🤔 အစာမစားခင် ဆေးသောက်ရမလား ၊ စားပြီးမှပဲ ဆေးသောက်ရမလား ?

✴️ ဆေးအာနိသင် အပြည့်အ၀ ရစေဖို့နှင့် ဘေးထွက်ဆိုးကျိုး နည်းစေဖို့အတွက် ဆေးသောက်ချိန်ကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးသူများက ဆေးတစ်ခုချင်းစီအပေါ် မူတည်ပြီး အစာမစားခင် ဆေးသောက်ရမလား ၊ စားပြီးမှပဲ သောက်ရမလားဆိုတာကို အကြံပြုပေးကြလေ့ရှိပါတယ်။

☛ ဘာကြောင့် တချို့သော ဆေးတွေက အစာမစားခင် သောက်ရတာလဲ ?

💊 အစာမစားခင် ဆေးသောက်သင့်တဲ့ ပထမ အကြောင်းရင်းတစ်ချက်မှာ သွေးကြောထဲမှ ဆေးကို စုပ်ယူမှုအား ပိုကောင်းအောင် ကူညီပေးသောကြောင့် ဖြစ်ပါတယ်။ အစာမစားခင် ဆေးသောက်လိုက်ခြင်းဖြင့် တချို့ဆေးများသည် သွေးကြောထဲသို့ မြန်မြန်ရောက်ရှိပြီး အာနိသင်ကို ပိုထိရောက်စေပါတယ်။ ဥပမာအားဖြင့် လည်ပင်း သိုင်းရွိုက်ဟော်မုန်း နည်းလျှင် သောက်ရတဲ့ Levothyroxine နှင့် ဆီးချိုကျဆေးများ ဖြစ်ပါတယ်။

⚠️ တချို့ဆေးတွေကတော့ အစာနှင့် တွဲသောက်လျှင် ဓာတ်ပြုပြီး အာနိသင် လျော့ကျသွားတာမျိုး၊ ဘေးထွက်ဆိုးကျိုး များလာတာမျိုး ရှိပါတယ်။ ဥပမာအားဖြင့် ပိုးသတ်ဆေးနှင့် နွားနို့ဖြစ်ပါတယ်။

☛ တချို့ဆေးတွေကရော ဘာကြောင့် အစာစားပြီးမှ သောက်ရတာလဲ ?

🔰 တချို့ဆေးတွေဟာ အစာအိမ်ကို ထိခိုက်ပြီး ပျို့အန်ခြင်း၊ ဗိုက်နာခြင်းတွေကို ဖြစ်စေလို့ ထိုဘေးထွက်ဆိုးကျိုးများ လျော့ပါးအောင် အစာစားပြီးမှ သောက်ရတာ ဖြစ်ပါတယ်။ ဥပမာ Aspirin, Allopurinol တို့ ဖြစ်ပါတယ်။

💊 အစာမစားခင်သောက်ရင် စုပ်ယူမှုအားပိုကောင်းတဲ့ ဆေးတွေ ရှိသလို အစာစားပြီးသောက်မှ စုပ်ယူမှု ပိုကောင်းတဲ့ ဆေးတွေလည်း ရှိပါတယ်။ အဓိကအားဖြင့် ဆီမှာ ပျော်ဝင်တဲ့ ဆေးတွေဖြစ်ကြပြီး ဥပမာ မှိုပိုးသတ်ဆေးနဲ့ သံချဆေးတို့ ဖြစ်ပါတယ်။

❗️ ဆက်လက်ပြီး အစာမစားခင် ရှောင်သင့်တဲ့ အစားအစာတွေကတော့…

🚫 နို့နှင့် နို့ထွက်ပစ္စည်းများ – Tetracycline, Ciprofloxacin လို ပိုးသတ်ဆေးတွေက နို့ထွက်ပစ္စည်းတွေမှာပါတဲ့ ကယ်လ်စီယမ်နဲ့ ပေါင်းသွားပြီး ဆေးအာနိသင်ကို လျော့ကျစေတာကြောင့် ထိုပိုးသတ်ဆေးတွေကို နို့ထွက်ပစ္စည်းများ၊ ကယ်လ်စီယမ် ဖြည့်စွက်စာများနှင့် နာရီအနည်းငယ်ခြားပြီးမှသာ သောက်ရပါမယ်။

🚫 ဂရိတ်ဖရုသီး – ဂရိတ်ဖရုသီးသည် သွေးတွင်း အဆီကျဆေးများ၊ သွေးကျဆေးများ၊ စိတ်ရောဂါ ကုသဆေးများ အပါအဝင် ဆေးတော်တော်များများနှင့် ဓာတ်ပြုပြီး ထိုဆေးများ၏ ဘေးထွက်ဆိုးကျိုးတွေကို တိုးစေတာကြောင့် ရှောင်သင့်တဲ့ အသီးဖြစ်ပါတယ်။

🚫 အမျှင်ဓာတ် ပါဝင်မှုများတဲ့ အစားအစာများ – အစေ့အဆံများ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက် အစိမ်းများသည် သိုင်းရွိုက်ဆေးများ၊ စိတ်ကျရောဂါ ဆေးများ၏ စုပ်ယူမှုကို နှောင့်ယှက်တတ်တာကြောင့် ဆေးမသောက်ခင် မစားသင့်ပါ။

🚫 အရက် – အရက်နှင့် ဆေး တွဲသောက်သည့်အခါ အိပ်ငိုက်ခြင်း၊ မူးဝေခြင်း၊ သွေးပေါင်ကျခြင်း စတာတွေ ဖြစ်နိုင်တဲ့အတွက် ဆေးသောက်ရမယ်ဆိုလျှင် အရက်မသောက်မိဖို့လိုပါမယ်။

⏰ ဒီတော့ မိမိသောက်သုံးရတဲ့ ဆေးဝါးများ အာနိသင် အကောင်းဆုံး ရရှိပြီး ဘေးထွက်ဆိုးကျိုးနည်းစေဖို့အတွက် ဘယ်အချိန်မှာ သောက်သင့်သလဲဆိုတာ သိလိုပါက ဆေးဝါးပညာရှင်များရှိတဲ့ ဇီဝကဆေးဆိုင်ကို ဆက်သွယ်နိုင်ပါတယ်ရှင့်..

Leave a Comment