⌛ (၆) လ တစ်ခါ သန်ချပါ။
🦠 မိမိဗိုက်ထဲတွင် သန်ကောင်ရှိပါက ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ လေပွခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အကြောင်းရင်းမရှိ ဝိတ်ကျခြင်း၊ စအိုယားခြင်း၊ ကောင်းကောင်းအိပ်မပျော်ခြင်း၊ အစားအသောက်ပျက်ခြင်းတို့ ဖြစ်လေ့ရှိပါတယ်။ အခြေအနေ ပိုဆိုးလာလျှင် သွေးအားနည်းခြင်း၊ အူပိတ်ခြင်း၊ အာဟာရချို့တဲ့ခြင်းအထိ ဖြစ်နိုင်ပါတယ်။ အပူပိုင်းဒေသများတွင် ပိုမိုဖြစ်လေ့ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရေမသန့်ခြင်း၊ သန့်ရှင်းမှု အားနည်းခြင်းများကြောင့် သန်ကောင်ပိုကျတတ်ပါတယ်။
ဈေးကွက်ထဲမှာဆိုရင် Albendazole နှင့် Mebendazole ဟူ၍ သန်ချဆေး အမျိုးအစား (၂) မျိုး ရှိတဲ့အနက် Albendazole အကြောင်းကို တင်ပြပါရစေ။
♣️ Albendazole သည် သန်လုံးကောင်၊ သန်ပြားကောင်၊ ကြာပွတ်သန်ကောင်၊ ပင်အပ်သန်ကောင် ချိတ်သန်ကောင်ကဲ့သို့ သန်ကောင် အမျိုးမျိုးကို နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲက glucose အချိုဓာတ်တွေကို သန်ကောင်တွေ မစုပ်ယူနိုင်အောင် ဟန့်တားလိုက်တဲ့အတွက် စွမ်းအင်မရတော့ဘဲ သေသွားစေတာပဲ ဖြစ်ပါတယ်။
♣️ Albendazole ကို လူကြီးများအတွက် အခဲနဲ့ ကလေးများအတွက် အရည်ပုံစံ ရရှိနိုင်ပါတယ်။ အသက် (၁) နှစ်မှ (၂) နှစ်ဆိုလျှင် 200 mg ကို ည (၁) ကြိမ် (၁) ရက်၊ အသက် (၂) နှစ်နှင့်အထက်ဆိုလျှင် 400 mg ကို ည (၁) ကြိမ် (၁) ရက် သောက်ရပါမယ်။ ညစာစားပြီးချိန် ဝါးစားရပါမယ်။ အဆီပါတဲ့ အစားအစာ စားပြီးသောက်လျှင် အာနိသင် ပိုကောင်းပါတယ်။ (၆) လတစ်ခါ သန်ချရပါမယ်။ သန်ပြားကောင်တွေကိုပါ သတ်ချင်တယ်ဆိုရင် (၁) ည တစ်လုံးနဲ့ (၃) ည ဆက်တိုက် သောက်ရပါမယ်။ အသက် (၁) နှစ်အောက်ဆိုလျှင်တော့ ဆရာဝန် ညွှန်ကြားမှသာ သောက်သုံးရပါမယ်။
🚫 ကိုယ်ဝန်ဆောင်သည်များ မသောက်သုံးသင့်ပါ။ အိမ်ထောင်သည် အမျိုးသမီးများ သောက်မယ်ဆိုရင်တော့ ဓမ္မတာလာတဲ့ အပါတ် (သို့မဟုတ်) ကိုယ်ဝန်မရှိတာသေချာအောင် စစ်ပြီးမှသာ သောက်ရပါမယ်။ တစ်ဦးနဲ့ တစ်ဦး အလွယ်တကူ ကူးနိုင်တဲ့အတွက် သန်ကောင်ရှိသည့် လက္ခဏာပြသူအပြင် နီးနီးကပ်ကပ်နေသူ မိသားစုဝင်များလည်း တစ်ခါတည်း သန်ချသင့်ပါတယ်။
❗ဘေးထွက်ဆိုးကျိုးအနေနဲ့ အချို့တွင် ခေါင်းကိုက်ခြင်း၊ အန်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဂရိတ်ဖရုဖျော်ရည်သည် Albendazole ရဲ့ ဘေးထွက်ဆိုးကျိုးများကို တိုးစေ၍ တွဲမသောက်သင့်ပါ၊
သန်ကောင်ပြန်မကျစေဖို့ လိုက်နာရမည့် အချက်များကတော့
• မိသားစုဝင်တိုင်း မျက်နှာသုတ်ပုဝါကို တစ်ယောက်တစ်ထည်စီ သုံးပါ။
• အိပ်ရာခင်းများကိုလည်း သန့်သန့်ရှင်းရှင်းထားပါ။
• အသား၊ ငါးများကို ကျက်အောင်ချက်ပြုတ်ပြီးမှ စားပါ။
• ရေသန့် (သို့) ရေကို ကြိုချက်ပြီးမှသာ သောက်ပါ။
• အသီးအနှံ၊ ဟင်းသီးဟင်းရွက်များကို သေချာဆေးကြောပြီးမှ စားပါ။
• အစာမစားခင်နှင့် အိမ်သာတက်ပြီးချိန်တိုင်း လက်ကို သေချာဆေးပါ။
• သန့်စင်ခန်းကိုလည်း ပုံမှန် ပိုးသတ်ပေးပါ။
• လက်သည်းအရှည် မထားသင့်ပါ။
• လက်သည်းမကိုက်ရပါ။
• အိမ်မွေးတိရစ္ဆာန်များကိုလည်း သန်ချပေးပါ။
• ခွေး၊ ကြောင်များမှ စွန့်လိုက်တဲ့ အညစ်အကြေးတွေကို တွေ့လျှင် မြန်မြန်သန့်ရှင်းပစ်ပါ။ ထိုကဲ့သို့ အညစ်အကြေးများ ရှိနိုင်သည့်နေရာများတွင် ကလေးများကို မဆော့ခိုင်းရပါ။ ခြေဗလာနှင့် မထားရပါ။
✔️ မိမိအနေနဲ့ ပုံမှန်သောက်နေကျ ဆေးတွေရှိတယ်ဆိုရင်တော့ Albendazole မသောက်ခင် ဆေးဝါးပညာရှင် (သို့မဟုတ်) ဆရာဝန်နှင့် အရင်တိုင်ပင်ပြီးမှ သောက်ပါ။ ဆေးသောက်ပြီး (၂) ပါတ် ကြာသည်အထိ လက္ခဏာများ မသက်သာလျှင်၊ ဝမ်းထဲမှာ သန်ကောင်များ ပါနေတုန်းပဲဆိုလျှင် ဆရာဝန်နှင့် ပြသသင့်ပါတယ်။
သန်ချဆေးအတွက် မှာယူလိုတယ်ဆိုရင်လည်း ဇီဝက ဆေးဆိုင်ကို ဖုန်းလေးနဲ့ပဲ ဆက်ဆက်၊ Chat Box ကနေပဲ မှာမှာ လွယ်လင့်တကူ မှာယူနိုင်ပါတယ်။ ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော် မြို့နယ်တိုင်းအတွက် ဘယ်လောက်ဖိုးပဲမှာမှာ သယ်ယူပို့ဆောင်ခ အခမဲ့ဖြင့် ဝန်ဆောင်မှုပေးနေပါတယ်။ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေနော်…💟