်တက်မှုက ယားယံလို့ ပွတ်လျှင် ရောဂါဝေဒနာ ပိုမိုဆိုးရွားနိုင်တာမလို့ ပွတ်ခြင်း၊ ကုတ်ခြင်းတို့ကို ရှောင်ကြဉ်ပေးပါ။ ထိုနေရာကို ရေခဲအုံပေးပြီး ယားယံခြင်းကို လျှော့ချပေးနိုင်ပါတယ်။
❕ ဒါကြောင့် မီးပိုးကောင်တွေက မကိုက်တတ်တာနဲ့ပဲ ပေါ့ဆလို့ မဖြစ်ပါဘူး။
အရေပြားကို အဆိပ်အတောက်ဖြစ်တတ်တဲ့ မီးပိုးကောင်များနဲ့ မထိတွေ့ကြဖို့…
▫️ ညဘက်မှာ ပြတင်းပေါက်နှင့်တံခါးများ ပိတ်ထားခြင်း
▫️ ပိုးကောင်များ ပေါက်ပွားလွယ်သော အမှိုက်သရိုက်နှင့် အညစ်အကြေးများ၊ ချုံပင်ပန်းပင်များကို ပုံမှန်ရှင်းလင်းပေးခြင်း
▫️ ခြင်ထောင်၊ ပိုးသတ်ဆေး ဖျန်းဆေးနှင့် လိမ်းဆေးများ အသုံးပြုပေးခြင်း
▫️ ညအိပ်တဲ့အခါ အင်္ကျီ၊ ဘောင်းဘီ အရှည်များ ဝတ်ဆင်ခြင်း
▫️ အရေပြားပေါ်မှာ ပိုးကောင်များဖိရိုက်ခြင်းကို ရှောင်ကြဉ်ခြင်း
အစရှိတဲ့ အချက်တွေကို ဂရုတစိုက်ဆောင်ရွက်ပေးသင့်ပါတယ်။
မီးပိုးကောင်ကြောင့် အဆိပ်ဖြစ်ပွားတဲ့အခါမှာလည်း လိုအပ်တဲ့ ကုသမှုမရယူပါက အခြားရောဂါပိုးများပါ ဝင်ရောက်နိုင်တဲ့အတွက် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ စစ်ဆေးကုသမှုတို့ကို ရယူပေးဖို့ အကြံပြုပေးလိုက်ပါတယ်…💜
🏠ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့် (၇၇)လမ်းကြား၊မန္တလေးမြို့။ 09969664311, 09969664312, 09756655763, 09756655963
🏠ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။ 09969664313, 09969664314, 09756655782
🏠ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့။ 09977038103, 09977038104, 09790689295
🏠ဆိုင်(၄) ၃၈လမ်း၊(၇၈)လမ်းနှင့် (၇၉)လမ်းကြား၊မန္တလေးမြို့။ 09977038109, 09977038110, 09756655986
ဇီဝက ဆေးဆိုင်မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သတ်မှတ်မြို့နယ်များအတွင်း ဘယ်လောက်ဖိုးဝယ်ဝယ် အိမ်အရောက် အခမဲ့ ၊ ကျန်မြို့နယ်များ ကားဂိတ်ထိ အခမဲ့ ပို့ဆောင်လျက် ရှိပါတယ်ရှင့် 🛵🚌